ရခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့်စည်ပင်ဝန် ကြီးဟောင်းဦးမင်းအောင်တို့၏ ရွေးကောက်ပွဲမဲမသမာမှုအတွက် မတ် ၃ ရက်ရုံးချိန်း၌ လျှောက်လဲ ချက်ပေးရမည်

0
193

(Unicode)

ရခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့်စည်ပင်ဝန် ကြီးဟောင်းဦးမင်းအောင်တို့၏ ရွေးကောက်ပွဲမဲမသမာမှုအတွက် မတ် ၃ ရက်ရုံးချိန်း၌ လျှောက်လဲ ချက်ပေးရမည်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့်ပြည် နယ်စည်ပင်ဝန်ကြီးဟောင်းဦးမင်းအောင်တို့အား တရားစွဲဆိုထားသည့် ရွေးကောက်ပွဲမဲမသမာမှုအ တွက် ယနေ့ရုံးချိန်းတွင် တရားလိုပြသက်သေများအား စစ်ဆေးပြီးစီးခဲ့သည်ဟု ရှေ့နေအသိုင်း အဝိုင်းမှ သိရသည်။

ယင်းအမှုအတွက် ဦးညီပုနှင့်ဦးမင်းအောင်တို့အား စစ်တွေမြို့၊အကျဥ်းထောင်တွင်းရှိ အထူးတရား ရုံး၌ ယနေ့တွင်ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မတ် ၃ ရက်ရုံးချိန်း၌ စွဲချက်တင်သင့်၊မတင်သင့်အား လျှောက်လဲချက်ပေးရမည်ဖြစ်သည်ဟု သိရသည်။

“အခြေအနေကတော့ ဘာမှကြိုပြီးပြောလို့မရဘူး ဒီနေ့မှာ လိုပြသက်သေတွေကိုစစ်ပြီးတဲ့အတွက် လျှောက်လဲချက်ကိစ္စဆက်လုပ်ဖို့ပဲရှိတယ်”ဟုရှေ့ နေတစ်ဦးကပြောသည်။

ဦးညီပုနှင့်ဦးမင်းအောင်တို့အား ဒီဇင်ဘာ ၈ ရက်တွင် ရခိုင်ပြည်နယ်၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ဒု-ညွှန်ကြားရေးမှူးတစ်ဦးမှ တရားလိုပြု လုပ်၍ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀(က)ဖြင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဦးမင်းအောင်မှာ ဦးညီပု၏ရွေးကောက်ပွဲ မဲမသမာမှုပြုလုပ်ရာတွင် အားပေးကူညီသည်ဟုဆိုကာ ရာဇသတ်ကြီးဥပ ဒေပုဒ်မ-၁၀၉ ဖြင့်လည်းထပ်တိုးတရားစွဲဆိုခံထားရသည်။

(Zawgyi)

ရခိုင္ဝန္ႀကီးခ်ဳပ္ေဟာင္းဦးညီပုႏွင့္စည္ပင္ဝန္ ႀကီးေဟာင္းဦးမင္းေအာင္တို႔၏ ေ႐ြးေကာက္ပြဲမဲမသမာမႈအတြက္ မတ္ ၃ ရက္႐ုံးခ်ိန္း၌ ေလွ်ာက္လဲ ခ်က္ေပးရမည္

ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္းဦးညီပုႏွင့္ျပည္ နယ္စည္ပင္ဝန္ႀကီးေဟာင္းဦးမင္းေအာင္တို႔အား တရားစြဲဆိုထားသည့္ ေ႐ြးေကာက္ပြဲမဲမသမာမႈအ တြက္ ယေန႔႐ုံးခ်ိန္းတြင္ တရားလိုျပသက္ေသမ်ားအား စစ္ေဆးၿပီးစီးခဲ့သည္ဟု ေရွ႕ေနအသိုင္း အဝိုင္းမွ သိရသည္။

ယင္းအမႈအတြက္ ဦးညီပုႏွင့္ဦးမင္းေအာင္တို႔အား စစ္ေတြၿမိဳ႕၊အက်ဥ္းေထာင္တြင္းရွိ အထူးတရား ႐ုံး၌ ယေန႔တြင္႐ုံးထုတ္စစ္ေဆးခဲ့ျခင္းျဖစ္ၿပီး မတ္ ၃ ရက္႐ုံးခ်ိန္း၌ စြဲခ်က္တင္သင့္၊မတင္သင့္အား ေလွ်ာက္လဲခ်က္ေပးရမည္ျဖစ္သည္ဟု သိရသည္။

“အေျခအေနကေတာ့ ဘာမွႀကိဳၿပီးေျပာလို႔မရဘူး ဒီေန႔မွာ လိုျပသက္ေသေတြကိုစစ္ၿပီးတဲ့အတြက္ ေလွ်ာက္လဲခ်က္ကိစၥဆက္လုပ္ဖို႔ပဲရွိတယ္”ဟုေရွ႕ ေနတစ္ဦးကေျပာသည္။

ဦးညီပုႏွင့္ဦးမင္းေအာင္တို႔အား ဒီဇင္ဘာ ၈ ရက္တြင္ ရခိုင္ျပည္နယ္၊ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ၏ ဒု-ၫႊန္ၾကားေရးမႉးတစ္ဦးမွ တရားလိုျပဳ လုပ္၍ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၁၃၀(က)ျဖင့္တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ ဦးမင္းေအာင္မွာ ဦးညီပု၏ေ႐ြးေကာက္ပြဲ မဲမသမာမႈျပဳလုပ္ရာတြင္ အားေပးကူညီသည္ဟုဆိုကာ ရာဇသတ္ႀကီးဥပ ေဒပုဒ္မ-၁၀၉ ျဖင့္လည္းထပ္တိုးတရားစြဲဆိုခံထားရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here