မြန်မာ့အခေါက်ရွှေဈေး ငွေကျပ်(၁၉)သိန်းကျော်အထိ ဈေးတက်လာ

0
350

(Unicode)

မြန်မာ့အခေါက်ရွှေဈေး ငွေကျပ်(၁၉)သိန်းကျော်အထိ ဈေးတက်လာ

အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်၁၈သိန်း ပါတ်ချာလည်သာ ရှိခဲ့ရာမှ ယနေ့ ဖေဖော်ဝါရီ၂၃ရက် နေ့လယ်ပိုင်းကစပြီး အကယ်ဒမီ မီးလင်းရွှေအပိတ်ဈေးဟာ တစ်ဆယ့် ကိုးသိန်း တစ်ထောင့်ငါးရာ အထိ ဈေးတက်သွားတယ်လို ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ကမ္ဘာ့ရွှေဈေး ကတော့ အမေရိကန်ဒေါ်လာ ၁၈၉၅အထိ ဈေးရှိနေတာတွေ့ရပါတယ်။

မြန်မာ့အခေါက်ရွှေဈေးဟာ ဒီကနေ့ မနက်ပိုင်းက တစ်ဆယ့် ရှစ်သိန်းကိုးသောင်း ရှစ်ထောင် ကျပ်ပဲ ရှိခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းကတော့ အရောင်းအဝယ်က ပုံမှန်အနေအထားရှိနေတယ်လို့ ပြောဆိုထားတာရှိပါတယ်။

ဈေးနှုန်းအတက်အကျကတော့ ကမ္ဘာ့ရွှေဈေးအတက်အကျပေါ် မူတည်နေတယ်လို ပြောဆိုထားတဲ့အပြင် ရောင်းလိုအားပိုင်းများနေတယ်လို့လည်း ပြောဆိုပါတယ်။

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here