ရန်ကုန်YBS (၄၂)ယာဉ်ပေါ် ဓားပြတိုက်မှုဖြစ်

0
224

(Unicode)

ရန်ကုန်YBS (၄၂)ယာဉ်ပေါ် ဓားပြတိုက်မှုဖြစ်

ရန်ကုန် YBS (၄၂) ယာဉ်တစ်စီး မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာလမ်းဆုံအနီး၊ သုဓမ္မာလမ်းမကြီးပေါ် ရှိ မှတ်တိုင်တစ်ခုတွင် ယမန်နေ့ နေ့လယ်ပိုင်းက ခေတ္တရပ်တန့်စဉ် ယာဉ်ပေါ်ပါလာသူများ ဓါးမြတိုက်ခံခဲ့ရသည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ၏တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က”မနေ့ကနေ့လည်ကဖြစ်ခဲ့တာပါ။ခရီးသည်တွေရဲ့ ဖုန်းတွေပါသွားတယ်။၅လုံးလို့သိရပါတယ်”ဟုပြောသည်။

သတင်းများအရ ဓါးမြများသည် ခရီးသည်ဟန်ဆောင်ကာ အခြားမှတ်တိုင်မှ တက်လာပြီးမှ ဓါးမြတိုက်ခဲ့ကြကာ အမျိုးသား၅ဦး၊အမျိုးသမီး၂ဦး ဖြစ်သည်ဟုသိရသည်။

ဓါးမြများက ယာဉ်မောင်းကိုဓါးဖြင့်ထောက်ကာ ဓါးမြတိုက်ခဲ့ကြခြင်းဖြစ်ပြီး ယာဉ်မောင်း၏ ဖုန်းပါ လုယူသွားသည်ဟုသိရသည်။

ခရီးသည်များ၏ ရွှေနှင့်ပိုက်ဆံများပါသွားသည့်ပမာဏကို ဆက်လက်မေးမြန်းနေဆဲဖြစ်ပါသည်။

(Zawgyi)

ရန္ကုန္YBS (၄၂)ယာဥ္ေပၚ ဓားျပတိုက္မႈျဖစ္

ရန္ကုန္ YBS (၄၂) ယာဥ္တစ္စီး ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ကန္သာယာလမ္းဆုံအနီး၊ သုဓမၼာလမ္းမႀကီးေပၚ ရွိ မွတ္တိုင္တစ္ခုတြင္ ယမန္ေန႔ ေန႔လယ္ပိုင္းက ေခတၱရပ္တန္႔စဥ္ ယာဥ္ေပၚပါလာသူမ်ား ဓါးျမတိုက္ခံခဲ့ရသည္ဟု သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ ပုဂၢလိကသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႈေကာ္မတီ (YRTC) ၏တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မန္က”မေန႔ကေန႔လည္ကျဖစ္ခဲ့တာပါ။ခရီးသည္ေတြရဲ႕ ဖုန္းေတြပါသြားတယ္။၅လုံးလို႔သိရပါတယ္”ဟုေျပာသည္။

သတင္းမ်ားအရ ဓါးျမမ်ားသည္ ခရီးသည္ဟန္ေဆာင္ကာ အျခားမွတ္တိုင္မွ တက္လာၿပီးမွ ဓါးျမတိုက္ခဲ့ၾကကာ အမ်ိဳးသား၅ဦး၊အမ်ိဳးသမီး၂ဦး ျဖစ္သည္ဟုသိရသည္။

ဓါးျမမ်ားက ယာဥ္ေမာင္းကိုဓါးျဖင့္ေထာက္ကာ ဓါးျမတိုက္ခဲ့ၾကျခင္းျဖစ္ၿပီး ယာဥ္ေမာင္း၏ ဖုန္းပါ လုယူသြားသည္ဟုသိရသည္။

ခရီးသည္မ်ား၏ ေ႐ႊႏွင့္ပိုက္ဆံမ်ားပါသြားသည့္ပမာဏကို ဆက္လက္ေမးျမန္းေနဆဲျဖစ္ပါသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here