အောင်လအန်ဆန်နှင့် ဗစ်ဒက်ရှ်တို့ စိန်ခေါ်ပွဲ မနက်ဖြန် စတင်ထိုးသတ်မည်

0
164

(Unicode)

အောင်လအန်ဆန်နှင့် ဗစ်ဒက်ရှ်တို့ စိန်ခေါ်ပွဲ မနက်ဖြန် စတင်ထိုးသတ်မည်

MMA မြန်မာဖိုက်တာ အောင်လအန်ဆန်နှင့် ရုရှားနိုင်ငံသား ဗစ်တာလီဗစ်ဒက်ရှ်တို့ နှစ်ဦး၏ စိန်ခေါ်ပွဲကို မနက်ဖြန်(ဖေဖော်ဝါရီ ၂၅ )ရက်တွင် စင်ကာပူနိုင်ငံ၌ စတင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲကို One Championship က စီစဉ်ပြုလုပ်ခြင်းဖြစ်ပြီး၊ ယှဉ်ပြိုင်ထိုးသတ်မည့် အာကစားမားနှစ်ဦး၏ တတိယအကြိမ်မြောက် စိန်ခေါ်ထိုးသတ်ပွဲတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ယှဉ်ပြိုင်ထိုးသတ်မည့် တွဲဆိုင်း ၁၂ ပွဲ ပါဝင်မည်ဖြစ်ကာ ယင်းအနက် ကမ္ဘာ့ချန်ပီယံလုပွဲ နှစ်ပွဲနှင့် စိန်ခေါ်ပွဲ ၁၀ ပွဲထည့်သွင်းထားပြီး၊ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လုပွဲအတွက် လက်ရှိချန်ပီယံ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် စိန်ခေါ်သူ ကာဂျစ္စတန် နိုင်ငံသားအဘာဆော့ဗ်တို့ ယှဉ်ထိုးသတ် မည်ဖြစ်သည်။

လိုက်ဟဲဗီးဝိတ်တန်း ကစ်ဘောက်ဆာ ကမ္ဘာ့ချန်ပီယံလုပွဲအတွက် လက်ရှိချန်ပီယံ ယူကရိန်းနိုင်ငံသား ရိုမန်နှင့် စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား မူရတ်တို့က ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်းသိရသည်။

အခြားစိန်ခေါ်ပွဲများအဖြစ် အောင်လအန်ဆန်နှင့် ဗစ်ဒက်ရှ် တို့ တွဲဆိုင်းအပါအဝင် ရာဟူ(အိန္ဒိယ)နှင့်ဇမ်ဘိုရီဂါ(ဖိလစ်ပိုင်)၊ ယီဘို (တရုတ်)နှင့် ပါအူးတေးစ်(စပိန်)၊ ဆီမို့စ် (ဘရာဇီး)နှင့် ဒန်နီရာယ်လ်(ရုရှား)၊ မာတင်(သြသတြေးလျ)နှင့် ဆန်ဒေးလ်(ဆွီဒင်)၊ ခရစ္စရှော(စကော့တလန်)နှင့် ဗယ်လယ်ဒီမာ(ရုရှား)၊ ဒါဆေးလ်ဗား (ဘရာဇီး)နှင့် ဇီဘာစတန်(ဆွီဒင်)၊ ဖေဘီစီယို(ဘရာဇီး)နှင့် ဂျေမီရီ(ဖိလစ်ပိုင်)၊ ဂူတို(ဘရာဇီး)နှင့် ဘရူနို (ပေါ်တူဂီ) အန်ရီကို(ဂျာမနီ)နှင့် အိုဇီချန်(တူရဂီ)တို့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်လအန်ဆန်နှင့် ဗစ်ဒက်ရှ်တို့ နှစ်ဦးသည် ၂၀၁၇ ခုနှစ်ဇန်နဝါရီလက ပထမအကြိမ်ထိုးသတ်ခဲ့ရာတွင် ဘစ်ဒက်ရှ်က အမှတ်ဖြင့် အနိုင်ရကာချန်ပီယံဆု ကာကွယ်နိုင်ခဲ့သော်လည်း ယင်းနှစ် ဇွန်လတွင် ဒုတိယအကြိမ် ထပ်မံထိုးသတ်ခဲ့ရာ အောင်လအန်ဆန်က အမှတ်ဖြင့် ပြန်လည်အနိုင်ရရှိပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကို ရယူနိုင်ခဲ့ကြောင်း သိရသည်။

ယခု ထိုးသတ်မည့် ပွဲသည် ငါးနှစ်အကြာမှ ၄င်းတို့နှစ်ဦး ပြန်လည် ယှဉ်ပြိုင်ထိုးသတ်မည့် ပွဲတစ်ပွဲလည်း ဖြစ်သည်။

(Zawgyi)

ေအာင္လအန္ဆန္ႏွင့္ ဗစ္ဒက္ရွ္တို႔ စိန္ေခၚပြဲ မနက္ျဖန္ စတင္ထိုးသတ္မည္

MMA ျမန္မာဖိုက္တာ ေအာင္လအန္ဆန္ႏွင့္ ႐ုရွားႏိုင္ငံသား ဗစ္တာလီဗစ္ဒက္ရွ္တို႔ ႏွစ္ဦး၏ စိန္ေခၚပြဲကို မနက္ျဖန္(ေဖေဖာ္ဝါရီ ၂၅ )ရက္တြင္ စင္ကာပူႏိုင္ငံ၌ စတင္ထိုးသတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပြဲကို One Championship က စီစဥ္ျပဳလုပ္ျခင္းျဖစ္ၿပီး၊ ယွဥ္ၿပိဳင္ထိုးသတ္မည့္ အာကစားမားႏွစ္ဦး၏ တတိယအႀကိမ္ေျမာက္ စိန္ေခၚထိုးသတ္ပြဲတစ္ခုလည္း ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲတြင္ ယွဥ္ၿပိဳင္ထိုးသတ္မည့္ တြဲဆိုင္း ၁၂ ပြဲ ပါဝင္မည္ျဖစ္ကာ ယင္းအနက္ ကမာၻ႔ခ်န္ပီယံလုပြဲ ႏွစ္ပြဲႏွင့္ စိန္ေခၚပြဲ ၁၀ ပြဲထည့္သြင္းထားၿပီး၊ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံ လုပြဲအတြက္ လက္ရွိခ်န္ပီယံ နယ္သာလန္ႏိုင္ငံသား ဒီရစ္ဒါႏွင့္ စိန္ေခၚသူ ကာဂ်စၥတန္ ႏိုင္ငံသားအဘာေဆာ့ဗ္တို႔ ယွဥ္ထိုးသတ္ မည္ျဖစ္သည္။

လိုက္ဟဲဗီးဝိတ္တန္း ကစ္ေဘာက္ဆာ ကမာၻ႔ခ်န္ပီယံလုပြဲအတြက္ လက္ရွိခ်န္ပီယံ ယူကရိန္းႏိုင္ငံသား ႐ိုမန္ႏွင့္ စိန္ေခၚသူ နယ္သာလန္ႏိုင္ငံသား မူရတ္တို႔က ယွဥ္ၿပိဳင္ထိုးသတ္သြားမည္ျဖစ္ေၾကာင္းသိရသည္။

အျခားစိန္ေခၚပြဲမ်ားအျဖစ္ ေအာင္လအန္ဆန္ႏွင့္ ဗစ္ဒက္ရွ္ တို႔ တြဲဆိုင္းအပါအဝင္ ရာဟူ(အိႏၵိယ)ႏွင့္ဇမ္ဘိုရီဂါ(ဖိလစ္ပိုင္)၊ ယီဘို (တ႐ုတ္)ႏွင့္ ပါအူးေတးစ္(စပိန္)၊ ဆီမို႔စ္ (ဘရာဇီး)ႏွင့္ ဒန္နီရာယ္လ္(႐ုရွား)၊ မာတင္(ၾသသေၾတးလ်)ႏွင့္ ဆန္ေဒးလ္(ဆြီဒင္)၊ ခရစၥေရွာ(စေကာ့တလန္)ႏွင့္ ဗယ္လယ္ဒီမာ(႐ုရွား)၊ ဒါေဆးလ္ဗား (ဘရာဇီး)ႏွင့္ ဇီဘာစတန္(ဆြီဒင္)၊ ေဖဘီစီယို(ဘရာဇီး)ႏွင့္ ေဂ်မီရီ(ဖိလစ္ပိုင္)၊ ဂူတို(ဘရာဇီး)ႏွင့္ ဘ႐ူႏို (ေပၚတူဂီ) အန္ရီကို(ဂ်ာမနီ)ႏွင့္ အိုဇီခ်န္(တူရဂီ)တို႔ ယွဥ္ၿပိဳင္ထိုးသတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေအာင္လအန္ဆန္ႏွင့္ ဗစ္ဒက္ရွ္တို႔ ႏွစ္ဦးသည္ ၂၀၁၇ ခုႏွစ္ဇန္နဝါရီလက ပထမအႀကိမ္ထိုးသတ္ခဲ့ရာတြင္ ဘစ္ဒက္ရွ္က အမွတ္ျဖင့္ အႏိုင္ရကာခ်န္ပီယံဆု ကာကြယ္ႏိုင္ခဲ့ေသာ္လည္း ယင္းႏွစ္ ဇြန္လတြင္ ဒုတိယအႀကိမ္ ထပ္မံထိုးသတ္ခဲ့ရာ ေအာင္လအန္ဆန္က အမွတ္ျဖင့္ ျပန္လည္အႏိုင္ရရွိၿပီး မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆု ကို ရယူႏိုင္ခဲ့ေၾကာင္း သိရသည္။

ယခု ထိုးသတ္မည့္ ပြဲသည္ ငါးႏွစ္အၾကာမွ ၄င္းတို႔ႏွစ္ဦး ျပန္လည္ ယွဥ္ၿပိဳင္ထိုးသတ္မည့္ ပြဲတစ္ပြဲလည္း ျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here