ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှ စစ်ဘေးရှောင်များအတွက်အစားသောက်ဆေးဝါးနဲ့အဝတ်ထည်များလှူဒါန်းခဲ့တဲ့ ခန့်စည်သူ

0
212

ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှ စစ်ဘေးရှောင်များအတွက်အစားသောက်ဆေးဝါးနဲ့အဝတ်ထည်များလှူဒါန်းခဲ့တဲ့ ခန့်စည်သူ

ခန့်စည်သူ က ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်းမှ ပင်လောင်း နောင်တရား ပင်းတယဒေသမှ စစ်ဘေးရှောင်များအတွက် လိုအပ်တဲ့အစားသောက်ဆေးဝါးနဲ့ အဝတ်အထည်များကိုလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

အခုလိုလှူဖြစ်ပုံနဲ့ပတ်သက်ပြီး ခန့်စည်သူက” ရှမ်းပြည်တောင်ပိုင်း ၊ပင်လောင်း၊နောင်တရား၊ပင်းတယဒေသများသို့ လာရောက် ခိုလှုံနေကြရသော စစ်ရှောင်ပြည်သူများမှာ ယခုအခါတွင် စားဝတ်နေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုအခက်အခဲများ ကြီးမားစွာ ကြုံတွေ့ နေကြရပါတယ်။ မိမိတို့နိုင်သလောက် ကျား/မ ဝတ် အဝတ်အထည်များ၊ကလေးဝတ်များ၊အနွေးထည်များ ၊ပုဆိုးနှင့်ထဘီများ စုစုပေါင်း အထည် (၁၀၀၀)ကျော်၊ ခေါက်ဆွဲခြောက်ထုတ် (၁၀၀)ဖာ၊ဆပ်ပြာမှုန့်ထုပ်များ၊Fresh D၊Royal D များ၊အမျိုးသမီးလစဉ်သုံးများ၊ဆေးဝါးများ၊ဟင်းခတ်မှုန့်များနှင့် လူသုံးကုန်ပစ္စည်းများကို လှူဒါန်းခဲ့ပါတယ်”လို့ သူလက်ရှိအသုံးပြုနေတဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ် ။

အခုလက်ရှိ မှာခန့်စည်သူအနေနဲ့ စစ်ဘေးရှောင်ပြည်သူများအတွက် တတ်နိုင်သလောက် ကူညီလှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ် ။

Zaw Gyi

ရွမ္းျပည္နယ္ေတာင္ပိုင္းေဒသမွ စစ္ေဘးေရွာင္မ်ားအတြက္အစားေသာက္ေဆးဝါးနဲ႔အဝတ္ထည္မ်ားလႉဒါန္းခဲ့တဲ့ ခန္႔စည္သူ

ခန္႔စည္သူ က ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔မွာ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ ပင္ေလာင္း ေနာင္တရား ပင္းတယေဒသမွ စစ္ေဘးေရွာင္မ်ားအတြက္ လိုအပ္တဲ့အစားေသာက္ေဆးဝါးနဲ႔ အဝတ္အထည္မ်ားကိုလႉဒါန္းေပးခဲ့တာျဖစ္ပါတယ္။

အခုလိုလႉျဖစ္ပုံနဲ႔ပတ္သက္ၿပီး ခန္႔စည္သူက
” ရွမ္းျပည္ေတာင္ပိုင္း ၊ပင္ေလာင္း၊ေနာင္တရား၊ပင္းတယေဒသမ်ားသို႔ လာေရာက္ ခိုလႈံေနၾကရေသာ စစ္ေရွာင္ျပည္သူမ်ားမွာ ယခုအခါတြင္ စားဝတ္ေနေရးႏွင့္ က်န္းမာေရး ေစာင့္ေရွာက္မႈအခက္အခဲမ်ား ႀကီးမားစြာ ႀကဳံေတြ႕ ေနၾကရပါတယ္။ မိမိတို႔ႏိုင္သေလာက္ က်ား/မ ဝတ္ အဝတ္အထည္မ်ား၊ကေလးဝတ္မ်ား၊အေႏြးထည္မ်ား ၊ပုဆိုးႏွင့္ထဘီမ်ား စုစုေပါင္း အထည္ (၁၀၀၀)ေက်ာ္၊ ေခါက္ဆြဲေျခာက္ထုတ္ (၁၀၀)ဖာ၊ဆပ္ျပာမႈန႔္ထုပ္မ်ား၊Fresh D၊Royal D မ်ား၊အမ်ိဳးသမီးလစဥ္သုံးမ်ား၊ေဆးဝါးမ်ား၊ဟင္းခတ္မႈန႔္မ်ားႏွင့္ လူသုံးကုန္ပစၥည္းမ်ားကို လႉဒါန္းခဲ့ပါတယ္”လို႔ သူလက္ရွိအသုံးျပဳေနတဲ့လူမႈကြန္ယက္စာမ်က္ႏွာမွာေရးသားေဖာ္ျပခဲ့ပါတယ္ ။

အခုလက္ရွိ မွာခန္႔စည္သူအေနနဲ႔ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ တတ္ႏိုင္သေလာက္ ကူညီလႉဒါန္းေပးေနတာပဲ ျဖစ္ပါတယ္ ။


LEAVE A REPLY

Please enter your comment!
Please enter your name here