သောင်ရင်းမြစ်ဘေးရောက်စစ်ဘေးရှောင်အချို့တွင် ကိုဗစ်(၁၉)ရောဂါပိုးကူးစက်ခံထားရသူများရှိ

0
117

သောင်ရင်းမြစ်ဘေးရောက်စစ်ဘေးရှောင်အချို့တွင် ကိုဗစ်(၁၉)ရောဂါပိုးကူးစက်ခံထားရသူများရှိ

ကရင်ပြည်နယ်ရှိ ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်ဘေး၌ စစ်ဘေးရှောင်များအဖြစ်ရောက်ရှိနေသူအချို့တွင် ကိုဗစ်(၁၉)ရောဂါပိုးအတည်ပြုလူနာများစစ်ဆေးတွေ့ရှိခဲ့ရသည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှသိရသည်။

သောင်ရင်းမြစ်ကမ်းဘေးနှင့်မြစ်ကမ်းဘေးရှိ တောအတွင်း၌ ယီတဲများထိုး၍နေထိုင်နေရသည့် စစ်ဘေးရှောင်များတွင် ဖျားနာမှုများဖြစ်ပေါ်နေသဖြင့် ကျန်းမာရေးဝန်ထမ်းများမှ လိုအပ်သည့်ကုသမှုများပြုလုပ်ကာ ကိုဗစ်(၁၉)ရောဂါပိုးရှိ၊မရှိစစ်ဆေးရာမှ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

“လတ်တလော ပိုးတွေ့လူနာက ၁၅ ယောက်ကျော်လောက်ရှိတယ် ထပ်ပြီးစစ်ဖို့လည်းကျန်သေးတယ် ပိုးတွေ့သူတွေကို မြစ်ကမ်းဘေးမှာပဲသီးသန့်တဲနဲ့ထားတယ် လိုအပ်တဲ့ကုသမှုကတော့ ကျန်း မာရေးဝန်ထမ်းတွေကလုပ်ပေးနေတယ်”ဟုစစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

ကိုဗစ်(၁၉)ရောဂါပိုးစစ်ဆေးတွေ့ရှိသူများတွင် ကလေးငယ်များလည်းပါဝင်နေသည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှသိရသည်။

“မိုးရွာလိုက်တော့ မိုးမိပြီးဖျားကြတာလည်းပါတယ် ဖျားတဲ့လူတွေထဲကတစ်ယောက်ကိုစစ်ကြည့်လိုက်တော့ ပိုးတွေ့တာနဲ့ကျန်တဲ့လူတွေထဲကတစ်ချို့ကိုလည်း ထပ်စစ်လိုက်တော့တွေ့တာ လက်တလောကတော့ ၁၈ ယောက်တွေ့ထားတယ်”ဟုစစ်ဘေးရှောင်ကူညီသူတစ်ဦးကပြော သည်။

သောင်ရင်းမြစ်ကမ်းဘေးရှိ စစ်ဘေးရှောင်များအား ကိုဗစ်(၁၉)ရောဂါပိုးရှိ၊မရှိ စစ်ဆေးခြင်းများအား ကျန်းမာရေးဝန်ထမ်းများမှဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကာ အချို့နေရာများ၌ ရောက်ရှိနေသည့် စစ်ဘေးရှောင်များကိုလည်း စစ်ဆေးမှုများဆက်လက်ပြုလုပ်ပေးသွားမည်ဟု သိရသည်။

“မိုးရွာတဲ့အချိန်မှာ အခက်အခဲတွေထပ်ထပ်ဖြစ် လာတယ် အမိုးအကာတွေအခင်းတွေလိုလာတယ် ဒီကြားထဲကိုဗစ်ဖြစ်တဲ့လူတွေပါထပ်တွေ့တော့ အ ခက်အခဲတွေကပိုများလာတာပေါ့”ဟုစစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

Zaw gyi

ေသာင္ရင္းျမစ္ေဘးေရာက္စစ္ေဘးေရွာင္အခ်ိဳ႕တြင္ ကိုဗစ္(၁၉)ေရာဂါပိုးကူးစက္ခံထားရသူမ်ားရွိ

ကရင္ျပည္နယ္ရွိ ထိုင္း-ျမန္မာနယ္စပ္ ေသာင္းရင္းျမစ္ေဘး၌ စစ္ေဘးေရွာင္မ်ားအျဖစ္ေရာက္ရွိေနသူအခ်ိဳ႕တြင္ ကိုဗစ္(၁၉)ေရာဂါပိုးအတည္ျပဳလူနာမ်ားစစ္ေဆးေတြ႕ရွိခဲ့ရသည္ဟု စစ္ေဘးေရွာင္ကူညီသူမ်ားထံမွသိရသည္။

ေသာင္ရင္းျမစ္ကမ္းေဘးႏွင့္ျမစ္ကမ္းေဘးရွိ ေတာအတြင္း၌ ယီတဲမ်ားထိုး၍ေနထိုင္ေနရသည့္ စစ္ေဘးေရွာင္မ်ားတြင္ ဖ်ားနာမႈမ်ားျဖစ္ေပၚေနသျဖင့္ က်န္းမာေရးဝန္ထမ္းမ်ားမွ လိုအပ္သည့္ကုသမႈမ်ားျပဳလုပ္ကာ ကိုဗစ္(၁၉)ေရာဂါပိုးရွိ၊မရွိစစ္ေဆးရာမွ ေတြ႕ရွိခဲ့ရျခင္းျဖစ္သည္။

“လတ္တေလာ ပိုးေတြ႕လူနာက ၁၅ ေယာက္ေက်ာ္ေလာက္ရွိတယ္ ထပ္ၿပီးစစ္ဖို႔လည္းက်န္ေသးတယ္ ပိုးေတြ႕သူေတြကို ျမစ္ကမ္းေဘးမွာပဲသီးသန္႔တဲနဲ႔ထားတယ္ လိုအပ္တဲ့ကုသမႈကေတာ့ က်န္း မာေရးဝန္ထမ္းေတြကလုပ္ေပးေနတယ္”ဟုစစ္ေဘးေရွာင္ကူညီသူတစ္ဦးကေျပာသည္။

ကိုဗစ္(၁၉)ေရာဂါပိုးစစ္ေဆးေတြ႕ရွိသူမ်ားတြင္ ကေလးငယ္မ်ားလည္းပါဝင္ေနသည္ဟု စစ္ေဘးေရွာင္ကူညီသူမ်ားထံမွသိရသည္။

“မိုး႐ြာလိုက္ေတာ့ မိုးမိၿပီးဖ်ားၾကတာလည္းပါတယ္ ဖ်ားတဲ့လူေတြထဲကတစ္ေယာက္ကိုစစ္ၾကည့္လိုက္ေတာ့ ပိုးေတြ႕တာနဲ႔က်န္တဲ့လူေတြထဲကတစ္ခ်ိဳ႕ကိုလည္း ထပ္စစ္လိုက္ေတာ့ေတြ႕တာ လက္တေလာကေတာ့ ၁၈ ေယာက္ေတြ႕ထားတယ္”ဟုစစ္ေဘးေရွာင္ကူညီသူတစ္ဦးကေျပာ သည္။

ေသာင္ရင္းျမစ္ကမ္းေဘးရွိ စစ္ေဘးေရွာင္မ်ားအား ကိုဗစ္(၁၉)ေရာဂါပိုးရွိ၊မရွိ စစ္ေဆးျခင္းမ်ားအား က်န္းမာေရးဝန္ထမ္းမ်ားမွဆက္လက္လုပ္ ေဆာင္သြားမည္ျဖစ္ကာ အခ်ိဳ႕ေနရာမ်ား၌ ေရာက္ရွိေနသည့္ စစ္ေဘးေရွာင္မ်ားကိုလည္း စစ္ေဆးမႈမ်ားဆက္လက္ျပဳလုပ္ေပးသြားမည္ဟု သိရသည္။

“မိုး႐ြာတဲ့အခ်ိန္မွာ အခက္အခဲေတြထပ္ထပ္ျဖစ္ လာတယ္ အမိုးအကာေတြအခင္းေတြလိုလာတယ္ ဒီၾကားထဲကိုဗစ္ျဖစ္တဲ့လူေတြပါထပ္ေတြ႕ေတာ့ အ ခက္အခဲေတြကပိုမ်ားလာတာေပါ့”ဟုစစ္ေဘးေရွာင္ကူညီသူတစ္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here