YGEA ရုံးခန်းပြင်ပ၌ အရောင်းအဝယ်ပြုလုပ်သည့် အသင်းဝင်များအား တစ်လယာယီရပ်ဆိုင်းမည်

0
271

(Unicode)

YGEA ရုံးခန်းပြင်ပ၌ အရောင်းအဝယ်ပြုလုပ်သည့် အသင်းဝင်များအား တစ်လယာယီရပ်ဆိုင်းမည်

ရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက် ရန်ကုန် တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)အစည်း အဝေး၌ အထက်ပါဆုံးဖြတ်ချက်အပါအဝင် ၅ ချက်အား ချမှတ်ခဲ့ခြင်းဖြစ်သည်။

YGEA ၏အလုပ်အမှုဆောင်အစည်းအဝေးအား ဖေဖော်ဝါရီ ၂၅ ရက်(ယနေ့)နံနက်ပိုင်းက အသင်းရုံးအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆုံးဖြတ်ချက်များအားချမှတ်ခဲ့ခြင်းဖြစ်သည်။

စံသမာဓိချိန်ခွင်လျောက်ထားရေးအတွက်အခွန် ထမ်းရန်၊ ဇန်နဝါရီလပတ် ငွေစာရင်းရှင်းတမ်းအ တည်ပြုရန်၊ အသင်းရုံးခန်းပြင်ပတွင် ရွှေအ ရောင်းအဝယ်ပြုလုပ်သည့် အသင်းဝင်များအား တစ်လတိတိ အသင်းမှယာယီရပ်ဆိုင်းရန်၊ ရွှေအ ရောင်းအဝယ်ကိစ္စများအား ညနေ ၄ နာရီနောက် ဆုံးထားလုပ်ဆောင်ရန်နှင့်ရွှေဈေးနှုန်းတည်ငြိမ်စေရေးဝိုင်းဝန်းဆောင်ရွက်ကြရန် အစရှိသည့် ဆုံးဖြတ်ချက် ၅ ချက်အားချမှတ်ခဲ့သည်။

ယနေ့ နေ့လည် ၁ နာရီခွဲ၌ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းမှာ ငွေကျပ် ၁၉၄၀၀၀၀ သိန်းဖြစ်သည်ဟု YGEA မှသိရသည်။

ပြည်တွင်း၏ရွှေဈေးကွက်အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး လက်ရှိတွင် ရွှေဆိုင်များပြန်လည်ဖွင့်လှစ်ရောင်းချလျက်ရှိကာ ရွှေဈေးကွက်မှာ ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိရန်နီးစပ်နေသည်ဟု ရွှေဈေးကွက်မှစုံစမ်းသိရသည်။

(Zawgyi)

YGEA ႐ုံးခန္းျပင္ပ၌ အေရာင္းအဝယ္ျပဳလုပ္သည့္ အသင္းဝင္မ်ားအား တစ္လယာယီရပ္ဆိုင္းမည္

ေ႐ႊေဈးႏႈန္းတည္ၿငိမ္ေစေရးအတြက္ ရန္ကုန္ တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း(YGEA)အစည္း အေဝး၌ အထက္ပါဆုံးျဖတ္ခ်က္အပါအဝင္ ၅ ခ်က္အား ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

YGEA ၏အလုပ္အမႈေဆာင္အစည္းအေဝးအား ေဖေဖာ္ဝါရီ ၂၅ ရက္(ယေန႔)နံနက္ပိုင္းက အသင္း႐ုံးအစည္းအေဝးခန္းမ၌ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး ေ႐ႊေဈးႏႈန္းတည္ၿငိမ္ေစေရးအတြက္ ဆုံးျဖတ္ခ်က္မ်ားအားခ်မွတ္ခဲ့ျခင္းျဖစ္သည္။

စံသမာဓိခ်ိန္ခြင္ေလ်ာက္ထားေရးအတြက္အခြန္ ထမ္းရန္၊ ဇန္နဝါရီလပတ္ ေငြစာရင္းရွင္းတမ္းအ တည္ျပဳရန္၊ အသင္း႐ုံးခန္းျပင္ပတြင္ ေ႐ႊအ ေရာင္းအဝယ္ျပဳလုပ္သည့္ အသင္းဝင္မ်ားအား တစ္လတိတိ အသင္းမွယာယီရပ္ဆိုင္းရန္၊ ေ႐ႊအ ေရာင္းအဝယ္ကိစၥမ်ားအား ညေန ၄ နာရီေနာက္ ဆုံးထားလုပ္ေဆာင္ရန္ႏွင့္ေ႐ႊေဈးႏႈန္းတည္ၿငိမ္ေစေရးဝိုင္းဝန္းေဆာင္႐ြက္ၾကရန္ အစရွိသည့္ ဆုံးျဖတ္ခ်က္ ၅ ခ်က္အားခ်မွတ္ခဲ့သည္။

ယေန႔ ေန႔လည္ ၁ နာရီခြဲ၌ အကယ္ဒမီ မီးလင္းေ႐ႊေဈးႏႈန္းမွာ ေငြက်ပ္ ၁၉၄၀၀၀၀ သိန္းျဖစ္သည္ဟု YGEA မွသိရသည္။

ျပည္တြင္း၏ေ႐ႊေဈးကြက္အေျခအေနမွာ ေကာင္းမြန္လ်က္ရွိၿပီး လက္ရွိတြင္ ေ႐ႊဆိုင္မ်ားျပန္လည္ဖြင့္လွစ္ေရာင္းခ်လ်က္ရွိကာ ေ႐ႊေဈးကြက္မွာ ပုံမွန္အေျခအေနသို႔ျပန္လည္ေရာက္ရွိရန္နီးစပ္ေနသည္ဟု ေ႐ႊေဈးကြက္မွစုံစမ္းသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here