မြောက်ဦးမြို့နယ်မှလူငယ်စာရေးဆရာကိုမင်းဒီ ပါ PDF အဖွဲ့များနှင့်ဆက်စပ်သည်ဟုဆိုကာ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

0
134

(Unicode)

မြောက်ဦးမြို့နယ်မှလူငယ်စာရေးဆရာကိုမင်းဒီ ပါ PDF အဖွဲ့များနှင့်ဆက်စပ်သည်ဟုဆိုကာ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်၊ပန်းမော်ကျေး ရွာနေ လူငယ်စာရေးဆရာကိုမင်းဒီပါ(ခ)ကိုအောင်နိုင်မြင့်အား PDF အဖွဲ့များနှင့်ဆက်စပ်သည်ဟုဆိုကာ ဖေဖော်ဝါရီ ၂၅ ရက်(ယနေ့)တွင်အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်အမိန့်ချမှတ်ခဲ့သည်။

လူငယ်စာရေးဆရာကိုမင်းဒီပါ(ခ)ကိုအောင်နိုင်မြင့်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ -၅၀(ည)ဖြင့်တရားစွဲဆို၍ မြောက်ဦးခရိုင်တရား ရုံးမှ ယနေ့တွင်အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ် သည်။

မြောက်ဦးမြို့မရဲစခန်းအချုပ်၌ ထိန်းသိမ်းခံထားရပြီး တရားရင်ဆိုင်ခဲ့ရသည့် လူငယ်စာရေးဆရာကိုမင်းဒီပါ(ခ)ကိုအောင်နိုင်မြင့်အား အပြီးသတ်အမိန့်ချမှတ်ပြီးဖြစ်၍ စစ်တွေအကျဥ်းထောင်သို့ထပ်မံပို့ဆောင်သွားမည်ဖြစ်သည်။

“ဘယ်နေ့မှာစစ်တွေထောင်ကိုပို့မယ်ဆိုတာက တော့မသိရသေးဘူး ထောင်ဒဏ် ၁၀ နှစ်မှာချုပ်ရက်တွေခံစားခွင့်ရှိတယ်လို့တော့သိရတယ်”ကိုမင်းဒီပါ၏ မိသားစုနှင့်နီးစပ်သူတစ်ဦးကပြောသည်။

ကိုမင်းဒီပါ(ခ)ကိုအောင်နိုင်မြင့်အား ၂၀၂၁ ခုနှစ်၊အောက်တို ဘာ ၁၅ ရက်တွင် PDF အဖွဲ့များနှင့်ဆက်စပ်နေသည်ဟုဆိုကာ နေအိမ်မှဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

(Unicode)








LEAVE A REPLY

Please enter your comment!
Please enter your name here