ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ပတ်သက်သည့် အမှုများအတွက် တရားလိုပြသက်သေရောက်မလာသဖြင့် အမှုမစစ်ဆေးဖြစ်

0
161

(Unicode)

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ပတ်သက်သည့် အမှုများအတွက် တရားလိုပြသက်သေရောက်မလာသဖြင့် အမှုမစစ်ဆေးဖြစ်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ပတ်သက်သည့် အမှုများအတွက် တရားလိုပြသက်သေ ထွက်ဆိုမည့် ဒေါ်ပွင့်သန္တာကျော် ရုံးရှေ့ရောက်ရှိလာခြင်းမရှိသောကြောင့် ယနေ့အမှုမစစ်ဆေးဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သူအချို့ထံမှ သိရသည်။

ယ​နေ့(ဖေဖော်ဝါရီ ၂၅)ရက်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့ အပေါ်စွဲဆိုထားသော အဂတိအမှုမှ ရာကြီးမှုအမှတ် (၃)၊(၄)(၅)နှင့် (၂၅)အမှုတို့အတွက် နေပြည်တော်ကောင်စီဝန်း အတွင်းရှိ ဇဗ္ဗူသီရိမြို့နယ့်အထူးသီးသန့်တရားရုံးသို့ ရုံးထုတ်လာခဲ့ကြကြောင်းသိရသည်။

တရားလိုပြသက်သေထွက်ဆိုမည့် ဒေါ်ပွင့်သန္တာကျော်ရောက်ရှိလာခြင်းမရှိသည့်အတွက် ရုံးချိန်းကို ဖေဖော်ဝါရီ ၂၈ရက်သို့ ပြန်လည်ချိန်းဆိုထားသည်။

အဆိုပါ ရုံးချိန်းနေ့တွင် တရားလိုပြသက်သေ ဒေါ်ပွင့်သန္တာကျော်အ​ပြင်တရားလိုပြ သက်သေတစ်ဦးဖြစ်သူဦးအောင်မျိုးဦးကို တစ်ပေါင်းတည်း ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်သည့်အမှုများနှင့်ပတ်သက်၍ ရုံးထုတ်စစ်ဆေးမည့်ရက်များကို ပြန်လည်သတ်မှတ်ခဲ့သည်။

‌ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ပတ်သက်သည့်အမှု ငါးမှုအား အပတ်စဥ် တနလ်ာနေ့သို့လည်းကောင်း၊ ရဟတ်ယာဥ်ကိစ္စနှင့်ပတ်သက်၍ စွဲဆိုထားသော အမှုငါးမှု အား အဂ်ါနေ့သို့လည်းကောင်း၊ မဲမသမာမှုနှင့်ပတ်သက်သည့် ၁၃၀(က)အမှုအတွက် သောကြာနေ့သို့ အသီးသီး ချိန်းဆိုထားရှိသည်။

(Zawgyi)

ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းႏွင့္ပတ္သက္သည့္ အမႈမ်ားအတြက္ တရားလိုျပသက္ေသေရာက္မလာသျဖင့္ အမႈမစစ္ေဆးျဖစ္

ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းႏွင့္ပတ္သက္သည့္ အမႈမ်ားအတြက္ တရားလိုျပသက္ေသ ထြက္ဆိုမည့္ ေဒၚပြင့္သႏၲာေက်ာ္ ႐ုံးေရွ႕ေရာက္ရွိလာျခင္းမရွိေသာေၾကာင့္ ယေန႔အမႈမစစ္ေဆးျဖစ္ေၾကာင္း တရား႐ုံးႏွင့္နီးစပ္သူအခ်ိဳ႕ထံမွ သိရသည္။

ယ​ေန႔(ေဖေဖာ္ဝါရီ ၂၅)ရက္တြင္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းႏွင့္ပတ္သက္၍ ေဒၚေအာင္ဆန္းစုၾကည္၊ ဦးဝင္းျမင့္ႏွင့္ ေဒါက္တာမ်ိဳးေအာင္တို႔ အေပၚစြဲဆိုထားေသာ အဂတိအမႈမွ ရာႀကီးမႈအမွတ္ (၃)၊(၄)(၅)ႏွင့္ (၂၅)အမႈတို႔အတြက္ ေနျပည္ေတာ္ေကာင္စီဝန္း အတြင္းရွိ ဇဗၺဴသီရိၿမိဳ႕နယ့္အထူးသီးသန္႔တရား႐ုံးသို႔ ႐ုံးထုတ္လာခဲ့ၾကေၾကာင္းသိရသည္။

တရားလိုျပသက္ေသထြက္ဆိုမည့္ ေဒၚပြင့္သႏၲာေက်ာ္ေရာက္ရွိလာျခင္းမရွိသည့္အတြက္ ႐ုံးခ်ိန္းကို ေဖေဖာ္ဝါရီ ၂၈ရက္သို႔ ျပန္လည္ခ်ိန္းဆိုထားသည္။

အဆိုပါ ႐ုံးခ်ိန္းေန႔တြင္ တရားလိုျပသက္ေသ ေဒၚပြင့္သႏၲာေက်ာ္အ​ျပင္တရားလိုျပ သက္ေသတစ္ဦးျဖစ္သူဦးေအာင္မ်ိဳးဦးကို တစ္ေပါင္းတည္း ႐ုံးထုတ္စစ္ေဆးသြားမည္ျဖစ္ေၾကာင္းသိရသည္။

ယေန႔ ႐ုံးခ်ိန္းတြင္ ေဒၚေအာင္ဆန္းစုၾကည္ ပါဝင္သည့္အမႈမ်ားႏွင့္ပတ္သက္၍ ႐ုံးထုတ္စစ္ေဆးမည့္ရက္မ်ားကို ျပန္လည္သတ္မွတ္ခဲ့သည္။

‌ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းႏွင့္ပတ္သက္သည့္အမႈ ငါးမႈအား အပတ္စဥ္ တနလ္ာေန႔သို႔လည္းေကာင္း၊ ရဟတ္ယာဥ္ကိစၥႏွင့္ပတ္သက္၍ စြဲဆိုထားေသာ အမႈငါးမႈ အား အဂ္ါေန႔သို႔လည္းေကာင္း၊ မဲမသမာမႈႏွင့္ပတ္သက္သည့္ ၁၃၀(က)အမႈအတြက္ ေသာၾကာေန႔သို႔ အသီးသီး ခ်ိန္းဆိုထားရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here