မန္တလေးမြို့ ကျုံးဘေးတွင် လက်လုပ်မိုင်းပေါက်ကွဲ

0
336

(Unicode)

မန္တလေးမြို့ ကျုံးဘေးတွင် လက်လုပ်မိုင်းပေါက်ကွဲ

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်ရှိ မန္တလေးမြို့၏အထင်ကရကျုံးဘေးရှိ ပလက်ဖောင်းဘေးတွင် ဖေဖော်ဝါရီ ၂၅ ရက်(ယနေ့)မွန်းလွဲ ၂ နာရီခန့်က လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု အောင်မြေသာစံမြို့နယ်နေသူများထံမှ သိရသည်။

လက်လုပ်မိုင်းပေါက်ကွဲမှုသည် ကျုံးဘေးပလက် ဖောင်းဘေး၌ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ် ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

“လူရှင်းတဲ့အချိန်မှာပေါက်ကွဲတာဖြစ်တဲ့အတွက် ထိခိုက်မှုတော့မရှိဘူး ညနေစောင်းမှာပေါက်ရင်တော့ လမ်းလျှောက်တဲ့လူတွေရှိနေတတ်တာကြောင့် ထိခိုက်မှုရှိနိုင်တယ်”ဟုလုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ် ဆေးရာ လက်လုပ်မိုင်းအပိုင်းအစများနှင့်ပေါက်ကွဲခြင်းမရှိသေးသည့် လက်လုပ်မိုင်းတစ်လုံးအား ထပ်မံတွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ပလက်ဖောင်း ၏အုတ်များပျက်စီးခဲ့သည်ဟု သိရသည်။

(Zawgyi)

မႏၲေလးၿမိဳ႕ က်ဳံးေဘးတြင္ လက္လုပ္မိုင္းေပါက္ကြဲ

မႏၲေလးၿမိဳ႕၊ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ မႏၲေလးၿမိဳ႕၏အထင္ကရက်ဳံးေဘးရွိ ပလက္ေဖာင္းေဘးတြင္ ေဖေဖာ္ဝါရီ ၂၅ ရက္(ယေန႔)မြန္းလြဲ ၂ နာရီခန့္က လက္လုပ္မိုင္းတစ္လုံးေပါက္ကြဲမွုျဖစ္ပြားခဲ့သည္ဟု ေအာင္ေျမသာစံၿမိဳ႕နယ္ေနသူမ်ားထံမွ သိရသည္။

လက္လုပ္မိုင္းေပါက္ကြဲမွုသည္ က်ဳံးေဘးပလက္ ေဖာင္းေဘး၌ေပါက္ကြဲခဲ့ျခင္းျဖစ္ၿပီး ထိခိုက္ဒဏ္ ရာရရွိမွုမရွိခဲ့ေၾကာင္း သိရသည္။

“လူရွင္းတဲ့အခ်ိန္မွာေပါက္ကြဲတာျဖစ္တဲ့အတြက္ ထိခိုက္မွုေတာ့မရွိဘူး ညေနေစာင္းမွာေပါက္ရင္ေတာ့ လမ္းေလၽွာက္တဲ့လူေတြရွိေနတတ္တာေၾကာင့္ ထိခိုက္မွုရွိနိုင္တယ္”ဟုလုံျခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးကေျပာသည္။

အခင္းျဖစ္စဥ္အား လုံျခဳံေရးအဖြဲ႕ဝင္မ်ားက စစ္ ေဆးရာ လက္လုပ္မိုင္းအပိုင္းအစမ်ားႏွင့္ေပါက္ကြဲျခင္းမရွိေသးသည့္ လက္လုပ္မိုင္းတစ္လုံးအား ထပ္မံေတြ႕ရွိခဲ့သျဖင့္ သက္မဲ့ျပဳလုပ္နိုင္ခဲ့ေၾကာင္း သိရသည္။

လက္လုပ္မိုင္းေပါက္ကြဲမွုေၾကာင့္ ပလက္ေဖာင္း ၏အုတ္မ်ားပ်က္စီးခဲ့သည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here