ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှုခံယူထားပါက သေဆုံးမှုနှုန်းသိသာစွာလျော့ကျဟု ဒေါက်တာသက်ခိုင်ဝင်းပြော

0
134

ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှုခံယူထားပါက သေဆုံးမှုနှုန်းသိသာစွာလျော့ကျဟု ဒေါက်တာသက်ခိုင်ဝင်းပြော

မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီ လာခံ” ၌ ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုဗစ်(၁၉)ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အရေးကြီးဆုံးဖြစ်ပြီး ကာကွယ်ဆေးများ စတင်ထိုးနှံသည့်အချိန်တွင် ရောဂါကူးစက် ဖြစ်ပွားမှုများနှင့်ရောဂါကြောင့် သေဆုံးရမှုများ လျော့ကျစေရန် ရည်ရွယ်ချက်များနှင့်အတူ လူမှုစီးပွားထိခိုက်မှု လျှော့ ချနိုင်ရန်ဆောင်ရွက်ခဲ့သည်ဟု ပြည်ထောင်စုဝန် ကြီးကပြောသည်။

ထို့ကြောင့် စက်ရုံ၊အလုပ်ရုံများ၊ဟိုတယ်များ၊ကျောင်းများစသည့် လူမှုစီပွားလုပ်ငန်းများ ပုံမှန်နီးပါး လည်ပတ်နိုင်ခဲ့သည်ဟုလည်း ပြောသည်။

မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံမှု ၄၅ သန်း Doses ထိုးနှံပြီးဖြစ်၍ ထိုးနှံရမည့် မြေပြင်လူဦး ရေ၏ ၆၀ ရာခိုင်နှုန်းကျော် ထိုးနှံပြီးဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးများ ဝယ်ယူရာ တွင် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ ၂၇၆ ဒသမ ၆၄ သန်း သုံးစွဲခဲ့ပြီး မိတ်ဆွေနိုင်ငံများမှ အမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၁၂ သန်း လှူဒါန်းခဲ့၍ ကာကွယ်ဆေးဝယ်ယူမှုမှ ၄၅ သန်း Doses၊ လှူလဒါန်းမှုမှ ၁၇ သန်း Doses(စုစုပေါင်း ၆၂ သန်း Doses)ရရှိပြီးဖြစ်သည်။

“အဲဒီအပြင် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးကို ပြည်တွင်းထုတ်လုပ်ကနေ ရရှိလာမှာဖြစ်တဲ့အ တွက် ဆက်လက်အသုံးပြုသွားမှာဖြစ်ပါတယ် အ ခုဖြစ်နေတဲ့ ရောဂါဖြစ်ပွားမှုလှိုင်းတွေမှာ ရောဂါကြောင့်သေဆုံးရမှုတွေကို သုံးသပ်ချက်အရ ကာ ကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှု ခံယူထားရင် သေ ဆုံးနှုန်း သိသာစွာလျော့ကျတာကို တွေ့ရှိရပါတယ် ဒါ့ကြောင့် ကာကွယ်ဆေးထိုးနှံမှုတွေကိုဆက်လက်အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရမှာပါ”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

Zaw Gyi

ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆးအႀကိမ္ျပည့္ထိုးႏွံမႈခံယူထားပါက ေသဆုံးမႈႏႈန္းသိသာစြာေလ်ာ့က်ဟု ေဒါက္တာသက္ခိုင္ဝင္းေျပာ

ျမန္မာႏိုင္ငံက်န္းမာေရးဆိုင္ရာသုေတသနညီ လာခံ” ၌ က်န္းမာေရးဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္းက ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ကိုဗစ္(၁၉)ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးတြင္ ကာကြယ္ေဆးထိုးႏွံျခင္းသည္ အေရးႀကီးဆုံးျဖစ္ၿပီး ကာကြယ္ေဆးမ်ား စတင္ထိုးႏွံသည့္အခ်ိန္တြင္ ေရာဂါကူးစက္ ျဖစ္ပြားမႈမ်ားႏွင့္ေရာဂါေၾကာင့္ ေသဆုံးရမႈမ်ား ေလ်ာ့က်ေစရန္ ရည္႐ြယ္ခ်က္မ်ားႏွင့္အတူ လူမႈစီးပြားထိခိုက္မႈ ေလွ်ာ့ ခ်ႏိုင္ရန္ေဆာင္႐ြက္ခဲ့သည္ဟု ျပည္ေထာင္စုဝန္ ႀကီးကေျပာသည္။

ထို႔ေၾကာင့္ စက္႐ုံ၊အလုပ္႐ုံမ်ား၊ဟိုတယ္မ်ား၊ေက်ာင္းမ်ားစသည့္ လူမႈစီပြားလုပ္ငန္းမ်ား ပုံမွန္နီးပါး လည္ပတ္ႏိုင္ခဲ့သည္ဟုလည္း ေျပာသည္။

ျမန္မာႏိုင္ငံတြင္ ကာကြယ္ေဆးထိုးႏွံမႈ ၄၅ သန္း Doses ထိုးႏွံၿပီးျဖစ္၍ ထိုးႏွံရမည့္ ေျမျပင္လူဦး ေရ၏ ၆၀ ရာခိုင္ႏႈန္းေက်ာ္ ထိုးႏွံၿပီးျဖစ္သည္ဟု ျပည္ေထာင္စုဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္းကေျပာသည္။

ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆးမ်ား ဝယ္ယူရာ တြင္ ႏိုင္ငံေတာ္မွ အေမရိကန္ေဒၚလာ ၂၇၆ ဒသမ ၆၄ သန္း သုံးစြဲခဲ့ၿပီး မိတ္ေဆြႏိုင္ငံမ်ားမွ အေမရိကန္ေဒၚလာ ၁၂၁ ဒသမ ၁၂ သန္း လႉဒါန္းခဲ့၍ ကာကြယ္ေဆးဝယ္ယူမႈမွ ၄၅ သန္း Doses၊ လႉလဒါန္းမႈမွ ၁၇ သန္း Doses(စုစုေပါင္း ၆၂ သန္း Doses)ရရွိၿပီးျဖစ္သည္။

“အဲဒီအျပင္ ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆးကို ျပည္တြင္းထုတ္လုပ္ကေန ရရွိလာမွာျဖစ္တဲ့အ တြက္ ဆက္လက္အသုံးျပဳသြားမွာျဖစ္ပါတယ္ အ ခုျဖစ္ေနတဲ့ ေရာဂါျဖစ္ပြားမႈလႈိင္းေတြမွာ ေရာဂါေၾကာင့္ေသဆုံးရမႈေတြကို သုံးသပ္ခ်က္အရ ကာ ကြယ္ေဆးအႀကိမ္ျပည့္ထိုးႏွံမႈ ခံယူထားရင္ ေသ ဆုံးႏႈန္း သိသာစြာေလ်ာ့က်တာကို ေတြ႕ရွိရပါတယ္ ဒါ့ေၾကာင့္ ကာကြယ္ေဆးထိုးႏွံမႈေတြကိုဆက္လက္အရွိန္အဟုန္ျမႇင့္တင္ေဆာင္႐ြက္ရမွာပါ”ဟု ျပည္ေထာင္စုဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္းကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here