နာမည်ကျော် ပြင်သစ် မင်းသမီးကြီး Catherine Deneuve ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့တဲ့ နိုင်ငံတကာ ရုပ်ရှင် အမွေအနှစ် ပွဲတော်

0
88

memoryမြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ နေပြည်တော် ရုပ်ရှင်ရုံနဲ့ ဝဇီရာ ရုပ်ရှင်ရုံ တို့မှာ နိုဝင်ဘာလ ၅ ရက် နေ့ကနေ နိုဝင်ဘာလ ၁၃ ရက်နေ့ အထိ ကျင်းပပြု လုပ် မှာဖြစ်တဲ့ နိုင်ငံတကာ ရုပ်ရှင် အမွေအနှစ် ရုပ်ရှင် ပွဲတော် ဖွင့်ပွဲကို နိုဝင်ဘာလ ၄ ရက်နေ့ ည က နေပြည်တော် ရုပ်ရှင် ရုံမှာ ပြု လုပ်ခဲ့ရာ မှာတော့ နာမည် ကျော် ပြင်သစ် မင်းသမီး Catherine Deneuve  ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေး ခဲ့ပါတယ်။ Catherine Deneuve  က အခုလိုမျိုး အမွေ အနှစ် ရုပ်ရှင်ပွဲတော် ဖွင့်ပွဲကို တက်ရောက်ခွင့် ရတဲ့ အတွက် အင်မတန်မှ ပျော်ရွှင် ကြည်နူး မိ တယ်လို့ ဆိုလာပါတယ်။

Memory ရုပ်ရှင် ပွဲတော်ဟာ ကျွန်မ တက်ရောက်ခဲ့ ဖူးသမျှ ကမ္ဘာ တစ်ဝန်းက ပွဲတွေနဲ့ တကယ့်ကို ကွာခြားနေပါတယ်။ ဒီပွဲတော် မှာ ခေတ်ဟောင်း က ရုပ်ရှင်ဇာတ်ကား တွေကို သာမကဘဲနဲ့ တကယ့်ကိုပဲ တစ်မူ ထူးခြားနေတာပါ။ ခေတ် ဟောင်း ဇာတ်ကားတွေ ပဲ ဖြစ်ပေ မယ့် လည်း ထူးခြား လေးနက်စွာ နဲ့ ကို တကယ့် စိတ်လှုပ်ရှား ခံစားမှု ရသမျိုးပေးစွမ်း နိုင်တာပါ။ ကြည့်ရှုသူ အနေ နဲ့ ရုပ်ရှင် ဇာတ် ကားတွေထဲ ကနေ ရှုထောင့်ပေါင်းစုံ ကနေပြီး တော့ အရင်ခေတ်ဟောင်းကို ရှာဖွေ ခံစားနိုင်ပါတယ်။ ဒါဟာ ကမ္ဘာကြီး ဆီကို လှမ်း ကြည့်နိုင်တဲ့ အံ့သြဖွယ် ပြတင်း တံခါးပေါက် တစ်ခု လိုမျိုး ဖြစ်နေပါတယ် ဆိုတာ မြန်မာနိုင်ငံမှာ ရှိတဲ့ ရုပ်ရှင်ချစ် ပရိသတ်တွေနဲ့ အတူတူ မျှဝေ ခံစားနိုင်ခွင့် ရတာမို့ လည်း တအားကို ဝမ်းမြောက် ကြည်နူး မိပါတယ်”လို့ Catherine Deneuve က ပြောကြားထားခဲ့ပါ တယ်။

နိုဝင်ဘာလ ၄ ရက်နေ့ ရုပ်ရှင် ဖွင့်ပွဲကို မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံး ဥက္ကဋ္ဌ အကယ်ဒမီ ဦးလူမင်း၊ ပြင်သစ် ယဉ်ကျေးမှုဌာန မှ တာဝန် ရှိသူများ၊ နာမည်ကျော် အကယ်ဒမီ ဒါရိုက်တာ ဝိုင်း၊ အကယ် ဒမီ ဖွေးဖွေး တို့ တက်ရောက် ဂုဏ်ပြု ခဲ့ကြတာကို လည်း တွေ့ရပါတယ်။ ဖွင့်ပွဲ ရုပ်ရှင် ဇာတ်ကား အနေ နဲ့ မြန်မာအဖြူ အမည်း အသံတိတ် ရုပ်ရှင် ဇာတ်ကား ဖြစ်တဲ့ခေတ်ဟောင်း ဂန္တဝင် ရုပ်ရှင် ဇာတ်ကားကြီး “မြဂနိုင်”ကို ပြသခဲ့ ပါတယ်။ နိုင်ငံတကာ အမွေအနှစ် ရုပ်ရှင်ပွဲတော် မှာ ရုပ်ရှင်ဇာတ်ကား ပေါင်း ၆ဝ အထိ ပြသ သွားမှာ ဖြစ်ပြီး ထိုင်ဝမ်- မြန်မာလူမျိုး ဒါရိုက်တာ ရိုက်ကူးတဲ့ Road to Mandalay ရုပ်ရှင် ဇာတ်ကား ကိုတော့ နိုဝင်ဘာ လ ၇ ရက်နေ့ ညနေ ၅ နာရီ ဝဇီရာ ရုပ်ရှင်ရုံမှာ ပြသ သွားမှာဖြစ်တယ် လို့ သိရပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here