လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှု၊စက်သုံးဆီဈေးကြီးမြင့်မှုက စက်မှုလက်မှုလုပ်ငန်းများအပေါ်ထိခိုက်

0
295

လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှု၊စက်သုံးဆီဈေးကြီးမြင့်မှုက စက်မှုလက်မှုလုပ်ငန်းများအပေါ်ထိခိုက်

ရန်ကုန်တိုင်းအပါအဝင် တိုင်း၊ပြည်နယ်များတွင် လျှပ်စစ်မီးများ ပြတ်တောက်မှုနှင့် အတူ အချိန်ပိုင်းမီးပေးမှုများကြောင့် ပြည်တွင်းရှိ စက်မှုလက်မှုလုပ်ငန်းများ အခက်တွေ့နေကြရသည်။

“အရင်က မီးပျက်တယ်ဆိုရင် စက်နိုးပြီး အသုံးပြုတာပေါ့။အခုက ဆီဈေးနှုန်းက အများသိကြတဲ့အတိုင်းပဲလေ။ဒီတော့ မလုပ်မဖြစ်တွေဆိုရင် မီးစက်နိုးပြီး လုပ်ရတော့ အတော်လေးကို အဆင်မပြေဘူး။စောင့်ပြီး နေလို့ မရတာကြောင့် လုပ်နေရပေမယ့် တစ်ဖက်မှာက အရင်းတွေကဈေးကြီးသွားတော့ သိပ်ပြီး အဆင်ပြေမှုမရှိဘူး”ဟု အသေးစားအလတ်စားလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ရန်ကုန်မြို့မှ မိတ္တူကူးလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကလည်း မီးပျက်လျှင် မီးစက်နိုးပြီး ပုံမှန်ဈေးထက် အနည်းငယ်တိုးပြီး ဆောင်ရွက်နေရသည်ဟု ပြောဆိုသည်။

“အစစအရာရာဈေးကြီးနေတော့ အားနာနာနဲ့ပဲ တောင်းရတော့တယ်”ဟု ၎င်းကဆက်ပြောသည်။

အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက ၎င်းတို့လုပ်ငန်းက မိသားစုလုပ်ကိုင်သည်ဖြစ်၍ မီးလာလျှင် လုပ်ကိုင်ပြီး မီးပျက်နေလျှင် ထိုင်နေရသည်ဟု ပြောသည်။

“အပြိုင်အဆိုင်တွေကရှိတော့ ဈေးကို တအားတင်လို့ မရဘူး။ဒီတော့ မီးလာရင် ထလုပ်လိုက်၊မီးပျက်ရင် ထိုင်နေလိုက်နဲ့ပဲ လုပ်ရတော့တယ်။အရင်လို အလုပ်ချိန်ကို ကန့်သတ်မထားတော့ဘူး။ပင်တော့ ပင်ပန်းတာပေါ့ဗျာ။ဆီဈေးနဲ့ က အလုပ်သိပ်မဖြစ်တော့ ဒီအတိုင်းလုပ်ရတာပဲ”ဟု ပြောသည်။

လက်ရှိတွင် အချိန်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုများက နေ့စဉ်နီးပါးရှိနေသည်။

Zaw Gyi

လွ်ပ္စစ္မီး မၾကာခဏ ျပတ္ေတာက္မႈ၊စက္သုံးဆီေဈးႀကီးျမင့္မႈက စက္မႈလက္မႈလုပ္ငန္းမ်ားအေပၚထိခိုက္

ရန္ကုန္တိုင္းအပါအဝင္ တိုင္း၊ျပည္နယ္မ်ားတြင္ လွ်ပ္စစ္မီးမ်ား ျပတ္ေတာက္မႈႏွင့္ အတူ အခ်ိန္ပိုင္းမီးေပးမႈမ်ားေၾကာင့္ ျပည္တြင္းရွိ စက္မႈလက္မႈလုပ္ငန္းမ်ား အခက္ေတြ႕ေနၾကရသည္။

“အရင္က မီးပ်က္တယ္ဆိုရင္ စက္ႏိုးၿပီး အသုံးျပဳတာေပါ့။အခုက ဆီေဈးႏႈန္းက အမ်ားသိၾကတဲ့အတိုင္းပဲေလ။ဒီေတာ့ မလုပ္မျဖစ္ေတြဆိုရင္ မီးစက္ႏိုးၿပီး လုပ္ရေတာ့ အေတာ္ေလးကို အဆင္မေျပဘူး။ေစာင့္ၿပီး ေနလို႔ မရတာေၾကာင့္ လုပ္ေနရေပမယ့္ တစ္ဖက္မွာက အရင္းေတြကေဈးႀကီးသြားေတာ့ သိပ္ၿပီး အဆင္ေျပမႈမရွိဘူး”ဟု အေသးစားအလတ္စားလုပ္ငန္းရွင္တစ္ဦးကေျပာသည္။

ရန္ကုန္ၿမိဳ႕မွ မိတၱဴကူးလုပ္ငန္းေဆာင္႐ြက္ေနသူတစ္ဦးကလည္း မီးပ်က္လွ်င္ မီးစက္ႏိုးၿပီး ပုံမွန္ေဈးထက္ အနည္းငယ္တိုးၿပီး ေဆာင္႐ြက္ေနရသည္ဟု ေျပာဆိုသည္။

“အစစအရာရာေဈးႀကီးေနေတာ့ အားနာနာနဲ႔ပဲ ေတာင္းရေတာ့တယ္”ဟု ၎ကဆက္ေျပာသည္။

အိမ္တြင္းစက္မႈလက္မႈလုပ္ငန္းေဆာင္႐ြက္ေနသူတစ္ဦးက ၎တို႔လုပ္ငန္းက မိသားစုလုပ္ကိုင္သည္ျဖစ္၍ မီးလာလွ်င္ လုပ္ကိုင္ၿပီး မီးပ်က္ေနလွ်င္ ထိုင္ေနရသည္ဟု ေျပာသည္။

“အၿပိဳင္အဆိုင္ေတြကရွိေတာ့ ေဈးကို တအားတင္လို႔ မရဘူး။ဒီေတာ့ မီးလာရင္ ထလုပ္လိုက္၊မီးပ်က္ရင္ ထိုင္ေနလိုက္နဲ႔ပဲ လုပ္ရေတာ့တယ္။အရင္လို အလုပ္ခ်ိန္ကို ကန႔္သတ္မထားေတာ့ဘူး။ပင္ေတာ့ ပင္ပန္းတာေပါ့ဗ်ာ။ဆီေဈးနဲ႔ က အလုပ္သိပ္မျဖစ္ေတာ့ ဒီအတိုင္းလုပ္ရတာပဲ”ဟု ေျပာသည္။

လက္ရွိတြင္ အခ်ိန္ပိုင္း လွ်ပ္စစ္မီးျပတ္ေတာက္မႈမ်ားက ေန႔စဥ္နီးပါးရွိေနသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here