၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ဧရာဝ တီတိုင်းမှကျောင်းသား၊ကျောင်းသူ လေးသောင်းကျော်ဝင်ရောက်ဖြေဆိုမည်

0
325

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ဧရာဝ တီတိုင်းမှကျောင်းသား၊ကျောင်းသူ လေးသောင်းကျော်ဝင်ရောက်ဖြေဆိုမည်

၂၀၂၂ ခုနှစ်၊မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲအား ဧရာဝတီ တိုင်းမှ ကျောင်းသား၊ကျောင်းသူ ၄၀၃၁၂ ဦးဝင်ရောက်ဖြေဆိုမည်ဟု ဧရာဝတီတိုင်းပညာရေးမှူးရုံးမှသိရသည်။

ထိုသို့ ဖြေဆိုရာတွင် စာစစ်ဌာန ၂၄၇ ခုဖွင့်လှစ်ထားရှိကာ ကိုဗစ်(၁၉)ရောဂါစည်းမျဥ်းစည်းကမ်းများနှင့်အညီ ဖြေဆိုခွင့်ပြုသွားမည်ဖြစ်သည်ဟု သိရသည်။

“တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုတဲ့ကျောင်းသား၊ကျောင်းသူတွေကို စာစစ်ဌာနအဝင်မှာ ကိုယ်အပူ ချိန်တိုင်းမယ် ဖြေတဲ့လူတွေကလည်း Mask တွေတပ်လာရမယ် လက်ဆေးရမယ် စာဖြေခန်းတွေကိုလည်း အလင်းရောင်ကောင်းပြီးလေဝင်လေ ထွက်ကောင်းတဲ့အခန်းတွေကို ပြုလုပ်ထားပါတယ်”ဟု ဧရာဝတီတိုင်းပညာရေးမှူးဦးတင်လှိုင်ကပြောသည်။

၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ ဘာသာတွဲ ၁ , ၂ , ၅ , ၇ , ၈ တို့အားကျောင်းသား၊ကျောင်းသူ ၄၀၃၁၂ ဦးမှဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ဧ ရာဝတီတိုင်းပညာရေးမှူးရုံးမှ သိရသည်။

“စာမေးပွဲဖြေတဲ့ကျောင်းသား၊ကျောင်းသူတွေရဲ့ လုံခြုံရေးအတွက် စာမေးပွဲဖြေဆိုချိန်မှာ ကျောင်းပတ်ပတ်လည်လုံခြုံရေးကို တိုင်းအစိုးရအဖွဲ့ရဲ့စောင့်ရှောက်မှုနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို ကျေးရွာ၊ရပ်ကွက်၊မိဘနဲ့ကျောင်းကော်မတီဝင်တွေအားလုံးက ပူးပေါင်းဆောင်ရွက်သွားမှာပါ”ဟု တိုင်းပညာရေးမှူးဦးတင်လှိုင်ကပြောသည်။

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ပ ညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ၌ စာစစ်ဌာန ၂၇၉ ခုအားဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူ ၉၄၉၈၅ ဦးဝင်ရောက်ဖြေဆိုခဲ့သည်ဟု ဧရာဝတီတိုင်းပညာရေးမှူးရုံးမှ သိရသည်။

Zaw Gyi

၂၀၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲအား ဧရာဝ တီတိုင္းမွေက်ာင္းသား၊ေက်ာင္းသူ ေလးေသာင္းေက်ာ္ဝင္ေရာက္ေျဖဆိုမည္

၂၀၂၂ ခုႏွစ္၊မတ္ ၃၁ ရက္မွ ဧၿပီ ၉ ရက္အထိေျဖဆိုမည့္ တကၠသိုလ္ဝင္စာေမးပြဲအား ဧရာဝတီ တိုင္းမွ ေက်ာင္းသား၊ေက်ာင္းသူ ၄၀၃၁၂ ဦးဝင္ေရာက္ေျဖဆိုမည္ဟု ဧရာဝတီတိုင္းပညာေရးမႉး႐ုံးမွသိရသည္။

ထိုသို႔ ေျဖဆိုရာတြင္ စာစစ္ဌာန ၂၄၇ ခုဖြင့္လွစ္ထားရွိကာ ကိုဗစ္(၁၉)ေရာဂါစည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ေျဖဆိုခြင့္ျပဳသြားမည္ျဖစ္သည္ဟု သိရသည္။

“တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုတဲ့ေက်ာင္းသား၊ေက်ာင္းသူေတြကို စာစစ္ဌာနအဝင္မွာ ကိုယ္အပူ ခ်ိန္တိုင္းမယ္ ေျဖတဲ့လူေတြကလည္း Mask ေတြတပ္လာရမယ္ လက္ေဆးရမယ္ စာေျဖခန္းေတြကိုလည္း အလင္းေရာင္ေကာင္းၿပီးေလဝင္ေလ ထြက္ေကာင္းတဲ့အခန္းေတြကို ျပဳလုပ္ထားပါတယ္”ဟု ဧရာဝတီတိုင္းပညာေရးမႉးဦးတင္လႈိင္ကေျပာသည္။

၂၀၂၂ ခုႏွစ္တကၠသိုလ္ဝင္စာေမးပြဲ၌ ဘာသာတြဲ ၁ , ၂ , ၅ , ၇ , ၈ တို႔အားေက်ာင္းသား၊ေက်ာင္းသူ ၄၀၃၁၂ ဦးမွဝင္ေရာက္ေျဖဆိုမည္ျဖစ္ေၾကာင္း ဧ ရာဝတီတိုင္းပညာေရးမႉး႐ုံးမွ သိရသည္။

“စာေမးပြဲေျဖတဲ့ေက်ာင္းသား၊ေက်ာင္းသူေတြရဲ႕ လုံၿခဳံေရးအတြက္ စာေမးပြဲေျဖဆိုခ်ိန္မွာ ေက်ာင္းပတ္ပတ္လည္လုံၿခဳံေရးကို တိုင္းအစိုးရအဖြဲ႕ရဲ႕ေစာင့္ေရွာက္မႈနဲ႔ပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္သလို ေက်း႐ြာ၊ရပ္ကြက္၊မိဘနဲ႔ေက်ာင္းေကာ္မတီဝင္ေတြအားလုံးက ပူးေပါင္းေဆာင္႐ြက္သြားမွာပါ”ဟု တိုင္းပညာေရးမႉးဦးတင္လႈိင္ကေျပာသည္။

ဧရာဝတီတိုင္းတြင္ ၿပီးခဲ့သည့္ ၂၀၂၀-၂၀၂၁ ပ ညာသင္ႏွစ္၏ တကၠသိုလ္ဝင္စာေမးပြဲ၌ စာစစ္ဌာန ၂၇၉ ခုအားဖြင့္လွစ္ခဲ့ၿပီး ေက်ာင္းသား၊ေက်ာင္းသူ ၉၄၉၈၅ ဦးဝင္ေရာက္ေျဖဆိုခဲ့သည္ဟု ဧရာဝတီတိုင္းပညာေရးမႉး႐ုံးမွ သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here