အသက် ၁၂ နှစ်အောက်ကလေးငယ်များအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးနှံခွင့် FDA မှခွင့်ပြုထားခြင်းမရှိ

0
157

(Unicode)

အသက် ၁၂ နှစ်အောက်ကလေးငယ်များအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးနှံခွင့် FDA မှခွင့်ပြုထားခြင်းမရှိ

ရန်ကုန်မြို့၊တာမွေမြို့နယ်ရှိ ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် အသက် ၂ နှစ်မှ ၁၈ နှစ်အတွင်းအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးနှံနိုင်ပြီဖြစ်ကြောင့် ရေးသားဖော်ပြထားမှုနှင့်ပတ်သက်၍ လူ မှုကွန်ယက်စာမျက်နှာများပေါ်၌ ပျံ့နှံ့နေခြင်းအား ရန်ကုန်တိုင်း၊ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဆေးဝါးကြီးကြပ်အဖွဲ့တွေကို ခရိုင်အလိုက်၊မြို့ နယ်အလိုက်၊တိုင်းနဲ့ပြည်နယ်အလိုက်ဖွဲ့စည်းထားတာရှိတယ် အဲဒီကနေစုံစမ်းစစ်ဆေးပြီးလိုအပ်သ လိုဆောင်ရွက်သွားမယ် လတ်တလော အနေနဲ့ခွင့်မပြုထားဘူးလို့ပြောတာပါ”ဟု ကျန်းမာရေးဝန် ကြီးဌာန၊ရန်ကုန်တိုင်း၊ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာသန်းနိုင်စိုးကပြောသည်။

မြန်မာနိုင်ငံတွင် အသက် ၁၂ နှစ်နှင့်အထက်များကိုသာ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)ရော ဂါကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်ဟု ဒေါက်တာသန်းနိုင်စိုး၏ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာန ကိုယ်တိုင်မစသေးတဲ့ကိစ္စကိုမှ ပြင်ပကိုလည်းပေးမထားသေးပါဘူး”ဟု ညွှန်ကြားရေးမှူးဒေါက်တာသန်းနိုင်စိုးကပြောသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွတ်ကဲရေးဦးစီးဌာန(FDA)အနေဖြင့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး အသုံးပြုခွင့်အား အသက် ၁၂ နှစ်အောက် အသက်အုပ်စုအ တွက် ခွင့်ပြုထားခြင်းမရှိဘဲ ရန်ကုန်တိုင်း၊ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူ များက အဆိုပါကိစ္စအား စုံစမ်းစစ်ဆေးမှုများပြု လုပ်လျက်ရှိသည်ဟု နစက မှထုတ်ပြန်ထား သည်။

(Zawgyi)

အသက္ ၁၂ ႏွစ္ေအာက္ကေလးငယ္မ်ားအား ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆးထိုးႏွံခြင့္ FDA မွခြင့္ျပဳထားျခင္းမရွိ

ရန္ကုန္ၿမိဳ႕၊တာေမြၿမိဳ႕နယ္ရွိ ပုဂၢလိကေဆးခန္းတစ္ခုတြင္ အသက္ ၂ ႏွစ္မွ ၁၈ ႏွစ္အတြင္းအား ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆးထိုးႏွံႏိုင္ၿပီျဖစ္ေၾကာင့္ ေရးသားေဖာ္ျပထားမႈႏွင့္ပတ္သက္၍ လူ မႈကြန္ယက္စာမ်က္ႏွာမ်ားေပၚ၌ ပ်ံ႕ႏွံ႔ေနျခင္းအား ရန္ကုန္တိုင္း၊ျပည္သူ႔က်န္းမာေရးႏွင့္ကုသေရးဦးစီးဌာနမွ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

“ေဆးဝါးႀကီးၾကပ္အဖြဲ႕ေတြကို ခ႐ိုင္အလိုက္၊ၿမိဳ႕ နယ္အလိုက္၊တိုင္းနဲ႔ျပည္နယ္အလိုက္ဖြဲ႕စည္းထားတာရွိတယ္ အဲဒီကေနစုံစမ္းစစ္ေဆးၿပီးလိုအပ္သ လိုေဆာင္႐ြက္သြားမယ္ လတ္တေလာ အေနနဲ႔ခြင့္မျပဳထားဘူးလို႔ေျပာတာပါ”ဟု က်န္းမာေရးဝန္ ႀကီးဌာန၊ရန္ကုန္တိုင္း၊ျပည္သူ႔က်န္းမာေရးႏွင့္ကုသေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးေဒါက္တာသန္းႏိုင္စိုးကေျပာသည္။

ျမန္မာႏိုင္ငံတြင္ အသက္ ၁၂ ႏွစ္ႏွင့္အထက္မ်ားကိုသာ က်န္းမာေရးဝန္ႀကီးဌာနမွ ကိုဗစ္(၁၉)ေရာ ဂါကာကြယ္ေဆးမ်ားထိုးႏွံေပးလ်က္ရွိသည္ဟု ေဒါက္တာသန္းႏိုင္စိုး၏ေျပာၾကားခ်က္အရ သိရသည္။

“ကြၽန္ေတာ္တို႔ က်န္းမာေရးဝန္ႀကီးဌာန ကိုယ္တိုင္မစေသးတဲ့ကိစၥကိုမွ ျပင္ပကိုလည္းေပးမထားေသးပါဘူး”ဟု ၫႊန္ၾကားေရးမႉးေဒါက္တာသန္းႏိုင္စိုးကေျပာသည္။

ထို႔ျပင္ က်န္းမာေရးဝန္ႀကီးဌာန၊အစားအေသာက္ႏွင့္ေဆးဝါးကြတ္ကဲေရးဦးစီးဌာန(FDA)အေနျဖင့္ ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆး အသုံးျပဳခြင့္အား အသက္ ၁၂ ႏွစ္ေအာက္ အသက္အုပ္စုအ တြက္ ခြင့္ျပဳထားျခင္းမရွိဘဲ ရန္ကုန္တိုင္း၊ျပည္သူ႔က်န္းမာေရးႏွင့္ကုသေရးဦးစီးဌာနမွ တာဝန္ရွိသူ မ်ားက အဆိုပါကိစၥအား စုံစမ္းစစ္ေဆးမႈမ်ားျပဳ လုပ္လ်က္ရွိသည္ဟု နစက မွထုတ္ျပန္ထား သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here