ချမ်းမြသာစည်မြို့နယ်တွင် လက်လုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီး အမျိုးသားနှစ်ဦးသေဆုံး

0
291

ချမ်းမြသာစည်မြို့နယ်တွင် လက်လုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီး အမျိုးသားနှစ်ဦးသေဆုံး

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊မြို့သစ်(၁)ရပ်ကွက်၊ ၇၃လမ်းx၁၀၇လမ်းဆုံတွင် ဖေဖော်ဝါရီလ၂၇ ရက် နံနက်၃နာရီ၅၀မိနစ်အချိန်က လက်လုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီး အမျိုးသားနှစ်ဦးသေဆုံးခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

“ပေါက်ကွဲအားက တော်တော်ပြင်းတော့ခန္ဓာကိုယ်အောက်ပိုင်းတွေ အတော်လေးထိခိုက်သွားတာတွေ့ရပါတယ်”ဟု လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းကပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ်၊ မြို့ သစ်(၁)ရပ်ကွက်၊ ၇၃လမ်းx၁၀၇လမ်းဆုံတွင် ဆိုင်ကယ်(၁)စီးနှင့် အမည်မသိ အမျိုးသား(၂)ဦး သေဆုံးနေသည်ကို တွေ့ရှိရသောကြောင့် ပတ်ဝန်းကျင်ရှိ CCTV များအား စစ်ဆေးကြည့်ရှုခဲ့ရာ ၇၃လမ်း အတိုင်း တောင်မှ မြောက်သို့ ဆိုင်ကယ်(၂)စီး၊ အမည်မသိ လူ(၄)ဦး မောင်းနှင်လာပြီး ၇၃လမ်းx၁၀၇လမ်းထောင့်တွင် မိုင်းထောင်နေစဉ် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့
ပြီး သေဆုံးသူ၏ ဘေးတွင် မိုင်းဟုယူဆရသော ပုလင်းပုံသဏ္ဌာန် စိစစ်တွေ့ရှိရကာ CCTV မှတ်တမ်းများအရ လူ(၁)ဦးမှာ ဆိုင်ကယ်(၁)စီးဖြင့် ၁၀၇လမ်းတိုင်း မောင်းနှင် ထွက်ပြေးသွားပြီး ကျန်(၁)ဦးမှာ ၇၃လမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ လမ်းလျှောက်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်းနှင့်သေဆုံးသွားသူအနီးတွင် ကွန်ကျူးပိုက်ဖြင့် ပြုလုပ်ထားသော အလျား(၁၅)လက်မ၊ အနံ (၄)လက်မခန့်ရှိ လက်လုပ်မိုင်း (၁)လုံး၊ ပုလင်းပုံ လက်ပစ်ဗုံး ၁လုံး၊ ကီးပက်ဖုန်း(ဆင်းကတ်ပါ) ၁လုံး၊ 9mm ပစ္စတိုသေတ်(၁) လက်၊ ကျည်အိမ် ၁ခု၊ USA 9 mm Luger ကျည် (၁၄) တောင့်နှင့် CZI ဆိုင်ကယ်(၁)စီး(နံပတ်မပါ) ၁စီးတို့အား သိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။

မန္တလေးခရိုင်အတွင်း ဖေဖော်ဝါရီလတွင် လက်လုပ်ဗုံး/မိုင်းပေါက်ကွဲမှုဖြစ်စဉ် ၇ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

Zaw Gyi

ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ လက္လုပ္မိုင္းေပါက္ကြဲမႈ ျဖစ္ပြားၿပီး အမ်ိဳးသားႏွစ္ဦးေသဆုံး

မႏၲေလးၿမိဳ႕၊ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ၿမိဳ႕သစ္(၁)ရပ္ကြက္၊ ၇၃လမ္းx၁၀၇လမ္းဆုံတြင္ ေဖေဖာ္ဝါရီလ၂၇ ရက္ နံနက္၃နာရီ၅၀မိနစ္အခ်ိန္က လက္လုပ္မိုင္းေပါက္ကြဲမႈ ျဖစ္ပြားၿပီး အမ်ိဳးသားႏွစ္ဦးေသဆုံးခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕အသိုင္းအဝိုင္းမွ စုံစမ္းသိရွိရသည္။

“ေပါက္ကြဲအားက ေတာ္ေတာ္ျပင္းေတာ့ခႏၶာကိုယ္ေအာက္ပိုင္းေတြ အေတာ္ေလးထိခိုက္သြားတာေတြ႕ရပါတယ္”ဟု လုံၿခဳံေရးတပ္ဖြဲ႕အသိုင္းအဝိုင္းကေျပာသည္။

ေပါက္ကြဲမႈျဖစ္စဥ္မွာ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၿမိဳ႕ သစ္(၁)ရပ္ကြက္၊ ၇၃လမ္းx၁၀၇လမ္းဆုံတြင္ ဆိုင္ကယ္(၁)စီးႏွင့္ အမည္မသိ အမ်ိဳးသား(၂)ဦး ေသဆုံးေနသည္ကို ေတြ႕ရွိရေသာေၾကာင့္ ပတ္ဝန္းက်င္ရွိ CCTV မ်ားအား စစ္ေဆးၾကည့္ရႈခဲ့ရာ ၇၃လမ္း အတိုင္း ေတာင္မွ ေျမာက္သို႔ ဆိုင္ကယ္(၂)စီး၊ အမည္မသိ လူ(၄)ဦး ေမာင္းႏွင္လာၿပီး ၇၃လမ္းx၁၀၇လမ္းေထာင့္တြင္ မိုင္းေထာင္ေနစဥ္ မိုင္းေပါက္ကြဲမႈျဖစ္ပြားခဲ့
ၿပီး ေသဆုံးသူ၏ ေဘးတြင္ မိုင္းဟုယူဆရေသာ ပုလင္းပုံသဏၭာန္ စိစစ္ေတြ႕ရွိရကာ CCTV မွတ္တမ္းမ်ားအရ လူ(၁)ဦးမွာ ဆိုင္ကယ္(၁)စီးျဖင့္ ၁၀၇လမ္းတိုင္း ေမာင္းႏွင္ ထြက္ေျပးသြားၿပီး က်န္(၁)ဦးမွာ ၇၃လမ္းအတိုင္း ေျမာက္ဘက္မွ ေတာင္ဘက္သို႔ လမ္းေလွ်ာက္ထြက္ေျပးသြားခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ေသဆုံးသြားသူအနီးတြင္ ကြန္က်ဴးပိုက္ျဖင့္ ျပဳလုပ္ထားေသာ အလ်ား(၁၅)လက္မ၊ အနံ (၄)လက္မခန႔္ရွိ လက္လုပ္မိုင္း (၁)လုံး၊ ပုလင္းပုံ လက္ပစ္ဗုံး ၁လုံး၊ ကီးပက္ဖုန္း(ဆင္းကတ္ပါ) ၁လုံး၊ 9mm ပစၥတိုေသတ္(၁) လက္၊ က်ည္အိမ္ ၁ခု၊ USA 9 mm Luger က်ည္ (၁၄) ေတာင့္ႏွင့္ CZI ဆိုင္ကယ္(၁)စီး(နံပတ္မပါ) ၁စီးတို႔အား သိမ္းဆည္း ရမိခဲ့ေၾကာင္းသိရသည္။

မႏၲေလးခ႐ိုင္အတြင္း ေဖေဖာ္ဝါရီလတြင္ လက္လုပ္ဗုံး/မိုင္းေပါက္ကြဲမႈျဖစ္စဥ္ ၇ႀကိမ္ထက္မနည္း ျဖစ္ပြားခဲ့ေၾကာင္းလည္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here