လှိုင်သာယာ စက်မှုဇုန်အပိုင်း(၄) မြဝတီမင်းကြီးလမ်းတွင် မီးလောင်မှုဖြစ်ပွား

0
197

(Unicode)

လှိုင်သာယာ စက်မှုဇုန်အပိုင်း(၄) မြဝတီမင်းကြီးလမ်းတွင် မီးလောင်မှုဖြစ်ပွား

ယနေ့ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၉ နာရီ ၅၄ မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်အပိုင်း(၄)၊ မြဝတီမင်းကြီးလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး Level 3 ယာဉ်အုပ်စုများဖြင့် ထွက်ခွာငြိမ်းသတ်ရသည်အထိ မီးလောင်မှု ကြီးမားခဲ့သည်။

မနက် ၁၀နာရီ ၂၈ အချိန်တွင် မီးထိန်းနိုင်ကာ မနက် ၁၀နာရီ ၄၄ အချိန်တွင် မီးငြိမ်းသွားပြီဟု မီးသတ်တပ်ဖွဲ့က နောက်ဆုံးသတင်းထုတ်ပြန်ထားသည်။

မီးလောင်မှု အကြောင်းအရင်းအသေးစိတ်နှင့် ပျက်ဆီးဆုံးရှုံးမှုမည်မျှရှိခဲ့သည်ကိုမူ ယခုအချိန်အထိ မသိရှိရသေးပေ။

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်၊ ရတနာလမ်း၊ Super One အနီးတွင် ယနေ့ နံနက် ၉ နာရီကျော် အချိန်ခန့်ကလည်း မီးလောင်မှုဖြစ်ပွားခဲ့၍ မီးသတ်တပ်ဖွဲ့က Level – 2 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရသေးကြောင်းသိရသည်။

Photo – MFSD

(Zawgyi)

လႈိင္သာယာ စက္မႈဇုန္အပိုင္း(၄) ျမဝတီမင္းႀကီးလမ္းတြင္ မီးေလာင္မႈျဖစ္ပြား

ယေန႔ ေဖေဖာ္ဝါရီ ၂၈ ရက္ နံနက္ ၉ နာရီ ၅၄ မိနစ္ အခ်ိန္ခန႔္က ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္၊ စက္မႈဇုန္အပိုင္း(၄)၊ ျမဝတီမင္းႀကီးလမ္းတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး Level 3 ယာဥ္အုပ္စုမ်ားျဖင့္ ထြက္ခြာၿငိမ္းသတ္ရသည္အထိ မီးေလာင္မႈ ႀကီးမားခဲ့သည္။

မနက္ ၁၀နာရီ ၂၈ အခ်ိန္တြင္ မီးထိန္းႏိုင္ကာ မနက္ ၁၀နာရီ ၄၄ အခ်ိန္တြင္ မီးၿငိမ္းသြားၿပီဟု မီးသတ္တပ္ဖြဲ႕က ေနာက္ဆုံးသတင္းထုတ္ျပန္ထားသည္။

မီးေလာင္မႈ အေၾကာင္းအရင္းအေသးစိတ္ႏွင့္ ပ်က္ဆီးဆုံးရႈံးမႈမည္မွ်ရွိခဲ့သည္ကိုမူ ယခုအခ်ိန္အထိ မသိရွိရေသးေပ။

ရန္ကုန္တိုင္းေဒသႀကီး၊ တာေမြၿမိဳ႕နယ္၊ မာန္ေအာင္ရပ္ကြက္၊ ရတနာလမ္း၊ Super One အနီးတြင္ ယေန႔ နံနက္ ၉ နာရီေက်ာ္ အခ်ိန္ခန႔္ကလည္း မီးေလာင္မႈျဖစ္ပြားခဲ့၍ မီးသတ္တပ္ဖြဲ႕က Level – 2 ယာဥ္အုပ္စုမ်ား ထြက္ခြာျငႇိမ္းသတ္ခဲ့ရေသးေၾကာင္းသိရသည္။

Photo – MFSD


LEAVE A REPLY

Please enter your comment!
Please enter your name here