မန္တလေးပြည်ကြီးတံခွန်မြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ကာ အမျိုးသားတစ်ဦးသေဆုံး

0
166

(Unicode)

မန္တလေးပြည်ကြီးတံခွန်မြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ကာ အမျိုးသားတစ်ဦးသေဆုံး

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊၊တောင်မြင့်ရပ်ကွက်၊၇၈လမ်း(ရန်-မန်း)လမ်းဟောင်း၊၁၃၄(သခင်ဖိုးလှကြီး)လမ်း၊ရတနာပုံတက္ကသိုလ်မီးပွိုင့်အနီးတွင် ဖေဖော်ဝါရီ(၂၇)ရက်နံနက် ၅နာရီခွဲက Scoopy ဆိုင်ကယ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

“ရုပ်အလောင်းကအတော်လေး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်မှာ ပြည်ကြီးတံခွန်မြို့နယ်၊တောင့်မြင့်ရပ်ကွက်၊၇၈လမ်း(ရန်-မန်း)လမ်းဟောင်း၊၁၃၄ (သခင်ဖိုးလှကြီး)လမ်း၊ရတနာပုံတက္ကသိုလ်မီးပွိုင့်တွင် မြောက်မှတောင်သို့ မောင်းနှင်လာသော Scoopy ဆိုင်ကယ်(အနက်ရောင်) မောင်းနှင်သူအမျိုးသားတစ်ဦးမှာ ဆိုင်ကယ်တူးဘောက်အတွင်း ပါရှိသော ၎င်း၏
လက်လုပ်မိုင်းချိန်ကိုက်မိုင်းပေါက်ကွဲသောကြောင့် အခင်းဖြစ်နေရာတွင် အောက်ပိုင်းပြတ်ထွက်ပြီးသေဆုံး ခဲ့ ပြီး သေဆုံးသူအား .လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊တောင့်မြင့်ရပ်ကွက်၊၇၈လမ်း(ရန်-မန်း)လမ်းဟောင်း၊၁၃၄(သခင်ဖိုးလှကြီး) လမ်း၊ရတနာပုံတက္ကသိုလ်မီးပွိုင့်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ၂၄ရက်ကလည်း လက်လုပ်မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးတစ်ဦးအပါအဝင် လူ၁၀ဦးထိခိုက်ဒဏ်ရာရရှိမှုဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

(Zawgyi)

မႏၲေလးျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ေပါက္ကြဲမႈျဖစ္ကာ အမ်ိဳးသားတစ္ဦးေသဆုံး

မႏၲေလးၿမိဳ႕၊ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊၊ေတာင္ျမင့္ရပ္ကြက္၊၇၈လမ္း(ရန္-မန္း)လမ္းေဟာင္း၊၁၃၄(သခင္ဖိုးလွႀကီး)လမ္း၊ရတနာပုံတကၠသိုလ္မီးပြိဳင့္အနီးတြင္ ေဖေဖာ္ဝါရီ(၂၇)ရက္နံနက္ ၅နာရီခြဲက Scoopy ဆိုင္ကယ္တစ္စီး ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕အသိုင္းအဝိုင္းမွ စုံစမ္းသိရွိရသည္။

“႐ုပ္အေလာင္းကအေတာ္ေလး ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္သြားတယ္”ဟု ေဒသခံတစ္ဦးကေျပာသည္။

ေပါက္ကြဲမႈျဖစ္စဥ္မွာ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ေတာင့္ျမင့္ရပ္ကြက္၊၇၈လမ္း(ရန္-မန္း)လမ္းေဟာင္း၊၁၃၄ (သခင္ဖိုးလွႀကီး)လမ္း၊ရတနာပုံတကၠသိုလ္မီးပြိဳင့္တြင္ ေျမာက္မွေတာင္သို႔ ေမာင္းႏွင္လာေသာ Scoopy ဆိုင္ကယ္(အနက္ေရာင္) ေမာင္းႏွင္သူအမ်ိဳးသားတစ္ဦးမွာ ဆိုင္ကယ္တူးေဘာက္အတြင္း ပါရွိေသာ ၎၏
လက္လုပ္မိုင္းခ်ိန္ကိုက္မိုင္းေပါက္ကြဲေသာေၾကာင့္ အခင္းျဖစ္ေနရာတြင္ ေအာက္ပိုင္းျပတ္ထြက္ၿပီးေသဆုံး ခဲ့ ၿပီး ေသဆုံးသူအား .လူမႈကူညီေရးအသင္းယာဥ္ျဖင့္ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း စုံစမ္းသိရွိရသည္။

ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ေတာင့္ျမင့္ရပ္ကြက္၊၇၈လမ္း(ရန္-မန္း)လမ္းေဟာင္း၊၁၃၄(သခင္ဖိုးလွႀကီး) လမ္း၊ရတနာပုံတကၠသိုလ္မီးပြိဳင့္တြင္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ၂၄ရက္ကလည္း လက္လုပ္မိုင္းေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ၿပီး ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးတစ္ဦးအပါအဝင္ လူ၁၀ဦးထိခိုက္ဒဏ္ရာရရွိမႈျဖစ္စဥ္ျဖစ္ပြားခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here