ရှမ်းပြည် ပန်ခမ်းမြို့၌ ကိုဗစ်(၁၉)ရောဂါပိုးကူးစက်ခံထားရသူများတွေ့ရှိရသဖြင့်မြို့အား Lockdown ချမည်

0
76

(Unicode)

ရှမ်းပြည် ပန်ခမ်းမြို့၌ ကိုဗစ်(၁၉)ရောဂါပိုးကူးစက်ခံထားရသူများတွေ့ရှိရသဖြင့်မြို့အား Lockdown ချမည်

ရှမ်းပြည်(မြောက်ပိုင်း)ရှိ “ဝ”(UWSA)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်းမြို့၌ ကိုဗစ်(၁၉) ရောဂါပိုးကူးစက်ခံထားရသူ ၂ ဦးအားစစ်ဆေးတွေ့ရှိရသဖြင့် ပန်ခမ်းမြို့အား မတ် ၁ ရက်(မ နက်ဖြန်)မှစတင်၍ Lockdown ချသွားမည်ဖြစ် ကြောင်း ကိုဗစ်(၁၉)ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့မှသိရသည်။

ပန်ခမ်းမြို့အား Lockdown ချမည့်အပြင် မြို့၌ နေထိုင်သူများအားလုံးကိုလည်း ကိုဗစ်(၁၉)ရော ဂါပိုးကူးစက်ခံထားရခြင်း ရှိ၊မရှိအား အာခေါင်တို့ဖတ်ယူ၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

မတ် ၁ ရက်မှ ၅ ရက်နေ့အထိ ၅ ရက်တိုင် ပန်ခမ်းမြို့အား Lockdown ချမှတ်၍ အာခေါင်တို့ဖတ်ယူကာစစ်ဆေးသွားမည်ဖြစ်ပြီး ပြောင်းလဲချက်များရှိပါက ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဟုတ်တယ် မြို့ကိုအဝင်အထွက်ပိတ်ပြီး အာ ခေါင်တို့ဖတ်ယူမယ်လို့ကြေညာနေတာတွေ့တယ် ပန်ခမ်းမှာကကိုဗစ်နဲ့ပတ်သက်ရင်အတော်ကြီးကို ဂရုတစိုက်နဲ့လုပ်တယ်”ဟုပန်ခမ်းမြို့သို့ရောက်ရှိနေသူတစ်ဦးကပြောသည်။

ကိုဗစ်(၁၉)ရောဂါပိုးကူးစက်ခံထားရသူနှစ်ဦးနှင့် ထိတွေ့ဆက်ဆံခဲ့သူများအား ကိုဗစ်(၁၉)ရောဂါ ပိုးကူးစက်ခံထားရခြင်း ရှိ၊မရှိအား အာခေါင်တို့ ဖတ်ယူရန်လုပ်ဆောင်ခဲ့သော်လည်း ပိုမိုထိရောက်မှုရှိစေရန် ပန်ခမ်းတစ်မြို့လုံးအား စစ်ဆေးရန် ကိုဗစ်(၁၉)ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လုပ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ခြင်းမရှိသူများအား ဒဏ်ငွေယွမ် ၂၀၀၀ ချမှတ်သွားမည်ဖြစ်ပြီး ကိုဗစ်(၁၉)ရောဂါစည်းမျဉ်းဥပဒေနှင့်အ ညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ပုံစာ-၂၀၂၁ ခုနှစ်၊သြဂုတ်လက ပန်ခမ်းမြို့အား Lockdown ချထားစဥ်နှင့်အာခေါင်တို့ဖတ်ယူ၍ စစ်ဆေးနေစဥ်။

(Zawgyi)

ရွမ္းျပည္ ပန္ခမ္းၿမိဳ႕၌ ကိုဗစ္(၁၉)ေရာဂါပိုးကူးစက္ခံထားရသူမ်ားေတြ႕ရွိရသျဖင့္ၿမိဳ႕အား Lockdown ခ်မည္

ရွမ္းျပည္(ေျမာက္ပိုင္း)ရွိ “ဝ”(UWSA)ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ပန္ခမ္းၿမိဳ႕၌ ကိုဗစ္(၁၉) ေရာဂါပိုးကူးစက္ခံထားရသူ ၂ ဦးအားစစ္ေဆးေတြ႕ရွိရသျဖင့္ ပန္ခမ္းၿမိဳ႕အား မတ္ ၁ ရက္(မ နက္ျဖန္)မွစတင္၍ Lockdown ခ်သြားမည္ျဖစ္ ေၾကာင္း ကိုဗစ္(၁၉)ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအဖြဲ႕မွသိရသည္။

ပန္ခမ္းၿမိဳ႕အား Lockdown ခ်မည့္အျပင္ ၿမိဳ႕၌ ေနထိုင္သူမ်ားအားလုံးကိုလည္း ကိုဗစ္(၁၉)ေရာ ဂါပိုးကူးစက္ခံထားရျခင္း ရွိ၊မရွိအား အာေခါင္တို႔ဖတ္ယူ၍ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

မတ္ ၁ ရက္မွ ၅ ရက္ေန႔အထိ ၅ ရက္တိုင္ ပန္ခမ္းၿမိဳ႕အား Lockdown ခ်မွတ္၍ အာေခါင္တို႔ဖတ္ယူကာစစ္ေဆးသြားမည္ျဖစ္ၿပီး ေျပာင္းလဲခ်က္မ်ားရွိပါက ထပ္မံအသိေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဟုတ္တယ္ ၿမိဳ႕ကိုအဝင္အထြက္ပိတ္ၿပီး အာ ေခါင္တို႔ဖတ္ယူမယ္လို႔ေၾကညာေနတာေတြ႕တယ္ ပန္ခမ္းမွာကကိုဗစ္နဲ႔ပတ္သက္ရင္အေတာ္ႀကီးကို ဂ႐ုတစိုက္နဲ႔လုပ္တယ္”ဟုပန္ခမ္းၿမိဳ႕သို႔ေရာက္ရွိေနသူတစ္ဦးကေျပာသည္။

ကိုဗစ္(၁၉)ေရာဂါပိုးကူးစက္ခံထားရသူႏွစ္ဦးႏွင့္ ထိေတြ႕ဆက္ဆံခဲ့သူမ်ားအား ကိုဗစ္(၁၉)ေရာဂါ ပိုးကူးစက္ခံထားရျခင္း ရွိ၊မရွိအား အာေခါင္တို႔ ဖတ္ယူရန္လုပ္ေဆာင္ခဲ့ေသာ္လည္း ပိုမိုထိေရာက္မႈရွိေစရန္ ပန္ခမ္းတစ္ၿမိဳ႕လုံးအား စစ္ေဆးရန္ ကိုဗစ္(၁၉)ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအဖြဲ႕မွ ေဆာင္႐ြက္လ်က္ရွိျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ လုပ္ေဆာင္ရာတြင္ ပူးေပါင္းပါဝင္ျခင္းမရွိသူမ်ားအား ဒဏ္ေငြယြမ္ ၂၀၀၀ ခ်မွတ္သြားမည္ျဖစ္ၿပီး ကိုဗစ္(၁၉)ေရာဂါစည္းမ်ဥ္းဥပေဒႏွင့္အ ညီ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

ပုံစာ-၂၀၂၁ ခုႏွစ္၊ၾသဂုတ္လက ပန္ခမ္းၿမိဳ႕အား Lockdown ခ်ထားစဥ္ႏွင့္အာေခါင္တို႔ဖတ္ယူ၍ စစ္ေဆးေနစဥ္။


LEAVE A REPLY

Please enter your comment!
Please enter your name here