မောင်တောတွင် တောဆင်ရိုင်းတိုက်ခိုက်ခံရ၍ ရွာသူတစ်ဦးသေဆုံး

0
125

(Unicode)

မောင်တောတွင် တောဆင်ရိုင်းတိုက်ခိုက်ခံရ၍ ရွာသူတစ်ဦးသေဆုံး

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရွှေတောင်ကျေးရွာမှ အမျိုးသမီးတစ်ဦးဖေဖော်ဝါရီ၂၇ရက် နံနက်ပိုင်းက တောဆင်ရိုင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသည်ဟု ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

သေဆုံးသွားသူမှာ အသက်၃၀အရွယ်ရှိသူဖြစ်ပြီး အဖော်ဖြစ်သူ အသက်၆၂နှစ်အရွယ် ရှိ အမျိုးသမီးနှင့်အတူ ရွှေတောင်ကျေးရွာ အရှေ့ဘက်ရှိမေယုတောင်ခြေရှိ စမ်းချောင်းအတွင်း ငါးရှာဖွေနေစဉ်တောဆင်ရိုင်း တစ်ကောင် ရောက်ရှိလာကာ ရန်ပြုတိုက်ခိုက်ခဲ့ခြင်းကြောင့်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

နောက်တစ်ဦးမှာ နံရိုးကျိုးဒဏ်ရာရရှိခဲ့သဖြင့် မောင်တောမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံနေရကြောင်း သိရှိရသည်။

ဓါတ်ပုံ-တောဆင်ရိုင်းတစ်ကောင်အား မြင်တွေ့ရစဉ်။ယခင်ပုံဟောင်းဖြစ်ပါသည်။

(Zawgyi)

ေမာင္ေတာတြင္ ေတာဆင္႐ိုင္းတိုက္ခိုက္ခံရ၍ ႐ြာသူတစ္ဦးေသဆုံး

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္၊ ေ႐ႊေတာင္ေက်း႐ြာမွ အမ်ိဳးသမီးတစ္ဦးေဖေဖာ္ဝါရီ၂၇ရက္ နံနက္ပိုင္းက ေတာဆင္႐ိုင္းတိုက္ခိုက္ခံရမႈေၾကာင့္ ေသဆုံးသြားသည္ဟု ျပည္နယ္အစိုးရအဖြဲ႕မွ သိရသည္။

ေသဆုံးသြားသူမွာ အသက္၃၀အ႐ြယ္ရွိသူျဖစ္ၿပီး အေဖာ္ျဖစ္သူ အသက္၆၂ႏွစ္အ႐ြယ္ ရွိ အမ်ိဳးသမီးႏွင့္အတူ ေ႐ႊေတာင္ေက်း႐ြာ အေရွ႕ဘက္ရွိေမယုေတာင္ေျခရွိ စမ္းေခ်ာင္းအတြင္း ငါးရွာေဖြေနစဥ္ေတာဆင္႐ိုင္း တစ္ေကာင္ ေရာက္ရွိလာကာ ရန္ျပဳတိုက္ခိုက္ခဲ့ျခင္းေၾကာင့္ေသဆုံးသြားခဲ့ျခင္းျဖစ္သည္။

ေနာက္တစ္ဦးမွာ နံ႐ိုးက်ိဳးဒဏ္ရာရရွိခဲ့သျဖင့္ ေမာင္ေတာၿမိဳ႕ျပည္သူ႔ေဆး႐ုံတြင္ ေဆးကုသမႈခံေနရေၾကာင္း သိရွိရသည္။

ဓါတ္ပုံ-ေတာဆင္႐ိုင္းတစ္ေကာင္အား ျမင္ေတြ႕ရစဥ္။ယခင္ပုံေဟာင္းျဖစ္ပါသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here