စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်နိုင်ထောင်၂၁နှစ်ချမှတ်ခံရ

0
217

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်နိုင်ထောင်၂၁နှစ်ချမှတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာမြင့်နိုင်
အား စွဲဆိုထားသည့် အမှုရာဇဝတ်ကြီးမှုအမှတ် ၁/၂၀၂၁ မှ ၇/၂၀၂၁ အထိ တို့အတွက် အလုပ်နှင့်ထောင်ဒဏ် ၂၁ နှစ် ကျခံစေရန် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်က ဖေဖော်ဝါရီ၂၈ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။

“အမှု တစ်မှုကို ထောင်ဒဏ် ၃ နှစ်စီနဲ့ စုစုပေါင်း အမှု ခုနစ်မှုအတွက် ၂၁နှစ်လို့ အမိန့်ချလိုက်တာဖြစ်ပါတယ်။အလုပ်နဲ့လို့ပါ ချလိုက်တာဖြစ်ပါတယ်”ဟု ရှေ့နေအသိုင်းအဝိုင်းနှင့်နီးစပ်သူကပြောသည်။

ဒေါက်တာမြင့်နိုင်သည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း ၅၀၅အမှုဖြင့် ထောင်၂နှစ်ကျခံထားရသူလည်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ဒါလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း စည်းကမ်းများဖောက်ဖျက်သဖြင့် တင်ဒါကြမ်းခင်းဈေးနှုန်းများ သတင်းပေါက်ကြားပြီး တင်ဒါတန်ဖိုး ကျပ်သန်းပေါင်း ၂၀၀၀၀ ကျော်ရှိသည့် လုပ်ငန်း ၆၆ ခုမှာ မူလ ကြမ်းခင်းဈေးအတိုင်း တင်ဒါအောင်မြင်ခဲ့ကြသည့်အပေါ် နိုင်ငံတော်အတွက် သက်သာခွင့် ရရှိမည့် ငွေကြေးများ ဆုံးရှုံးနစ်နာခဲ့မှုတွင်တာဝန်ရှိခြင်း၊
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တင်ဒါခေါ်ယူ ရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးဦး၏ ကိုယ်ရေးအရာရှိဖြစ်သူ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေလင်းလှိုင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်သန့်စင် တို့အား တင်ဒါလုပ်ငန်း အချက်အလက်များအတွက် ငွေကြေးရယူ ဆောင်ရွက်မှုတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်ခြင်းမပြုနိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်အစီရင်ခံစာအား ဖုံးကွယ်၊ ဖျောက်ဖျက်ခြင်းများ ပြုလုပ်ခဲ့ခြင်းစသည့် စွပ်စွဲချက်များဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်ဟုသိရသည်။

Zaw Gyi

စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ဦးျမင့္ႏိုင္ေထာင္၂၁ႏွစ္ခ်မွတ္ခံရ

စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္တာဝန္ထမ္းေဆာင္ခဲ့ေသာ ေဒါက္တာျမင့္ႏိုင္
အား စြဲဆိုထားသည့္ အမႈရာဇဝတ္ႀကီးမႈအမွတ္ ၁/၂၀၂၁ မွ ၇/၂၀၂၁ အထိ တို႔အတြက္ အလုပ္ႏွင့္ေထာင္ဒဏ္ ၂၁ ႏွစ္ က်ခံေစရန္ စစ္ကိုင္းတိုင္းေဒသႀကီးတရားလႊတ္ေတာ္က ေဖေဖာ္ဝါရီ၂၈ရက္တြင္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္းသိရသည္။

“အမႈ တစ္မႈကို ေထာင္ဒဏ္ ၃ ႏွစ္စီနဲ႔ စုစုေပါင္း အမႈ ခုနစ္မႈအတြက္ ၂၁ႏွစ္လို႔ အမိန္႔ခ်လိုက္တာျဖစ္ပါတယ္။အလုပ္နဲ႔လို႔ပါ ခ်လိုက္တာျဖစ္ပါတယ္”ဟု ေရွ႕ေနအသိုင္းအဝိုင္းႏွင့္နီးစပ္သူကေျပာသည္။

ေဒါက္တာျမင့္ႏိုင္သည္ ၿပီးခဲ့သည့္ ဒီဇင္ဘာလအတြင္းကလည္း ၅၀၅အမႈျဖင့္ ေထာင္၂ႏွစ္က်ခံထားရသူလည္းျဖစ္သည္။

ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာျမင့္ႏိုင္သည္ ႏိုင္ငံေရးရာထူးလက္ရွိျဖစ္ခဲ့စဥ္က ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္ တိုင္းေဒသႀကီး ေငြလုံးေငြရင္းရန္ပုံေငြျဖင့္ တင္ဒါလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ လုပ္ထုံးလုပ္နည္း စည္းကမ္းမ်ားေဖာက္ဖ်က္သျဖင့္ တင္ဒါၾကမ္းခင္းေဈးႏႈန္းမ်ား သတင္းေပါက္ၾကားၿပီး တင္ဒါတန္ဖိုး က်ပ္သန္းေပါင္း ၂၀၀၀၀ ေက်ာ္ရွိသည့္ လုပ္ငန္း ၆၆ ခုမွာ မူလ ၾကမ္းခင္းေဈးအတိုင္း တင္ဒါေအာင္ျမင္ခဲ့ၾကသည့္အေပၚ ႏိုင္ငံေတာ္အတြက္ သက္သာခြင့္ ရရွိမည့္ ေငြေၾကးမ်ား ဆုံးရႈံးနစ္နာခဲ့မႈတြင္တာဝန္ရွိျခင္း၊
၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္ တိုင္းေဒသႀကီးရန္ပုံေငြျဖင့္ ေဆာင္႐ြက္မည့္ တင္ဒါေခၚယူ ရာတြင္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးေဟာင္း ဦးစိုးဦး၏ ကိုယ္ေရးအရာရွိျဖစ္သူ ေရအရင္းအျမစ္ႏွင့္ ျမစ္ေခ်ာင္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေဝလင္းလႈိင္ႏွင့္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဦးစီးအရာရွိ ဦးျမတ္သန႔္စင္ တို႔အား တင္ဒါလုပ္ငန္း အခ်က္အလက္မ်ားအတြက္ ေငြေၾကးရယူ ေဆာင္႐ြက္မႈတို႔အေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒအရ အေရးယူေဆာင္႐ြက္ျခင္းမျပဳႏိုင္ရန္ စုံစမ္းစစ္ေဆးေရးအဖြဲ႕၏ ေတြ႕ရွိခ်က္အစီရင္ခံစာအား ဖုံးကြယ္၊ ေဖ်ာက္ဖ်က္ျခင္းမ်ား ျပဳလုပ္ခဲ့ျခင္းစသည့္ စြပ္စြဲခ်က္မ်ားျဖင့္ တရားစြဲဆိုခံရျခင္းျဖစ္သည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here