ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဟူသည့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ငြိမ်းချမ်းရေးပန်းတိုင်ကို အတူလျှောက်လှမ်းကြရမည်ဟု တပ်မတော်ဖိတ်ခေါ်

0
157

ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဟူသည့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ငြိမ်းချမ်းရေးပန်းတိုင်ကို အတူလျှောက်လှမ်းကြရမည်ဟု တပ်မတော်ဖိတ်ခေါ်

တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၂ ခုနှစ်၊ မတ် ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ရပ်စဲလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကကြေညာချက်ထုတ်ပြန်လိုက်သည်။

စစ်ရေးလှုပ်ရှားမှု တိုးမြှင့်ရပ်ဆိုင်းထားရာတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့်အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ ကျန်အချိန်တွင် ရပ်ဆိုင်းထားမည်ဟုဆိုလိုခြင်းဖြစ်သည်။

နစကက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား NCA အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ထပ်တလဲလဲအကြိမ်ကြိမ်ပြောဆိုထားကာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးအတွက် ထာဝရငြိမ်းချမ်းရေးရရှိရေးသည် လွန်စွာအရေးကြီးကြောင်း ခံယူထားသည်။

တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစ၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက် ပေါင်း အကြိမ်(၂၀)ပြုလုပ်ပေးခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခဲ့ကာ ယခုတစ်ကြိမ်ရပ်စဲပေးမှုက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ အလုပ်သဘောရောက်ရှိ ခဲ့သည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် တွေ့ဆုံမှုအပြီး နှစ်နိုင်ငံသဘောတူထုတ်ပြန်ချက်တွင်ပါသည့် ယခုနှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးကို ဆောင်ရွက်ပေးသွားမည်ဆိုသည့် ထုတ်ပြန်ချက်အတိုင်းအကောင်အထည်ဖော်ခြင်းလည်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တနေသည့် ငြိမ်းချမ်း ရေး ပန်းတိုင်ကို ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဟူသည့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လျှောက်လှမ်းကြရမည်ဖြစ်ပါသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအားလုံးအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျ တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပါဝင် ဆောင်ရွက်နိုင်ကြရန်လည်း မေတ္တာရပ်ခံထားသည်။

Zaw Gyi

ေဆြးေႏြးညႇိႏႈိင္းအေျဖရွာျခင္းဟူသည့္ ဒီမိုကေရစီက်င့္စဥ္ႏွင့္အညီ ၿငိမ္းခ်မ္းေရးပန္းတိုင္ကို အတူေလွ်ာက္လွမ္းၾကရမည္ဟု တပ္မေတာ္ဖိတ္ေခၚ

တပ္မေတာ္၏ စစ္ေရးဆိုင္ရာလႈပ္ရွားမႈမ်ားကို ၂၀၂၂ ခုႏွစ္၊ မတ္ ၁ ရက္ေန႔မွ ဒီဇင္ဘာလ ၃၁ ရက္ေန႔အထိ ထပ္မံတိုးျမႇင့္ရပ္စဲလိုက္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးကေၾကညာခ်က္ထုတ္ျပန္လိုက္သည္။

စစ္ေရးလႈပ္ရွားမႈ တိုးျမႇင့္ရပ္ဆိုင္းထားရာတြင္ ျမန္မာႏိုင္ငံတစ္ဝွမ္းလုံး၌ ႏိုင္ငံေတာ္ကာကြယ္ေရးႏွင့္အုပ္ခ်ဳပ္မႈဆိုင္ရာကိစၥရပ္မ်ားအျပင္ ႏိုင္ငံေတာ္အစိုးရ၏ လုံၿခဳံေရးႏွင့္ အုပ္ခ်ဳပ္ေရးယႏၲရားမ်ားအား ေႏွာင့္ယွက္ထိပါးတိုက္ခိုက္ခ်ိန္မွအပ က်န္အခ်ိန္တြင္ ရပ္ဆိုင္းထားမည္ဟုဆိုလိုျခင္းျဖစ္သည္။

နစကက ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားအား NCA အတိုင္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မည္ဟု ထပ္တလဲလဲအႀကိမ္ႀကိမ္ေျပာဆိုထားကာ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုကို တည္ေဆာက္ေရးအတြက္ ထာဝရၿငိမ္းခ်မ္းေရးရရွိေရးသည္ လြန္စြာအေရးႀကီးေၾကာင္း ခံယူထားသည္။

တပ္မေတာ္အေနျဖင့္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္ေန႔မွစ၍ ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔အထိ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးအတြက္ ထုတ္ျပန္ခ်က္ ေပါင္း အႀကိမ္(၂၀)ျပဳလုပ္ေပးခဲ့ၿပီး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေပးခဲ့ကာ ယခုတစ္ႀကိမ္ရပ္စဲေပးမႈက ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၇ ရက္ေန႔ႏွင့္ ၈ ရက္ေန႔တြင္ ျမန္မာႏိုင္ငံသို႔ အလုပ္သေဘာေရာက္ရွိ ခဲ့သည့္ အာဆီယံအလွည့္က်ဥကၠ႒ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ႏွင့္ ေတြ႕ဆုံမႈအၿပီး ႏွစ္ႏိုင္ငံသေဘာတူထုတ္ျပန္ခ်က္တြင္ပါသည့္ ယခုႏွစ္ကုန္ပိုင္းအထိ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲ ေရးကို ေဆာင္႐ြက္ေပးသြားမည္ဆိုသည့္ ထုတ္ျပန္ခ်က္အတိုင္းအေကာင္အထည္ေဖာ္ျခင္းလည္းျဖစ္သည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ျပည္သူလူထုတစ္ရပ္လုံးလိုလားေတာင့္တေနသည့္ ၿငိမ္းခ်မ္း ေရး ပန္းတိုင္ကို ေဆြးေႏြးညႇိႏႈိင္းအေျဖရွာျခင္းဟူသည့္ ဒီမိုကေရစီက်င့္စဥ္ႏွင့္အညီ ေလွ်ာက္လွမ္းၾကရမည္ျဖစ္ပါသျဖင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ သက္ဆိုင္သူမ်ားအားလုံးအေနျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို လက္ေတြ႕က်က် တိုးျမႇင့္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ေရး ကိုယ္စြမ္း၊ ဉာဏ္စြမ္းရွိသမွ် ပါဝင္ ေဆာင္႐ြက္ႏိုင္ၾကရန္လည္း ေမတၱာရပ္ခံထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here