မန္တလေးချမ်းမြသာစည်မြို့နယ်၊Pullman Hotel အနီးတွင် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွား

0
221

မန္တလေးချမ်းမြသာစည်မြို့နယ်၊Pullman Hotel အနီးတွင် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွား


မန္တလေးမြို့၊ချမ်းမြသာစည်မြိုနယ်၊၇၃လမ်း၊၁၀၇ လမ်းနှင့်၁၀၈လမ်းကြား၊မင်္ဂလာမန္တလေးအိမ်ယာစီမံကိန်းနှင့်Pullman Hotelအနီးတွင် မတ်လ၁ရက်နေ့ မွန်းလွဲ၁နာရီခွဲခန့်က လက်လုပ်မိုင်းပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ သိရသည်။

“လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်မှာ ၊ချမ်းမြသာစည်မြိုနယ်၊၁၀၇ လမ်းနှင့်၁၀၈လမ်းကြား၊မြို့သစ်(၂)ရပ်ကွက်၊၇၃လမ်း ပလက်ဖောင်းဘေးတွင် သတိပေါက်ကွဲတတ်သည်ဟုရေးသားထားသည့် စက္ကူပုံး(၁)ခု တွေ့ရှိကြောင်း သတင်းရရှိသဖြင့် မိုင်းရှင်းလင်း ရေးအဖွဲ့မှ စက္ကူပုံးအား ရှင်းလင်းခဲ့ရာ စက္ကူပုံးတွေ့ရှိသည့်နေရာအနီး ဝဲဘက်(၁)ပေခန့်အကွာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စက္ကူပုံးအတွင်းမှ အုတ်ခဲကျိုးအတိုအစများတွေ့ရှိခဲ့ပြီး လမ်းဘေးပလက်ဖောင်း အနည်းငယ်ကျိုးပဲ့ပျက်စီးခဲ့ပြီး အခင်းဖြစ်နေရာမှ လက်လုပ်မိုင်းပြုလုပ် ရာတွင်အသုံးပြုသည့် ပေါက်ကွဲပြီးကွန်ကျူးပိုက်အပိုင်းအစနှင့်သံအပိုင်းအစများကို တွေ့ရှိခဲ့ရကြောင်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ၂၇ရက်၊နံနက်၃နာရီ၅၀မိနစ်အချိန်ကလည်း အဆိုပါရပ်ကွက်ရှိ ၇၃လမ်းနှင့်၁၀၇ လမ်းဒေါင့်တွင်လက်လုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီး လက်လုပ်မိုင်းလာထောင်သည့် အမျိုးသားနှစ်ဦးသေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

Zaw Gyi

မႏၲေလးခ်မ္းျမသာစည္ၿမိဳ႕နယ္၊Pullman Hotel အနီးတြင္ လက္လုပ္မိုင္းေပါက္ကြဲမႈျဖစ္ပြား


မႏၲေလးၿမိဳ႕၊ခ်မ္းျမသာစည္ၿမိဳနယ္၊၇၃လမ္း၊၁၀၇ လမ္းႏွင့္၁၀၈လမ္းၾကား၊မဂၤလာမႏၲေလးအိမ္ယာစီမံကိန္းႏွင့္Pullman Hotelအနီးတြင္ မတ္လ၁ရက္ေန႔ မြန္းလြဲ၁နာရီခြဲခန္႔က လက္လုပ္မိုင္းေပါက္ကြဲမႈ တစ္ခု
ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕အသိုင္းအဝိုင္းမွ သိရသည္။

“လူထိခိုက္မႈမရွိဘူးလို႔ သိရပါတယ္”ဟု ၿမိဳ႕ခံတစ္ဦးကေျပာသည္။

ေပါက္ကြဲမႈျဖစ္စဥ္မွာ ၊ခ်မ္းျမသာစည္ၿမိဳနယ္၊၁၀၇ လမ္းႏွင့္၁၀၈လမ္းၾကား၊ၿမိဳ႕သစ္(၂)ရပ္ကြက္၊၇၃လမ္း ပလက္ေဖာင္းေဘးတြင္ သတိေပါက္ကြဲတတ္သည္ဟုေရးသားထားသည့္ စကၠဴပုံး(၁)ခု ေတြ႕ရွိေၾကာင္း သတင္းရရွိသျဖင့္ မိုင္းရွင္းလင္း ေရးအဖြဲ႕မွ စကၠဴပုံးအား ရွင္းလင္းခဲ့ရာ စကၠဴပုံးေတြ႕ရွိသည့္ေနရာအနီး ဝဲဘက္(၁)ေပခန႔္အကြာမွ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ၿပီး စကၠဴပုံးအတြင္းမွ အုတ္ခဲက်ိဳးအတိုအစမ်ားေတြ႕ရွိခဲ့ၿပီး လမ္းေဘးပလက္ေဖာင္း အနည္းငယ္က်ိဳးပဲ့ပ်က္စီးခဲ့ၿပီး အခင္းျဖစ္ေနရာမွ လက္လုပ္မိုင္းျပဳလုပ္ ရာတြင္အသုံးျပဳသည့္ ေပါက္ကြဲၿပီးကြန္က်ဴးပိုက္အပိုင္းအစႏွင့္သံအပိုင္းအစမ်ားကို ေတြ႕ရွိခဲ့ရေၾကာင္း လူထိခိုက္ဒဏ္ရာရရွိမႈ မရွိခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ၂၇ရက္၊နံနက္၃နာရီ၅၀မိနစ္အခ်ိန္ကလည္း အဆိုပါရပ္ကြက္ရွိ ၇၃လမ္းႏွင့္၁၀၇ လမ္းေဒါင့္တြင္လက္လုပ္မိုင္းေပါက္ကြဲမႈ ျဖစ္ပြားၿပီး လက္လုပ္မိုင္းလာေထာင္သည့္ အမ်ိဳးသားႏွစ္ဦးေသဆုံးခဲ့သည့္ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့ေၾကာင္းလည္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here