သစ်လွင်သူနာပြု ၆၈၀ကျော်အား ခန့်အပ်တာဝန်ပေး

0
149

(Unicode)

သစ်လွင်သူနာပြု ၆၈၀ကျော်အား ခန့်အပ်တာဝန်ပေး

နေပြည်တော်၊ မုံရွာ၊ လွိုင်ကော် သူနာပြုသင် ကျောင်းများမှ သင်တန်း ပြီးမြောက်အောင်မြင် ခဲ့သူ သစ်လွင်သူနာပြု ၆၅ ဦး၊ သူနာပြု သားဖွားသင်တန်းကျောင်း ၂၂ ကျောင်းမှ သင်တန်း ပြီးမြောက် အောင်မြင်ခဲ့သူ သစ်လွင်သူနာပြု ၆၁၉ ဦး စုစုပေါင်း သစ်လွင်သူနာပြု ၆၈၄ ဦး ခန့်အား ဖေဖော်ဝါရီ ၂၈ရက်တွင် ခန့်အပ်တာဝန်ပေးခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနကပြောဆိုသည်။

ခန့်အပ်တာဝန်ပေးပွဲကို ကျန်းမာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များ၌ လည်းကောင်း အသီးသီးကျင်းပပြုလုပ်ကာ ခန့်အပ်တာဝန်ပေးလိုက်ခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က ယခု အလုပ်ခန့်အပ် တာဝန်ပေးအပ်ခံရမည့် သူနာပြုဆရာ/ ဆရာမများအနေဖြင့် မိမိတို့တာဝန်ကျရာ နေရာဒေသအသီးသီးသို့ သွားရောက်၍ ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရမည်ဖြစ်ပြီး အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝရုံမျှမက မိမိတို့ သူနာပြု ဆရာ/ ဆရာမများ လိုက်နာရမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကိုလိုက်နာကျင့်ကြံ ကြစေလိုကြောင်းပြောကာ မည်သည့် အခြေအနေမျိုးဖြင့် ကြုံတွေ့ စေကာမှု လူနာများကို တာဝန်မဲ့စွာ စွန့်ခွာသွားခြင်းမျိုး မပြုလုပ်စေလိုကြောင်းလည်း မှာကြားသည်။

လက်ရှိတွင် သစ်လွင်သူနာပြု ၆၈၄ ဦး ခန့်ထားပြီးသည့်အပြင် မကြာမီ သင်တန်းပြီးဆုံး မည့် သားဖွားဆရာမ ၁၆၅ ဦးကိုလည်း အမြန်ဆုံး အလုပ်ခန့်အပ် တာဝန်ပေးသွားရန်ရှိကာ ကျန်ရှိနေသေးသော သူနာပြုသားဖွား သင်တန်း၊ ပေါင်းကူး သင်တန်းများကို ဆက်လက် ဖွင့်လှစ်သွားရန် ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်နေကြောင်းသိရှိရသည်။

(Zawgyi)

သစ္လြင္သူနာျပဳ ၆၈၀ေက်ာ္အား ခန႔္အပ္တာဝန္ေပး

ေနျပည္ေတာ္၊ မုံ႐ြာ၊ လြိဳင္ေကာ္ သူနာျပဳသင္ ေက်ာင္းမ်ားမွ သင္တန္း ၿပီးေျမာက္ေအာင္ျမင္ ခဲ့သူ သစ္လြင္သူနာျပဳ ၆၅ ဦး၊ သူနာျပဳ သားဖြားသင္တန္းေက်ာင္း ၂၂ ေက်ာင္းမွ သင္တန္း ၿပီးေျမာက္ ေအာင္ျမင္ခဲ့သူ သစ္လြင္သူနာျပဳ ၆၁၉ ဦး စုစုေပါင္း သစ္လြင္သူနာျပဳ ၆၈၄ ဦး ခန႔္အား ေဖေဖာ္ဝါရီ ၂၈ရက္တြင္ ခန႔္အပ္တာဝန္ေပးခဲ့သည္ဟု က်န္းမာေရးဝန္ႀကီးဌာနကေျပာဆိုသည္။

ခန႔္အပ္တာဝန္ေပးပြဲကို က်န္းမာေရးဝန္ႀကီးဌာန အစည္း အေဝးခန္းမ၌ လည္းေကာင္း၊ သက္ဆိုင္ရာ တိုင္းေဒသႀကီး/ ျပည္နယ္မ်ား၌ လည္းေကာင္း အသီးသီးက်င္းပျပဳလုပ္ကာ ခန႔္အပ္တာဝန္ေပးလိုက္ျခင္းျဖစ္သည္။

က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္း က ယခု အလုပ္ခန႔္အပ္ တာဝန္ေပးအပ္ခံရမည့္ သူနာျပဳဆရာ/ ဆရာမမ်ားအေနျဖင့္ မိမိတို႔တာဝန္က်ရာ ေနရာေဒသအသီးသီးသို႔ သြားေရာက္၍ ျပည္သူလူထုကို က်န္းမာေရး ေစာင့္ေရွာက္မႈ ေပးရမည္ျဖစ္ၿပီး အရည္အေသြးေရာ အရည္အခ်င္းပါ ျပည့္ဝ႐ုံမွ်မက မိမိတို႔ သူနာျပဳ ဆရာ/ ဆရာမမ်ား လိုက္နာရမည့္ အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာ က်င့္ဝတ္မ်ားကိုလိုက္နာက်င့္ႀကံ ၾကေစလိုေၾကာင္းေျပာကာ မည္သည့္ အေျခအေနမ်ိဳးျဖင့္ ႀကဳံေတြ႕ ေစကာမႈ လူနာမ်ားကို တာဝန္မဲ့စြာ စြန႔္ခြာသြားျခင္းမ်ိဳး မျပဳလုပ္ေစလိုေၾကာင္းလည္း မွာၾကားသည္။

လက္ရွိတြင္ သစ္လြင္သူနာျပဳ ၆၈၄ ဦး ခန႔္ထားၿပီးသည့္အျပင္ မၾကာမီ သင္တန္းၿပီးဆုံး မည့္ သားဖြားဆရာမ ၁၆၅ ဦးကိုလည္း အျမန္ဆုံး အလုပ္ခန႔္အပ္ တာဝန္ေပးသြားရန္ရွိကာ က်န္ရွိေနေသးေသာ သူနာျပဳသားဖြား သင္တန္း၊ ေပါင္းကူး သင္တန္းမ်ားကို ဆက္လက္ ဖြင့္လွစ္သြားရန္ က်န္းမာေရးဝန္ႀကီးဌာနက စီစဥ္ေနေၾကာင္းသိရွိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here