မန္တလေးပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့

0
320

(Unicode)

မန္တလေးပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးဝင်းအတွင်း၌ ဖေဖော်ဝါရီ ၂၈ ရက်ည ၇ နာရီကျော်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

မန္တလေးပြည်သူ့ဆေးရုံကြီးဝင်းအတွင်းသို့ ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသားနှစ်ဦးက ဗုံးဖြင့်ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဗုံးက ဆေးရုံကြီးဝင်းထဲမှာရှိတဲ့ ရင်ခွဲရုံအဝင်အ ထွက်လုပ်တဲ့တံခါးနားမှာပေါက်ကွဲသွားတာပါ ညပိုင်းဆိုရင်ပိတ်ထားတာဖြစ်တဲ့အတွက် လူသွားလူလာလည်းမရှိတဲ့အတွက် ဒဏ်ရာရတဲ့လူမရှိပါဘူး”ဟု မန္တလေးမြို့အခြေစိုက်လူမှုကူညီရေးအ သင်းဝင်တစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပျက်စီးဆုံးရှုံးမှုများမရှိခဲ့ဘဲ လုံခြုံရေးအဖွဲ့ဝင်များမှလည်း အခင်းဖြစ်နေရာအားစစ်ဆေးမှုများနှင့်လမ်းမများပေါ်တွင်လည်း စစ်ဆေးမှုများပြု လုပ်ခဲ့ကြသည်ဟု သိရသည်။

(Zawgyi)

မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးဝင္းအတြင္း ေပါက္ကြဲမႈျဖစ္ပြားခဲ့

မႏၲေလးၿမိဳ႕၊ခ်မ္းေအးသာစံၿမိဳ႕နယ္ရွိ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးဝင္းအတြင္း၌ ေဖေဖာ္ဝါရီ ၂၈ ရက္ည ၇ နာရီေက်ာ္ခန္႔က ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း မႏၲေလးၿမိဳ႕အေျခစိုက္လူမႈကူညီေရးအသင္းမ်ားမွ သိရသည္။

မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးဝင္းအတြင္းသို႔ ဆိုင္ကယ္စီးလာသည့္ အမည္မသိအမ်ိဳးသားႏွစ္ဦးက ဗုံးျဖင့္ပစ္ေပါက္၍ ေမာင္းႏွင္ထြက္ေျပးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဗုံးက ေဆး႐ုံႀကီးဝင္းထဲမွာရွိတဲ့ ရင္ခြဲ႐ုံအဝင္အ ထြက္လုပ္တဲ့တံခါးနားမွာေပါက္ကြဲသြားတာပါ ညပိုင္းဆိုရင္ပိတ္ထားတာျဖစ္တဲ့အတြက္ လူသြားလူလာလည္းမရွိတဲ့အတြက္ ဒဏ္ရာရတဲ့လူမရွိပါဘူး”ဟု မႏၲေလးၿမိဳ႕အေျခစိုက္လူမႈကူညီေရးအ သင္းဝင္တစ္ဦးကေျပာသည္။

ဗုံးေပါက္ကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိမႈႏွင့္ပ်က္စီးဆုံးရႈံးမႈမ်ားမရွိခဲ့ဘဲ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားမွလည္း အခင္းျဖစ္ေနရာအားစစ္ေဆးမႈမ်ားႏွင့္လမ္းမမ်ားေပၚတြင္လည္း စစ္ေဆးမႈမ်ားျပဳ လုပ္ခဲ့ၾကသည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here