ထိုင်းနိုင်ငံ တာ့ခ်ခရိုင်စစ်ဆေးရေးဂိတ်၌ စစ်ဆေးခံခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသည့်ကားပေါ်မှ မြန်မာနိုင်ငံသား ၁၃ ဦးဖမ်းဆီးခံရ

0
158

(Unicode)

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်စစ်ဆေးရေးဂိတ်၌ စစ်ဆေးခံခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသည့်ကားပေါ်မှ မြန်မာနိုင်ငံသား ၁၃ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်၊မဲထော်ရဲစခန်းမှတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၈ ရက်၌ တရားမဝင်မြန်မာ နိုင်ငံသား ၁၃ ဦးနှင့်ကားမောင်းသူထိုင်းလူမျိုးတို့အားဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟွန်ယိုထင်လမ်းပေါ်၌ တရားမဝင်အလုပ်သမားပို့ဆောင်ရေးလုပ်ငန်းများဆောင်ရွက်နေကြောင်း သတင်းအရ မဲထော်ရဲစခန်းမှတပ်ဖွဲ့ဝင်များက နောင်ဘူဝါတိုင့်ကျေးရွား၊ Muang မြို့တွင်းရှိ ဖာဒင်စစ်ဆေးရေးဂိတ်ရှေ့ရှိ ဖဟွန်ယိုထင်လမ်းပေါ် ၌ စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးမှုများပြုလုပ်စဥ် ထိုင်းနိုင်ငံသားတစ်ဦးမောင်းနှင်လာသည့် ကားတစ်စီးသည် စစ် ဆေးခံခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ တာ့ခ်ခရိုင်၊ Muang မြို့၊ ရဟင်ကျေးရွာ၏ စုံဒစ်ဖရာ့ကျောင့်တာ့ခ်စင်ဆေးရုံကြီးလမ်းဆုံ၌ ဖမ်းဆီးမိခဲ့သည်။

ဖမ်းဆီးရမိခဲ့သည့် ကားအားစစ်ဆေးရာ ကားပေါ် ၌ ပုန်းခိုလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၃ ဦးအား တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၁၃ ဦးနှင့်ကားမောင်းသူအား ထိုင်းကျန်းမာရေးအဖွဲ့က ကိုဗစ် (၁၉)ရောဂါပိုးရှိ၊မရှိစစ်ဆေးရာ မြန်မာနိုင်ငံသား ၃ ဦး၌ ရောဂါပိုးတွေ့ရှိခဲ့ရသဖြင့် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိသည်။

ထို့ပြင် ကျန်ရှိသည့်ဖမ်းဆီးခံရသူများအား ထိုင်းနိုင်ငံဥပဒေအရ အရေးယူနိုင်ရေးအတွက် စစ် ဆေးမှုများပြုလုပ်ကာ မဲထော်ရဲစခန်းအချုပ်သို့ ပို့ဆောင်ထားသည်ဟု သိရသည်။

(Zawgyi)

ထိုင္းႏိုင္ငံ တာ့ခ္ခ႐ိုင္စစ္ေဆးေရးဂိတ္၌ စစ္ေဆးခံျခင္းမရွိဘဲ ေမာင္းႏွင္ထြက္ေျပးသည့္ကားေပၚမွ ျမန္မာႏိုင္ငံသား ၁၃ ဦးဖမ္းဆီးခံရ

ထိုင္းႏိုင္ငံ၊တာ့ခ္ခ႐ိုင္၊မဲေထာ္ရဲစခန္းမွတပ္ဖြဲ႕ဝင္မ်ားက ေဖေဖာ္ဝါရီ ၂၈ ရက္၌ တရားမဝင္ျမန္မာ ႏိုင္ငံသား ၁၃ ဦးႏွင့္ကားေမာင္းသူထိုင္းလူမ်ိဳးတို႔အားဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဟြန္ယိုထင္လမ္းေပၚ၌ တရားမဝင္အလုပ္သမားပို႔ေဆာင္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ေနေၾကာင္း သတင္းအရ မဲေထာ္ရဲစခန္းမွတပ္ဖြဲ႕ဝင္မ်ားက ေနာင္ဘူဝါတိုင့္ေက်း႐ြား၊ Muang ၿမိဳ႕တြင္းရွိ ဖာဒင္စစ္ေဆးေရးဂိတ္ေရွ႕ရွိ ဖဟြန္ယိုထင္လမ္းေပၚ ၌ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသည္။

ထိုသို႔ စစ္ေဆးမႈမ်ားျပဳလုပ္စဥ္ ထိုင္းႏိုင္ငံသားတစ္ဦးေမာင္းႏွင္လာသည့္ ကားတစ္စီးသည္ စစ္ ေဆးခံျခင္းမရွိဘဲ ေမာင္းႏွင္ထြက္ေျပးသြားသျဖင့္ လိုက္လံဖမ္းဆီးရာ တာ့ခ္ခ႐ိုင္၊ Muang ၿမိဳ႕၊ ရဟင္ေက်း႐ြာ၏ စုံဒစ္ဖရာ့ေက်ာင့္တာ့ခ္စင္ေဆး႐ုံႀကီးလမ္းဆုံ၌ ဖမ္းဆီးမိခဲ့သည္။

ဖမ္းဆီးရမိခဲ့သည့္ ကားအားစစ္ေဆးရာ ကားေပၚ ၌ ပုန္းခိုလိုက္ပါလာသည့္ ျမန္မာႏိုင္ငံသား ၁၃ ဦးအား ေတြ႕ရွိခဲ့ရျခင္းျဖစ္သည္။

ဖမ္းဆီးရမိသူ ျမန္မာႏိုင္ငံသား ၁၃ ဦးႏွင့္ကားေမာင္းသူအား ထိုင္းက်န္းမာေရးအဖြဲ႕က ကိုဗစ္ (၁၉)ေရာဂါပိုးရွိ၊မရွိစစ္ေဆးရာ ျမန္မာႏိုင္ငံသား ၃ ဦး၌ ေရာဂါပိုးေတြ႕ရွိခဲ့ရသျဖင့္ လိုအပ္သည့္က်န္းမာေရးေစာင့္ေရွာက္မႈမ်ားျပဳလုပ္ေပးလ်က္ရွိသည္။

ထို႔ျပင္ က်န္ရွိသည့္ဖမ္းဆီးခံရသူမ်ားအား ထိုင္းႏိုင္ငံဥပေဒအရ အေရးယူႏိုင္ေရးအတြက္ စစ္ ေဆးမႈမ်ားျပဳလုပ္ကာ မဲေထာ္ရဲစခန္းအခ်ဳပ္သို႔ ပို႔ေဆာင္ထားသည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here