ကလေးမြို့အမှတ်(၈)အ.ထ.က ကျောင်းဝင်းအ တွင်း လက်လုပ်မိုင်းတွေ့ရှိ

0
185

(Unicode)

ကလေးမြို့အမှတ်(၈)အ.ထ.က ကျောင်းဝင်းအ တွင်း လက်လုပ်မိုင်းတွေ့ရှိ

စစ်ကိုင်းတိုင်း၊ကလေးမြို့၊စမ်းမြို့ရပ်ကွက်ရှိ အ မှတ်(၈)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ မတ် ၁ ရက်(ယနေ့)တွင် လက်လုပ်မိုင်းတစ်လုံးထောင်ထားသည်ကို တွေ့ရှိခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

အ.ထ.က(၈)ကျောင်းဝင်းအတွင်းရှိ စက်ဘီး၊ဆိုင်ကယ်များထားသည့် နေရာ၌ နေ့လည် ၁ နာရီကျော်ခန့်က တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

လက်လုပ်မိုင်းတွေ့ရှိမှုအား အ.ထ.က(၈)၏ တာ ဝန်ရှိသူများက နယ်မြေလုံခြုံရေးအဖွဲ့များထံ သ တင်းပေးပို့ခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ရောက်ရှိစစ်ဆေးကာ လက်လုပ်မိုင်းအားသက်မဲ့ပြုလုပ်၍ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မြေကြီးထဲမြှုပ်ထားတာ ပေါက်ကွဲလိုက်ရင်တော့သွားပြီ သတင်းကြားတော့ ကျောင်းသားမိဘတွေအများကြီးရောက်လာကြလို့ ဆရာ၊ဆရာ မတွေအတော်ထိန်းလိုက်ရသေးတယ် မိဘတွေလည်းအရမ်းစိတ်ပူနေကြတာ”ဟု‌ကျောင်းသားမိဘတစ်ဦးကပြောသည်။

အဆိုပါ လက်လုပ်မိုင်းမှာ သံကိုယ်ထည်ဖြင့်ပြု လုပ်ထားပြီး ကီးပက်ဖုန်းဖြင့်တွဲလျက်တပ်ဆင်ထားသည့် လက်လုပ်မိုင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

(Zawgyi)

ကေလးၿမိဳ႕အမွတ္(၈)အ.ထ.က ေက်ာင္းဝင္းအ တြင္း လက္လုပ္မိုင္းေတြ႕ရွိ

စစ္ကိုင္းတိုင္း၊ကေလးၿမိဳ႕၊စမ္းၿမိဳ႕ရပ္ကြက္ရွိ အ မွတ္(၈)အေျခခံပညာအထက္တန္းေက်ာင္းဝင္းအတြင္း၌ မတ္ ၁ ရက္(ယေန႔)တြင္ လက္လုပ္မိုင္းတစ္လုံးေထာင္ထားသည္ကို ေတြ႕ရွိခဲ့ရသည္ဟု ေဒသခံမ်ားထံမွ သိရသည္။

အ.ထ.က(၈)ေက်ာင္းဝင္းအတြင္းရွိ စက္ဘီး၊ဆိုင္ကယ္မ်ားထားသည့္ ေနရာ၌ ေန႔လည္ ၁ နာရီေက်ာ္ခန္႔က ေတြ႕ရွိခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

လက္လုပ္မိုင္းေတြ႕ရွိမႈအား အ.ထ.က(၈)၏ တာ ဝန္ရွိသူမ်ားက နယ္ေျမလုံၿခဳံေရးအဖြဲ႕မ်ားထံ သ တင္းေပးပို႔ခဲ့သျဖင့္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ေရာက္ရွိစစ္ေဆးကာ လက္လုပ္မိုင္းအားသက္မဲ့ျပဳလုပ္၍ ဖယ္ရွားရွင္းလင္းႏိုင္ခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“ေျမႀကီးထဲျမႇဳပ္ထားတာ ေပါက္ကြဲလိုက္ရင္ေတာ့သြားၿပီ သတင္းၾကားေတာ့ ေက်ာင္းသားမိဘေတြအမ်ားႀကီးေရာက္လာၾကလို႔ ဆရာ၊ဆရာ မေတြအေတာ္ထိန္းလိုက္ရေသးတယ္ မိဘေတြလည္းအရမ္းစိတ္ပူေနၾကတာ”ဟု‌ေက်ာင္းသားမိဘတစ္ဦးကေျပာသည္။

အဆိုပါ လက္လုပ္မိုင္းမွာ သံကိုယ္ထည္ျဖင့္ျပဳ လုပ္ထားၿပီး ကီးပက္ဖုန္းျဖင့္တြဲလ်က္တပ္ဆင္ထားသည့္ လက္လုပ္မိုင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here