ဗ.က.သများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ကိုထက်အောင် အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်ချမှတ်ခံရ

0
203

(Unicode)

ဗ.က.သများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ကိုထက်အောင် အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်ချမှတ်ခံရ

ပြည်တက္ကသိုလ်၊ဘူမိဗေဒ(တတိယနှစ်)ကျောင်း သားကိုထက်အောင်အား ပေါင်းတည်အကျဥ်းထောင်တွင်းတရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂ ဖြင့် ယနေ့တွင် အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်ချမှတ်ခဲ့သည်ဟု ပြည်တက္က သိုလ်ကျောင်းသားများသမဂ္ဂမှ သိရသည်။

ကိုထက်အောင်သည် ပြည်တက္ကသိုလ် ကျောင်း သားများသမဂ္ဂ၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်ကာ ဗ.က.သများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်သည်။

၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၆ ရက်တွင် နစက ၏လုံခြုံရေးအဖွဲ့ဝင်များက ကိုထက်အောင်အား ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂ ဖြင့်တရားစွဲဆိုကာ ၄ လခန့်အကြာ၌ အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကိုထက်အောင်သည် ၂၀၂၀ ခုနှစ်အတွင်းကပြည် တွင်းစစ်ဆန့်ကျင်ရေးနှင့်ရ ခိုင်အရေးလှုပ်ရှားမှု‌များကြောင့် ထောင်ဒဏ် ၁ နှစ်ကျခံခဲ့ရသူတစ်ဦးလည်းဖြစ်သည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here