(Unicode)
အမေရိကန်-အာဆီယံ ထိပ်သီးအစည်းဝေးကို ဝါရှင်တန်တွင် ကျင်းပမည်
ဝါရှင်တန်၊ မတ် ၁
သမ္မတ ဂျိုးဘိုင်ဒင်သည် အာဆီယံနိုင်ငံများ မှ ခေါင်းဆောင်များကိုဖိတ်ကြား၍ အထူးထိပ်သီးအစည်းအဝေးကိုခုလနှောင်းပိုင်း၍ ဝါရှင်တန်ဒီစီတွင်လက်ခံကျင်းပမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ယမန်နေ့က ကြေညာခဲ့သည်။
မတ် ၂၈ ရက်မှ ၂၉ ရက်အထိ ထိပ်သီးဆွေးနွေးပွဲကို ကျင်းပရန် စီစဉ်နေကြောင်း နှင့် ၄၅ နှစ်မြောက် အာဆီယံ-အမေရိကန် ဆက်ဆံရေးကို ပြသဖို့ဖြစ်ကြောင်း အိမ်ဖြူတော်သတင်းထောက် Jen Psaki ကပြောကြားခဲ့သည်။
ယင်း အစည်းအဝေးတွင် မြန်မာအားဖိတ် မဖိတ် မသေချာသေးပေ။
အာရှတွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် ဗဟိုအချက်အချာကျသော ဒေသဖြစ်သည့် အရှေ့တောင်အာရှနှင့် ထိတွေ့ဆက်ဆံရန် Biden အစိုးရ၏ ကြိုးပမ်းမှုတွင်ယခု ပြုလုပ်မည့်အစည်းဝေးသည် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်သည်ဟု ဆိုသည်။
Source: The Diplomat
(Zawgyi)
အေမရိကန္-အာဆီယံ ထိပ္သီးအစည္းေဝးကို ဝါရွင္တန္တြင္ က်င္းပမည္
ဝါရွင္တန္၊ မတ္ ၁
သမၼတ ဂ်ိဳးဘိုင္ဒင္သည္ အာဆီယံႏိုင္ငံမ်ား မွ ေခါင္းေဆာင္မ်ားကိုဖိတ္ၾကား၍ အထူးထိပ္သီးအစည္းအေဝးကိုခုလေႏွာင္းပိုင္း၍ ဝါရွင္တန္ဒီစီတြင္လက္ခံက်င္းပမည္ျဖစ္ေၾကာင္း အိမ္ျဖဴေတာ္က ယမန္ေန႔က ေၾကညာခဲ့သည္။
မတ္ ၂၈ ရက္မွ ၂၉ ရက္အထိ ထိပ္သီးေဆြးေႏြးပြဲကို က်င္းပရန္ စီစဥ္ေနေၾကာင္း ႏွင့္ ၄၅ ႏွစ္ေျမာက္ အာဆီယံ-အေမရိကန္ ဆက္ဆံေရးကို ျပသဖို႔ျဖစ္ေၾကာင္း အိမ္ျဖဴေတာ္သတင္းေထာက္ Jen Psaki ကေျပာၾကားခဲ့သည္။
ယင္း အစည္းအေဝးတြင္ ျမန္မာအားဖိတ္ မဖိတ္ မေသခ်ာေသးေပ။
အာရွတြင္ တ႐ုတ္ႏိုင္ငံ၏ ၾသဇာလႊမ္းမိုးမႈကို တန္ျပန္ရန္ ဗဟိုအခ်က္အခ်ာက်ေသာ ေဒသျဖစ္သည့္ အေရွ႕ေတာင္အာရွႏွင့္ ထိေတြ႕ဆက္ဆံရန္ Biden အစိုးရ၏ ႀကိဳးပမ္းမႈတြင္ယခု ျပဳလုပ္မည့္အစည္းေဝးသည္ အေရးႀကီးေသာ မွတ္တိုင္တစ္ခုျဖစ္သည္ဟု ဆိုသည္။
Source: The Diplomat