အ​မေရိကန်-အာဆီယံ ထိပ်သီးအစည်း​ဝေးကို ဝါရှင်တန်တွင် ကျင်းပမည်

0
201

(Unicode)

အ​မေရိကန်-အာဆီယံ ထိပ်သီးအစည်း​ဝေးကို ဝါရှင်တန်တွင် ကျင်းပမည်

ဝါရှင်တန်၊ မတ် ၁

သမ္မတ ဂျိုးဘိုင်ဒင်သည် အာဆီယံနိုင်ငံများ မှ ခေါင်းဆောင်များကိုဖိတ်ကြား၍ အထူးထိပ်သီးအစည်းအဝေးကိုခုလနှောင်းပိုင်း၍ ဝါရှင်တန်ဒီစီတွင်လက်ခံကျင်းပမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ယမန်နေ့က ကြေညာခဲ့သည်။

မတ် ၂၈ ရက်မှ ၂၉ ရက်အထိ ထိပ်သီးဆွေးနွေးပွဲကို ကျင်းပရန် စီစဉ်​နေကြောင်း နှင့် ၄၅ နှစ်မြောက် အာဆီယံ-အမေရိကန် ဆက်ဆံ​ရေးကို ပြသဖို့ဖြစ်​​ကြောင်း အိမ်ဖြူတော်သတင်းထောက် Jen Psaki က​ပြောကြားခဲ့သည်။

ယင်း အစည်းအ​ဝေးတွင် မြန်မာအားဖိတ် မဖိတ် မ​သေချာ​သေး​ပေ။

အာရှတွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် ဗဟိုအချက်အချာကျသော ဒေသဖြစ်သည့် အရှေ့တောင်အာရှနှင့် ထိတွေ့ဆက်ဆံရန် Biden အစိုးရ၏ ကြိုးပမ်းမှုတွင်ယခု ပြုလုပ်မည့်အစည်း​ဝေးသည် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်သည်ဟု ဆိုသည်။

Source: The Diplomat

(Zawgyi)


ဝါရှင်တန်၊ မတ် ၁





Source: The Diplomat


LEAVE A REPLY

Please enter your comment!
Please enter your name here