ရန်ကုန်တိုင်းလျှပ်စစ်ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဒေါ်နီလာကျော် ထောင်၁၆နှစ်ချမှတ်ခံရ

0
101

ရန်ကုန်တိုင်းလျှပ်စစ်ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဒေါ်နီလာကျော် ထောင်၁၆နှစ်ချမှတ်ခံရ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန၊  လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ ဝန်ကြီးဟောင်း ဒေါ်နီလာကျော်ကိုအလုပ်နှင့်ထောင်ဒဏ် ၁၆ နှစ် ကျခံစေရန် ရန်ကုန်တိုင်းတရားလွှတ်တော်က ဖေဖော်ဝါရီ၂၈ရက်က အမိန့်ချမှတ်ခဲ့ကြောင်းအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဝန်ကြီးဟောင်း ဒေါ်နီလာကျော်အား ရာဇဝတ်ကြီးမှုအမှတ် ၈/၂၀၂၁ မှ ၁၀/၂၀၂၁ အထိ ၃ မှုအတွက် တစ်ပေါင်းတည်း အလုပ်နှင့် ထောင်ဒဏ် ၄ နှစ်၊ ရာဇဝတ်ကြီးမှုအမှတ် ၁၁/၂၀၂၁ မှ ၁၃/၂၀၂၁ အထိ ၃ မှုအတွက် တစ်ပေါင်းတည်း အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်၊ ရာဇဝတ်ကြီးမှုအမှတ် ၁၄/၂၀၂၁ မှ ၁၉/၂၀၂၁ အထိ ၆ မှုအတွက် တစ်ပေါင်းတည်း အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်၊ ရာဇဝတ်ကြီးမှုအမှတ် ၂၀/၂၀၂၁ မှ ၂၃/၂၀၂၁ အထိ ၄ မှုအတွက် တစ်ပေါင်းတည်း အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်၊ စုစုပေါင်း အမှု ၁၆ မှု အတွက် အလုပ်နှင့်ထောင်ဒဏ် ၁၆ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဟောင်း    ဒေါ်နီလာကျော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သူမသည်နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ် Quality Controller Company ရွေးချယ်ရေးအဖွဲ့၌ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ၎င်း၏ လုပ်ပိုင်ခွင့်ကို အသုံးချ၍ ၎င်းနှင့် ခင်မင်ရင်းနှီးသည့် ကုမ္ပဏီကို Quality Controller Company အဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်းနှင့် အရည်အသွေးစစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် လုပ်ငန်းချထားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ် မတ်လမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ကာလအတွင်း လုပ်ငန်းစုစုပေါင်း ၁၅၇၇ ခုမှ အရည်အသွေးစစ်ဆေးခအဖြစ် ဝင်ငွေ ကျပ်သိန်း ၁၆၆၀၀ ကျော်ကိုရရှိစေခဲ့ပြီး ၎င်းကုမ္ပဏီထံမှ ငွေကျပ် ၉၁၈.၂၄ သိန်းကို ၎င်းကိုယ်တိုင် လက်ခံရယူခဲ့ခြင်း၊ ငွေကျပ် ၅၉၅.၃၆ သိန်းကို ၎င်း၏အိမ်အကူ မှတစ်ဆင့် လက်ခံရယူခဲ့ခြင်း၊ ငွေကျပ် ၂၁၃၀ သိန်းကို ၎င်းကိုယ်စား ပုဂ္ဂိုလ်တစ်ဦးထံသို့ သွားရောက် အကြွေးဆပ်စေခြင်းဖြင့် စုစုပေါင်းငွေကျပ် ၃၆၄၃.၆၀ သိန်းကို လက်ခံရယူခဲ့ခြင်းတို့ဆောင်ရွက်ခဲ့သည်ဆိုပြီး ဝန်ကြီးဟောင်း ဒေါ်နီလာကျော် အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ဖြင့် ရန်ကုန်တိုင်း ဒေသကြီးတရားလွှတ်တော်တွင် ၇-၅-၂၀၂၁ ရက်နေ့က တရားစွဲဆိုတင်ပို့ခဲ့ငည်။

အဆိုပါတရားစွဲဆိုတင်ပို့မှုအား ရန်ကုန်တိုင်းတရားလွှတ်တော်က ရာဇဝတ်ကြီးမှု အမှတ် ၈/၂၀၂၁ မှ ၂၃/၂၀၂၁ အထိ အမှု ၁၆ မှုဖြင့် လက်ခံစစ်ဆေးခဲ့ပြီး   ၎င်းအမှုများအပေါ် ပြစ်မှုထင်ရှားသဖြင့် အထက်ပါအမိန့်များချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

Zaw Gyi

ရန္ကုန္တိုင္းလွ်ပ္စစ္ေဆာက္လုပ္ေရးဝန္ႀကီးေဟာင္း ေဒၚနီလာေက်ာ္ ေထာင္၁၆ႏွစ္ခ်မွတ္ခံရ

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ လွ်ပ္စစ္ႏွင့္စက္မႈလက္မႈဝန္ႀကီးဌာန၊  လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးဌာနႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနတို႔၏ ဝန္ႀကီးေဟာင္း ေဒၚနီလာေက်ာ္ကို
အလုပ္ႏွင့္ေထာင္ဒဏ္ ၁၆ ႏွစ္ က်ခံေစရန္ ရန္ကုန္တိုင္းတရားလႊတ္ေတာ္က ေဖေဖာ္ဝါရီ၂၈ရက္က အမိန႔္ခ်မွတ္ခဲ့ေၾကာင္းအဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က ထုတ္ျပန္သည္။

ရန္ကုန္တိုင္းေဒသႀကီးတရားလႊတ္ေတာ္က ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔တြင္ ဝန္ႀကီးေဟာင္း ေဒၚနီလာေက်ာ္အား ရာဇဝတ္ႀကီးမႈအမွတ္ ၈/၂၀၂၁ မွ ၁၀/၂၀၂၁ အထိ ၃ မႈအတြက္ တစ္ေပါင္းတည္း အလုပ္ႏွင့္ ေထာင္ဒဏ္ ၄ ႏွစ္၊ ရာဇဝတ္ႀကီးမႈအမွတ္ ၁၁/၂၀၂၁ မွ ၁၃/၂၀၂၁ အထိ ၃ မႈအတြက္ တစ္ေပါင္းတည္း အလုပ္ႏွင့္ေထာင္ဒဏ္ ၄ ႏွစ္၊ ရာဇဝတ္ႀကီးမႈအမွတ္ ၁၄/၂၀၂၁ မွ ၁၉/၂၀၂၁ အထိ ၆ မႈအတြက္ တစ္ေပါင္းတည္း အလုပ္ႏွင့္ေထာင္ဒဏ္ ၄ ႏွစ္၊ ရာဇဝတ္ႀကီးမႈအမွတ္ ၂၀/၂၀၂၁ မွ ၂၃/၂၀၂၁ အထိ ၄ မႈအတြက္ တစ္ေပါင္းတည္း အလုပ္ႏွင့္ေထာင္ဒဏ္ ၄ ႏွစ္၊ စုစုေပါင္း အမႈ ၁၆ မႈ အတြက္ အလုပ္ႏွင့္ေထာင္ဒဏ္ ၁၆ ႏွစ္ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးေဟာင္း    ေဒၚနီလာေက်ာ္ကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က သူမသည္ႏိုင္ငံေရးရာထူးလက္ရွိျဖစ္ခဲ့စဥ္ Quality Controller Company ေ႐ြးခ်ယ္ေရးအဖြဲ႕၌ ဥကၠ႒ အျဖစ္ တာဝန္ထမ္းေဆာင္စဥ္ကာလအတြင္း ၎၏ လုပ္ပိုင္ခြင့္ကို အသုံးခ်၍ ၎ႏွင့္ ခင္မင္ရင္းႏွီးသည့္ ကုမၸဏီကို Quality Controller Company အျဖစ္ အသိအမွတ္ျပဳလႊာ ထုတ္ေပးျခင္းႏွင့္ အရည္အေသြးစစ္ေဆးေရးလုပ္ငန္း ေဆာင္႐ြက္ႏိုင္ရန္ လုပ္ငန္းခ်ထားေပးျခင္းတို႔ကို ေဆာင္႐ြက္ခဲ့ရာ ၂၀၁၇ ခုႏွစ္ မတ္လမွ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလအထိ ကာလအတြင္း လုပ္ငန္းစုစုေပါင္း ၁၅၇၇ ခုမွ အရည္အေသြးစစ္ေဆးခအျဖစ္ ဝင္ေငြ က်ပ္သိန္း ၁၆၆၀၀ ေက်ာ္ကိုရရွိေစခဲ့ၿပီး ၎ကုမၸဏီထံမွ ေငြက်ပ္ ၉၁၈.၂၄ သိန္းကို ၎ကိုယ္တိုင္ လက္ခံရယူခဲ့ျခင္း၊ ေငြက်ပ္ ၅၉၅.၃၆ သိန္းကို ၎၏အိမ္အကူ မွတစ္ဆင့္ လက္ခံရယူခဲ့ျခင္း၊ ေငြက်ပ္ ၂၁၃၀ သိန္းကို ၎ကိုယ္စား ပုဂၢိဳလ္တစ္ဦးထံသို႔ သြားေရာက္ အေႂကြးဆပ္ေစျခင္းျဖင့္ စုစုေပါင္းေငြက်ပ္ ၃၆၄၃.၆၀ သိန္းကို လက္ခံရယူခဲ့ျခင္းတို႔ေဆာင္႐ြက္ခဲ့သည္ဆိုၿပီး ဝန္ႀကီးေဟာင္း ေဒၚနီလာေက်ာ္ အေပၚ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅ျဖင့္ ရန္ကုန္တိုင္း ေဒသႀကီးတရားလႊတ္ေတာ္တြင္ ၇-၅-၂၀၂၁ ရက္ေန႔က တရားစြဲဆိုတင္ပို႔ခဲ့ငည္။

အဆိုပါတရားစြဲဆိုတင္ပို႔မႈအား ရန္ကုန္တိုင္းတရားလႊတ္ေတာ္က ရာဇဝတ္ႀကီးမႈ အမွတ္ ၈/၂၀၂၁ မွ ၂၃/၂၀၂၁ အထိ အမႈ ၁၆ မႈျဖင့္ လက္ခံစစ္ေဆးခဲ့ၿပီး   ၎အမႈမ်ားအေပၚ ျပစ္မႈထင္ရွားသျဖင့္ အထက္ပါအမိန္႔မ်ားခ်မွတ္ခဲ့ျခင္းျဖစ္သည္ဟု ထုတ္ျပန္ခ်က္တြင္ေဖာ္ျပသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here