ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံ သရုပ်ဆောင်အချို့ယနေ့ပြန်လွတ်လာ

0
312

(Unicode)

ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံ သရုပ်ဆောင်အချို့ယနေ့ပြန်လွတ်လာ

ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်၊ လူမင်း၊မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်၊ ဒါရိုက်တာဝိုင်းနဲ့ Beauty Blogger မဝင်းမင်းသန်းတို့ကို ဒီနေ့လွှတ်လာပြီလို့ သိရပါတယ်။

အကျဉ်းဦးစီးဌာနက လွတ်ငြိမ်းနဲ့ပြန်လွတ်လိုက်တာပါလို့ပြောဆို အတည်ပြုပေးပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ခံဝန်နဲ့ လွတ်ငြိမ်းလွတ်လိုက်တာ”လို့ပြောပြီး သူတို့အပြင်မလေးရှားနိုင်ငံသားတစ်ဦးလည်းပါတယ်လို့ ပြောပါတယ်။

အခုပြန်လွှတ်ပေးလိုက်တဲ့ သူတွေဟာ ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ်သုံးနှစ် စတဲ့ပြစ်ဒဏ်တွေချမှတ်ခံထားရသူတွေဖြစ်ပါတယ်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here