တရုတ်နိုင်ငံ နယ်စပ် အကောက်ခွန်ဝန်ထမ်းများတွင် ကိုဗစ် ပိုးတွေ့ရှိမှုကြောင့် နယ်စပ် စခန်းများယာယီ ပိတ်

0
166

တရုတ် နိုင်ငံ နယ်စပ် အကောက်ခွန်ဝန်ထမ်းများတွင် ကိုဗစ် ပိုးတွေ့ရှိမှုကြောင့် နယ်စပ် စခန်းများယာယီ ပိတ်

နေပြည်တော် မတ် ၂

ယမန်နေ့က တရုတ်ပြည်ဖက်အတွင်းရှိအကောက်ခွန်ဝန်ထမ်းများနှင့် ရှန်တိန်ကားသမားအချို့တွင် ကိုဗစ်(၁၉) ရောဂါ ပိုးစစ်ဆေးတွေ့ရှိမှုကြောင့် ကျင်စန်းကျော့ဂိတ် အပါအဝင် နယ်စပ်စခန်း အချို့ကို ယာယီပိတ်လိုက်ကြောင်းသိရသည်။

လက်ရှိတွင် တရုတ်၊မြန်မာ ကုန်းတွင်းနယ်စပ်စခန်း အားလုံးကို ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် တရုတ်ဖက်မှ ယာယီပိတ်ထားလိုက်ပြီဖြစ်သည်။

တရုတ်နိုင်ငံဖက်မှ နယ်စပ်စခန်းများပိတ်လိုက်သည့်အတွက် မြန်မာ ကုန်သည်များ အတွက်နစ်နာမှုများရှိလာခဲ့သည်ဟုလည်း နယ်စပ်ကုန်သည်ကြီးများထံမှသိရသည်။

ကျင်စန်းကျော့ဂိတ် ကို လည်း ယာယီ ပိတ်လိုက်သည့်အတွက် တရုတ်ပြည်ဖက်သို့တင်ပို့ရန် ရှန်တိန်ကားပေါ်တင်ထားသည့် သစ်သီးကားအစီး (၁၅၀)ခန့်နှင့် မြန်မာဖက်မှစောင့်ဆိုင်းနေသည့် သစ်သီးကားအစီး (၁၀၀)ကျော်အထိ တင်ပို့မရသည့်အခြေအနေ ဖြစ်သွားသည်ဟု လည်းသိရသည်။

ယခု သစ်သီးရာသီမှာ ဖရဲသီး၊သခွားမွှေးသီးအပါအဝင်ငရုပ်သီး စသည့် သစ်သီးများကို တင်ပို့နေခြင်းဖြစ်သည်။

Zaw Gyi

တ႐ုတ္ ႏိုင္ငံ နယ္စပ္ အေကာက္ခြန္ဝန္ထမ္းမ်ားတြင္ ကိုဗစ္ ပိုးေတြ႕ရွိမႈေၾကာင့္ နယ္စပ္ စခန္းမ်ားယာယီ ပိတ္

ေနျပည္ေတာ္ မတ္ ၂

ယမန္ေန႔က တ႐ုတ္ျပည္ဖက္အတြင္းရွိအေကာက္ခြန္ဝန္ထမ္းမ်ားႏွင့္ ရွန္တိန္ကားသမားအခ်ိဳ႕တြင္ ကိုဗစ္(၁၉) ေရာဂါ ပိုးစစ္ေဆးေတြ႕ရွိမႈေၾကာင့္ က်င္စန္းေက်ာ့ဂိတ္ အပါအဝင္ နယ္စပ္စခန္း အခ်ိဳ႕ကို ယာယီပိတ္လိုက္ေၾကာင္းသိရသည္။

လက္ရွိတြင္ တ႐ုတ္၊ျမန္မာ ကုန္းတြင္းနယ္စပ္စခန္း အားလုံးကို ကိုဗစ္ပိုးေတြ႕ရွိမႈေၾကာင့္ တ႐ုတ္ဖက္မွ ယာယီပိတ္ထားလိုက္ၿပီျဖစ္သည္။

တ႐ုတ္ႏိုင္ငံဖက္မွ နယ္စပ္စခန္းမ်ားပိတ္လိုက္သည့္အတြက္ ျမန္မာ ကုန္သည္မ်ား အတြက္နစ္နာမႈမ်ားရွိလာခဲ့သည္ဟုလည္း နယ္စပ္ကုန္သည္ႀကီးမ်ားထံမွသိရသည္။

က်င္စန္းေက်ာ့ဂိတ္ ကို လည္း ယာယီ ပိတ္လိုက္သည့္အတြက္ တ႐ုတ္ျပည္ဖက္သို႔တင္ပို႔ရန္ ရွန္တိန္ကားေပၚတင္ထားသည့္ သစ္သီးကားအစီး (၁၅၀)ခန႔္ႏွင့္ ျမန္မာဖက္မွေစာင့္ဆိုင္းေနသည့္ သစ္သီးကားအစီး (၁၀၀)ေက်ာ္အထိ တင္ပို႔မရသည့္အေျခအေန ျဖစ္သြားသည္ဟု လည္းသိရသည္။

ယခု သစ္သီးရာသီမွာ ဖရဲသီး၊သခြားေမႊးသီးအပါအဝင္င႐ုပ္သီး စသည့္ သစ္သီးမ်ားကို တင္ပို႔ေနျခင္းျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here