(Unicode)
ယူကရိန်းက တရုတ်ကို အကူအညီတောင်း
ဘေဂျင်း၊ မတ် ၂
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာသည် ရုရှားနိုင်ငံနှင့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအတွက် တရုတ်ထံမှ အကူအညီပေးရန် အင်္ဂါနေ့တွင် တရုတ်နိုင်ငံခြားရေးဝမ်ယိ အား ဖုန်းဆက်အကူညီတောင်းခဲ့သည်။
“ယူကရိန်းသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်လိုသည့်ဆန္ဒရှိပြီး အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရာတွင်လည်း တရုတ်နိုင်ငံမှ ပါဝင်ရန် မျှော်လင့်နေပါတယ်” ဟု Kuleba ကပြောခဲ့ကြောင်း တရုတ်ထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။
ယူကရိန်းစစ်ပွဲတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ အလွန်သတိထားပြီးနေထိုင်ပြောဆိုလျက်ရှိသည်။ ဘေဂျင်းအနေဖြသ့် ယခု ပဋိပက္ခကို “ရုရှားကျူးကျော်မှု” ဟုခေါ်ဆိုရန် တွန့်ဆုတ်နေသလို တစ်ချိန်တည်းတွင်အချုပ်အခြာအာဏာကို လေးစားရန်လည်း အားလုံးကို တောင်းဆိုထားသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရုရှားကို ရှုတ်ချကြောင်း မဲခွဲဆုံးဖြတ်ရာမှာ တရုတ်နိုင်ငံလည်းပါဝင်ခဲ့သည်။
အကယ်၍ တရုတ်နိုင်ငံက ကြားဝင် ဖျန်ဖြေပေးရမည်ဆိုပါက ပေကျင်းအစိုးရအနေဖြင့်ဘက်မလိုက်သော အခန်းကဏ္ဍမှ ပါဝင်မည့်ပုံ ပေါ်သည်။
Source:Nikkei Asia
(Zawgyi)
ယူကရိန္းက တ႐ုတ္ကို အကူအညီေတာင္း
ေဘဂ်င္း၊ မတ္ ၂
ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီး ဒီမီထ႐ို ကူလီဘာသည္ ႐ုရွားႏိုင္ငံႏွင့္ အပစ္အခတ္ရပ္စဲေရး ညႇိႏႈိင္းေရးအတြက္ တ႐ုတ္ထံမွ အကူအညီေပးရန္ အဂၤါေန႔တြင္ တ႐ုတ္ႏိုင္ငံျခားေရးဝမ္ယိ အား ဖုန္းဆက္အကူညီေတာင္းခဲ့သည္။
“ယူကရိန္းသည္ တ႐ုတ္ႏိုင္ငံႏွင့္ ဆက္ဆံေရးေကာင္းမြန္လိုသည့္ဆႏၵရွိၿပီး အပစ္အခတ္ရပ္စဲေရး အေကာင္အထည္ေဖာ္ရာတြင္လည္း တ႐ုတ္ႏိုင္ငံမွ ပါဝင္ရန္ ေမွ်ာ္လင့္ေနပါတယ္” ဟု Kuleba ကေျပာခဲ့ေၾကာင္း တ႐ုတ္ထုတ္ျပန္ခ်က္ထဲတြင္ေဖာ္ျပထားသည္။
ယူကရိန္းစစ္ပြဲတြင္ တ႐ုတ္ႏိုင္ငံ၏ ရပ္တည္ခ်က္မွာ အလြန္သတိထားၿပီးေနထိုင္ေျပာဆိုလ်က္ရွိသည္။ ေဘဂ်င္းအေနျဖသ့္ ယခု ပဋိပကၡကို “႐ုရွားက်ဴးေက်ာ္မႈ” ဟုေခၚဆိုရန္ တြန႔္ဆုတ္ေနသလို တစ္ခ်ိန္တည္းတြင္အခ်ဳပ္အျခာအာဏာကို ေလးစားရန္လည္း အားလုံးကို ေတာင္းဆိုထားသည္။ ကုလသမဂၢ လုံၿခဳံေရးေကာင္စီက ႐ုရွားကို ရႈတ္ခ်ေၾကာင္း မဲခြဲဆုံးျဖတ္ရာမွာ တ႐ုတ္ႏိုင္ငံလည္းပါဝင္ခဲ့သည္။
အကယ္၍ တ႐ုတ္ႏိုင္ငံက ၾကားဝင္ ဖ်န္ေျဖေပးရမည္ဆိုပါက ေပက်င္းအစိုးရအေနျဖင့္ဘက္မလိုက္ေသာ အခန္းက႑မွ ပါဝင္မည့္ပုံ ေပၚသည္။
Source:Nikkei Asia