ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်

0
378

(Unicode)

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်

ရခိုင်ပြည်နယ် အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမ်းမြို့နယ်အတွင်း ယနေ့ မတ်လ၂ရက်နေ့ရက်စွဲဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

ထုတ်ပြန်သည့်စာတွင် “ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတတ်သော ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းကြောင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်နေသော တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ကျဆုံး/ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး နိုင်ငံပိုင် အဆောက်အဦ၊ ယာဉ်များ ပျက်စီးဆုံးရှုံးခဲ့ကြရကြောင်း၊ ထိုဖြစ်စဉ်အချို့တွင် ရပ်ကွက်/ကျေးရွာများအတွင်း၌ သော်လည်းကောင်း၊ သာမန်အရပ် သားပြည်သူများအကြားတွင်လည်းကောင်း၊ တိုက်ခိုက်မှုများဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်စဉ်အချို့တွင် အပြစ်မဲ့အရပ်သား ပြည်သူ့အချို့ သေဆုံးဒဏ်ရာရမှုများရှိခဲ့ပြီး ညအချိန်လွတ်လပ်စွာ သွားလာခွင့်ပြုထားပါက အလားတူဖြစ်စဉ်များ ထပ်မံဖြစ်ပွားရန် အကြောင်းရှိလာနိုင်ကြောင်း၊ သို့ဖြစ်ပါ၍ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ဖော်ပြပါရှိသည်။

ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်၍ အမ်းမြို့နယ် နယ်နိမိတ်အတွင်းရှိ လမ်းမကြီးများ၊ အများပြည်သူတို့ သွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် ည ၂၁:၀၀ နာရီမှနောက်တစ်နေ့ နံနက် ၀၅:၀၀ နာရီအတွင်း သွားလာခြင်းပြုရတော့မည်မဟုတ်ဟု သိရှိရသည်။

(Zawgyi)

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္တြင္ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၁၄၄ အမိန႔္ ထုတ္ျပန္

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက အမ္းၿမိဳ႕နယ္အတြင္း ယေန႔ မတ္လ၂ရက္ေန႔ရက္စြဲျဖင့္ ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၁၄၄ အမိန႔္ ထုတ္ျပန္လိုက္ေၾကာင္း သိရွိရသည္။

ထုတ္ျပန္သည့္စာတြင္ “ရခိုင္ျပည္နယ္အတြင္း ႏိုင္ငံေတာ္တည္ၿငိမ္ေရး၊ ရပ္႐ြာေအးခ်မ္းသာယာေရးႏွင့္ တရားဥပေဒစိုးမိုးေရးကို ထိခိုက္ေစတတ္ေသာ ျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့ျခင္းေၾကာင့္ ရပ္႐ြာေအးခ်မ္းသာယာေရးႏွင့္ တရားဥပေဒစိုးမိုးေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနေသာ တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား က်ဆုံး/ ထိခိုက္ဒဏ္ရာရရွိခဲ့ၾကၿပီး ႏိုင္ငံပိုင္ အေဆာက္အဦ၊ ယာဥ္မ်ား ပ်က္စီးဆုံးရႈံးခဲ့ၾကရေၾကာင္း၊ ထိုျဖစ္စဥ္အခ်ိဳ႕တြင္ ရပ္ကြက္/ေက်း႐ြာမ်ားအတြင္း၌ ေသာ္လည္းေကာင္း၊ သာမန္အရပ္ သားျပည္သူမ်ားအၾကားတြင္လည္းေကာင္း၊ တိုက္ခိုက္မႈမ်ားေဆာင္႐ြက္ခဲ့ျခင္းေၾကာင့္ ျဖစ္စဥ္အခ်ိဳ႕တြင္ အျပစ္မဲ့အရပ္သား ျပည္သူ႔အခ်ိဳ႕ ေသဆုံးဒဏ္ရာရမႈမ်ားရွိခဲ့ၿပီး ညအခ်ိန္လြတ္လပ္စြာ သြားလာခြင့္ျပဳထားပါက အလားတူျဖစ္စဥ္မ်ား ထပ္မံျဖစ္ပြားရန္ အေၾကာင္းရွိလာႏိုင္ေၾကာင္း၊ သို႔ျဖစ္ပါ၍ ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၁၄၄ ထုတ္ျပန္လိုက္ျခင္းျဖစ္သည္ဟု ေဖာ္ျပပါရွိသည္။

ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၁၄၄ ထုတ္ျပန္လိုက္၍ အမ္းၿမိဳ႕နယ္ နယ္နိမိတ္အတြင္းရွိ လမ္းမႀကီးမ်ား၊ အမ်ားျပည္သူတို႔ သြားရာလမ္း၊ လမ္းသြယ္၊ လမ္းၾကား၊ ဥယ်ာဥ္(သို႔မဟုတ္) အမ်ားျပည္သူႏွင့္သက္ဆိုင္ေသာေနရာမ်ားတြင္ ည ၂၁:၀၀ နာရီမွေနာက္တစ္ေန႔ နံနက္ ၀၅:၀၀ နာရီအတြင္း သြားလာျခင္းျပဳရေတာ့မည္မဟုတ္ဟု သိရွိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here