၂၀၂၁-၂၀၂၂ပညာသင်နှစ် ကျောင်းစစ်စာမေးပွဲများအားမတ်လ(၁၇)တွင်စတင်ကျင်းပမည်

0
163

(Unicode)

၂၀၂၁-၂၀၂၂ပညာသင်နှစ် ကျောင်းစစ်စာမေးပွဲများအားမတ်လ(၁၇)တွင်စတင်ကျင်းပမည်

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ ကျောင်းစစ်စာမေးပွဲများအား မတ်လ တတိယအပတ် ၁၇ရက်မှ စတင်ကာ သက်ဆိုင်ရာကျောင်းများနှင့် စာစစ်ဌာနများတွင် ကျင်းပ သွားမည်ဖြစ်သည်။

ကျောင်းစစ်စာမေးပွဲများအား မတ်လ (၁၇)မှ (၂၃) အထိ ကျင်းပ သွားမည်ဖြစ်ပြီးGrade 9 စာမေးပွဲကိုလည်းအဆိုပါနေ့ရက်များအတွင်း ကျင်းပသွားမည်ဖြစ်သည်။

မူလတန်းသင်ရိုးသစ် Grade 4မှစပြီး အထက်အဆင့်များအား စစ်ဆေးမည်ဖြစ်သည်။

Grade 9 စာမေးပွဲ မေးခွန်းလွှာကိုမူ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ထုတ်ပြန်ထားသည့် မေးခွန်းအတိုင်း သက်ဆိုင်ရာ စာဖြေ ဌာနများတွင် ဖြေဆိုကြရမည်ဟုလည်းသိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုမူ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကြေညာထားသည့် မတ်လ(၃၁) ရက်မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပသွားမည်ကာ ကျောင်းသား/သူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက်လည်း စီစဉ်လျှက်ရှိနေသည်။

(Zawgyi)

၂၀၂၁-၂၀၂၂ပညာသင္ႏွစ္ ေက်ာင္းစစ္စာေမးပြဲမ်ားအားမတ္လ(၁၇)တြင္စတင္က်င္းပမည္

၂၀၂၁-၂၀၂၂ ပညာသင္ႏွစ္၏ ေက်ာင္းစစ္စာေမးပြဲမ်ားအား မတ္လ တတိယအပတ္ ၁၇ရက္မွ စတင္ကာ သက္ဆိုင္ရာေက်ာင္းမ်ားႏွင့္ စာစစ္ဌာနမ်ားတြင္ က်င္းပ သြားမည္ျဖစ္သည္။

ေက်ာင္းစစ္စာေမးပြဲမ်ားအား မတ္လ (၁၇)မွ (၂၃) အထိ က်င္းပ သြားမည္ျဖစ္ၿပီးGrade 9 စာေမးပြဲကိုလည္းအဆိုပါေန႔ရက္မ်ားအတြင္း က်င္းပသြားမည္ျဖစ္သည္။

မူလတန္းသင္႐ိုးသစ္ Grade 4မွစၿပီး အထက္အဆင့္မ်ားအား စစ္ေဆးမည္ျဖစ္သည္။

Grade 9 စာေမးပြဲ ေမးခြန္းလႊာကိုမူ တိုင္းေဒသႀကီးပညာေရးမႉး႐ုံးမွ ထုတ္ျပန္ထားသည့္ ေမးခြန္းအတိုင္း သက္ဆိုင္ရာ စာေျဖ ဌာနမ်ားတြင္ ေျဖဆိုၾကရမည္ဟုလည္းသိရသည္။

တကၠသိုလ္ဝင္တန္းစာေမးပြဲကိုမူ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ေၾကညာထားသည့္ မတ္လ(၃၁) ရက္မွ ဧၿပီလ(၉)ရက္ေန႔အထိ က်င္းပသြားမည္ကာ ေက်ာင္းသား/သူမ်ား တကၠသိုလ္ဝင္တန္း စာေမးပြဲကို စိတ္ေအးခ်မ္းသာစြာ ေျဖဆိုႏိုင္ေရးအတြက္လည္း စီစဥ္လွ်က္ရွိေနသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here