ပြည်ကြီးတံခွန်မြို့နယ်၊စက်မှုနယ်မြေရဲစခန်းအနီးတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွား

0
117

ပြည်ကြီးတံခွန်မြို့နယ်၊စက်မှုနယ်မြေရဲစခန်းအနီးတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွား


မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊စက်မှုနယ်မြေရဲစခန်းအနီးတွင် မတ်လ၃ရက် နံနက်၆နာရီ၄၀မိနစ်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“အဖြူရောင်ကားပေါ်က ပစ်ချသွားတာ။အသံကတော်တော်ကျယ်တယ်။မနက်အစောပိုင်းဆိုတော့ လမ်းပေါ်လူမရှိသေးဘူး။သံဆိုင်က ကောင်လေးတစ်ယောက်တော့ ထိသွားတယ်လို့ကြားတယ်´´ဟု ဒေသခံတစ်ဦးကပြောသည်။

 

ပေါက်ကွဲမှုဖြစ်စဉ်မှာ ပြည်ကြီးတံခွန်မြို့နယ်၊၅၈ လမ်း၊၁၃၄-၁၃၅ လမ်းကြား၊စက်မှုနယ်မြေရဲစခန်း ၏ အရှေ့တောင်ဘက်တွင် မတ်လ၃ရက် နံနက်၆နာရီ ၄၀မိနစ်က ၅၈လမ်းအတိုင်း မြောက်မှ တောင်သို့ မောင်းနှင်လာသော Mark-llအဖြူရောင်ကားပေါ်မှ သံပိုက်လုံးဖြင့် ပြုလုပ်ထားသော တရုတ်ကြိုးဆွဲမိုင်း(၁) လုံး ပစ်ချခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားပြီး အနီးရှိ …သံလုံးသံပြားရောင်းဝယ်ရေးမှအလုပ်သမား အသက်၂၈နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးမှာယာဘက်အထက်ဒူးခေါင်းအစထိမှန်ဒဏ်ရာတစ်ချက်(မစိုးရိမ်ရ)ရရှိခဲ့ပြီး အခြားပျက်စီးထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် မတ်လ၂ရက်နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့်၁၁၇(ကျန်စစ်သား)လမ်းဒေါင့်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်ပူးပေါင်းစစ်ဆေးရေးအဖွဲ့ကို လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုခံခဲ့ရကာ ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရရှိမှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here