စက်သုံးဆီစျေးနှုန်းထပ်မံမြင့်တက်လာသဖြင့် ရန်ကုန်မြို့မှ အဌားကား(Taxi) အချို့ရပ်နား

0
206

(Unicode)

စက်သုံးဆီစျေးနှုန်းထပ်မံမြင့်တက်လာသဖြင့် ရန်ကုန်မြို့မှ အဌားကား(Taxi) အချို့ရပ်နား

စက်သုံးဆီစျေးနှုန်းများထပ်မံမြင့်တက်လာကာ ဌားရမ်းစီးနင်းသူနည်းပါးလာသဖြင့် ရန်ကုန်မြို့၌ပြေးဆွဲလျက်ရှိသည့် အဌားကား(Taxi) အ ချို့မှာ ရပ်နားထားရခြင်းများရှိနေသည်ဟု အဌားကားမောင်းနှင်သူများထံမှ သိရသည်။

စက်သုံးဆီစျေးနှုန်းများထပ်မံမြင့်တက်လာသဖြင့် မောင်းနှင်ရန်အခက်အခဲများဖြစ်ပေါ်လာကာ ရပ်နားသွားသည့် အဌားကား(Taxi)များရှိနေပြီး အချို့ကားမောင်းသူများမှာ အခြားလုပ်ငန်းများပြောင်းလဲလုပ်ကိုင်ရန် လုပ်ဆောင်နေကြသူများလည်းရှိနေကြောင်း သိရသည်။

“ကားမောင်းတဲ့အလုပ်ပဲလုပ်တတ်တာရယ် ကားစမောင်းထဲက Taxi ပဲမောင်းလာတာဆိုတော့ တခြားကားတွေ အ လုပ်တွေကိုလည်းပြောင်းမလုပ်တတ်တော့ဘူး အဲဒီတော့ ကိုယ့်အတွက် ၂ ထောင် ၃ ထောင်လောက်ကျန်လည်းမောင်းနေရတာပါပဲ ရပ်လိုက်ဖို့ကလည်းမဖြစ်ဘူးလေ ဒီထက်ပိုပြီးဆီစျေးတက်လာမယ်ဆိုရင်တော့ နားရတော့မှာပဲ”ဟုအဌားကားမောင်းသူ ကိုဇာနည်ကပြော သည်။

ယခင် စက်သုံးဆီစျေးနှုန်းကြီးမြင့်ခြင်းမရှိမီနှင့်ဌားရမ်းစီးနင်းသူများသည့်အ ချိန်က အဌားကား (Taxi)မောင်းနှင်သူ များသည် ခရီးသည်ရရှိရန်လှည့်လည်မောင်းနှင်ကာ စီးနင်းမည့်သူရှာဖွေမှုများပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

“အရင် ဆီစျေးမတက်ခင်ကဆိုရင် ခရီး သည်ရဖို့မောင်းရင်းနဲ့ရှာတယ် အခုတော့ဆီစျေးတွေက အဆမတန်တက်လာတော့အထိုင်ပဲနေပြီး ဌားစီးမယ့်သူကိုစောင့်နေရတာ တစ်ခေါက်ပတ်မောင်းလိုက်တာနဲ့ဆီကကုန်ပြီလေ ခရီးသည်ရရင်တော့ကောင်းတာပေါ့ ခရီးသည်မရရင်အလဟသဖြစ်သွားမှာ”ဟုအဌားကားမောင်းသူတစ်ဦးဖြစ်သည့် ကိုစိုးလွင်ကပြောသည်။

ထို့ပြင် စက်သုံးဆီစျေးနှုန်းမြင့်တက်လာသဖြင့် အဌားကားပိုင်ရှင်အချို့မှာ ကားမောင်းသူအချို့မှကားပြန်အပ်ထားခြင်းများရှိနေသဖြင့် ကားမောင်းသူများပေးသွင်းရသည့် အုံနာခများအား လျော့ပေါ့ပေး၍မောင်းနှင်စေခြင်းများပြုလုပ်နေရလျက်ရှိသည်ဟု သိရသည်။

ထိုသို့ ပေးသွင်းရသည့် အုံနာခများအား ယခင်က ကားအမျိုးအစားပေါ်မူတည်ကာ တစ်နေ့လျင် တစ်သောင်းကျပ်မှတ်သောင်းခွဲကျပ်အထိ သတ် မှတ်ထားပြီး လက်ရှိအချိန်တွင် ကားမောင်းသူ များအဆင်ပြေစေရန် တစ်နေ့လျင် ၇၀၀၀ ကျပ်၊ ၈၀၀၀ ကျပ် ၁၀၀၀၀ ကျပ်ခန့်အ ထိ လျော့ချဌားရမ်းနေရလျက်ရှိသော် လည်း မောင်းနှင်သူမရှိသလောက်နီးပါးဖြစ်နေသဖြင့် ရပ်နားထားရခြင်းများရှိနေသည်ဟု သိရသည်။

“အရင်ကဆိုရင် အုံနာခ တစ်နေ့ကို ၁၀၀၀၀ ပေးရလည်းပေးနိုင်တယ် ဆီစျေးကလည်းအဆင်ပြေသလိုဌားစီးတဲ့လူလည်းများတော့ ကိုယ့်အတွက် အုံနာခ၊ဆီဖိုးနှုတ်ပြီးရင် ကားသိမ်းတဲ့အခါ ၁၅၀၀၀ ၊ ၂၀၀၀၀ လောက်ကျန်တယ် အခုတော့ ဆီဖိုးနဲ့အုံနာခရဖို့တောင်မ နည်းရှာနေရတာ ကားပိုင်ရှင်တွေကလည်း အုံနာခကိုညှိပေးကြတာတွေရှိတယ် ကားရပ်ထားရင်ပိုက်ဆံမဝင်ဘူးလေ အဲဒီတော့ပုံမှန်ဝင်ငွေရအောင်လျော့ပေးရတော့တာပေါ့ လက်ရှိဆီစျေးနဲ့ကတော့ ဘယ်လိုမှအဆင်မပြေဘူး”ဟုအဌားကားမောင်းသူကိုဇာနည်ကပြော သည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့၌ရောင်းချလျက်ရှိသည့် စက်သုံးဆီအရောင်းဆိုင်များတွင် 92 Ron တစ်လီတာ ၁၉၀၀ ခန့်၊ 95 Ron တစ်လီတာ ၁၉၀၀ ကျော်ခန့်၊ ဒီဇယ် တစ်လီတာ ၁၉၀၀ ကျော်ခန့်နှင့် ပရီမီယမ်ဒီဇယ် တစ်လီတာ ၁၉၀၀ ကျော်ခန့်အထိစျေးနှုန်းများဖြစ်ပေါ်လျက်ရှိသည်။

(Zawgyi)

စက်သုံးဆီဈေးနှုန်းထပ်မံမြင့်တက်လာသဖြင့် ရန်ကုန်မြို့မှ အဌားကား(Taxi) အချို့ရပ်နား

စက်သုံးဆီဈေးနှုန်းများထပ်မံမြင့်တက်လာကာ ဌားရမ်းစီးနင်းသူနည်းပါးလာသဖြင့် ရန်ကုန်မြို့၌ပြေးဆွဲလျက်ရှိသည့် အဌားကား(Taxi) အ ချို့မှာ ရပ်နားထားရခြင်းများရှိနေသည်ဟု အဌားကားမောင်းနှင်သူများထံမှ သိရသည်။

စက်သုံးဆီဈေးနှုန်းများထပ်မံမြင့်တက်လာသဖြင့် မောင်းနှင်ရန်အခက်အခဲများဖြစ်ပေါ်လာကာ ရပ်နားသွားသည့် အဌားကား(Taxi)များရှိနေပြီး အချို့ကားမောင်းသူများမှာ အခြားလုပ်ငန်းများပြောင်းလဲလုပ်ကိုင်ရန် လုပ်ဆောင်နေကြသူများလည်းရှိနေကြောင်း သိရသည်။

“ကားမောင်းတဲ့အလုပ်ပဲလုပ်တတ်တာရယ် ကားစမောင်းထဲက Taxi ပဲမောင်းလာတာဆိုတော့ တခြားကားတွေ အ လုပ်တွေကိုလည်းပြောင်းမလုပ်တတ်တော့ဘူး အဲဒီတော့ ကိုယ့်အတွက် ၂ ထောင် ၃ ထောင်လောက်ကျန်လည်းမောင်းနေရတာပါပဲ ရပ်လိုက်ဖို့ကလည်းမဖြစ်ဘူးလေ ဒီထက်ပိုပြီးဆီဈေးတက်လာမယ်ဆိုရင်တော့ နားရတော့မှာပဲ”ဟုအဌားကားမောင်းသူ ကိုဇာနည်ကပြော သည်။

ယခင် စက်သုံးဆီဈေးနှုန်းကြီးမြင့်ခြင်းမရှိမီနှင့်ဌားရမ်းစီးနင်းသူများသည့်အ ချိန်က အဌားကား (Taxi)မောင်းနှင်သူ များသည် ခရီးသည်ရရှိရန်လှည့်လည်မောင်းနှင်ကာ စီးနင်းမည့်သူရှာဖွေမှုများပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

“အရင် ဆီဈေးမတက်ခင်ကဆိုရင် ခရီး သည်ရဖို့မောင်းရင်းနဲ့ရှာတယ် အခုတော့ဆီဈေးတွေက အဆမတန်တက်လာတော့အထိုင်ပဲနေပြီး ဌားစီးမယ့်သူကိုစောင့်နေရတာ တစ်ခေါက်ပတ်မောင်းလိုက်တာနဲ့ဆီကကုန်ပြီလေ ခရီးသည်ရရင်တော့ကောင်းတာပေါ့ ခရီးသည်မရရင်အလဟသဖြစ်သွားမှာ”ဟုအဌားကားမောင်းသူတစ်ဦးဖြစ်သည့် ကိုစိုးလွင်ကပြောသည်။

ထို့ပြင် စက်သုံးဆီဈေးနှုန်းမြင့်တက်လာသဖြင့် အဌားကားပိုင်ရှင်အချို့မှာ ကားမောင်းသူအချို့မှကားပြန်အပ်ထားခြင်းများရှိနေသဖြင့် ကားမောင်းသူများပေးသွင်းရသည့် အုံနာခများအား လျော့ပေါ့ပေး၍မောင်းနှင်စေခြင်းများပြုလုပ်နေရလျက်ရှိသည်ဟု သိရသည်။


“အရင်ကဆိုရင် အုံနာခ တစ်နေ့ကို ၁၀၀၀၀ ပေးရလည်းပေးနိုင်တယ် ဆီဈေးကလည်းအဆင်ပြေသလိုဌားစီးတဲ့လူလည်းများတော့ ကိုယ့်အတွက် အုံနာခ၊ဆီဖိုးနှုတ်ပြီးရင် ကားသိမ်းတဲ့အခါ ၁၅၀၀၀ ၊ ၂၀၀၀၀ လောက်ကျန်တယ် အခုတော့ ဆီဖိုးနဲ့အုံနာခရဖို့တောင်မ နည်းရှာနေရတာ ကားပိုင်ရှင်တွေကလည်း အုံနာခကိုညှိပေးကြတာတွေရှိတယ် ကားရပ်ထားရင်ပိုက်ဆံမဝင်ဘူးလေ အဲဒီတော့ပုံမှန်ဝင်ငွေရအောင်လျော့ပေးရတော့တာပေါ့ လက်ရှိဆီဈေးနဲ့ကတော့ ဘယ်လိုမှအဆင်မပြေဘူး”ဟုအဌားကားမောင်းသူကိုဇာနည်ကပြော သည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့၌ရောင်းချလျက်ရှိသည့် စက်သုံးဆီအရောင်းဆိုင်များတွင် 92 Ron တစ်လီတာ ၁၉၀၀ ခန့်၊ 95 Ron တစ်လီတာ ၁၉၀၀ ကျော်ခန့်၊ ဒီဇယ် တစ်လီတာ ၁၉၀၀ ကျော်ခန့်နှင့် ပရီမီယမ်ဒီဇယ် တစ်လီတာ ၁၉၀၀ ကျော်ခန့်အထိဈေးနှုန်းများဖြစ်ပေါ်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here