ကိုဗစ်ကြောင့် ယာယီပိတ်ထားသည့် ကျင်စန်းကျော့နှင့် လွယ်ဂျယ်ဂိတ်တို့ မတ်လ ၄ရက်နေ့ ပြန်ဖွင့်မည်

0
167

ကိုဗစ်ကြောင့် ယာယီပိတ်ထားသည့် ကျင်စန်းကျော့နှင့် လွယ်ဂျယ်ဂိတ်တို့ မတ်လ ၄ရက်နေ့ ပြန်ဖွင့်မည်

ကိုဗစ်ပိုးကူးစက်သူတွေ့ရှိခဲ့သည့်အတွက် ယာယီပိတ်လိုက်သည့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေဂးဂိတ်အချို့ကို မတ်လ ၄ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်မည်ဟု မြန်မာကုန်သည်များထံ တရုတ်တာဝန်ရှိသူများက စာပို့အကြောင်းကြားထားသည်ဟု သိရသည်။

“တရုတ်ဘက်က စာပို့ လာပါတယ်။မနက်ဖြန်ပြန်ဖွင့်မယ်ပေါ့ဗျာ။အခြေအနေတွေက ဘာဆက်ဖြစ်မလဲတော့ မသိဘူး။အခုထိတော့ တရားဝင်စာရောက်လာပြီ”ဟု မူဆယ်အခြေစိုက်ကုန်သည်တစ်ဦးဖြစ်သည့် ဦးမင်းသိန်းကပြောသည်။

အဆိုပါ နယ်စပ်ကုန်သွယ်ရေးဂိတ်တို့သည် ယခုရက်ထဲ မှာပင် ကိုဗစ်ကြောင့် ယာယီပိတ်ထားရသည့် ဂိတ်များဖြစ်သည်။

“ကိုဗစ်တွေ့လို့ဆိုပြီး ယာယီပိတ်လိုက်တော့ အတော်လေး စိတ်ပူတယ်။အခု ပြန်ဖွင့်မယ်အကြောင်းကြားလာတော့ အတော်ဝမ်းသာသွားတယ်။ဘာကြောင့်လဲဆိုတော့ တရုတ်ဘက်က ပိတ်ပြီဆို ကြာရှည်တတ်လို့ပါ”ဟု နောက်ထပ်ကုန်သည်တစ်ဦးကလည်း ပြောသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စပြီး ယာယီပိတ်ထားသည့် ချင်းရွှေဟော်ဂိတ်မှာမူ ၂ပါတ်ပြည့်မှ ပြန်ဖွင့်မည်ဟု ကုန်သည်များကဆိုသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများ၏ ကုန်သွယ်မှုရငွေများမှာ ယခင်ကာလတူ ၄လနှင့် နှိုင်းယှဉ်လျှင် အမေရိကန်သန်းထောင်နှင့်ချီကာ ကျဆင်းလျှက်ရှိနေသည်။

Zaw Gyi

ကိုဗစ္ေၾကာင့္ ယာယီပိတ္ထားသည့္ က်င္စန္းေက်ာ့ႏွင့္ လြယ္ဂ်ယ္ဂိတ္တို႔ မတ္လ ၄ရက္ေန႔ ျပန္ဖြင့္မည္

ကိုဗစ္ပိုးကူးစက္သူေတြ႕ရွိခဲ့သည့္အတြက္ ယာယီပိတ္လိုက္သည့္ ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္ေရဂးဂိတ္အခ်ိဳ႕ကို မတ္လ ၄ရက္ေန႔တြင္ ျပန္လည္ ဖြင့္လွစ္မည္ဟု ျမန္မာကုန္သည္မ်ားထံ တ႐ုတ္တာဝန္ရွိသူမ်ားက စာပို႔အေၾကာင္းၾကားထားသည္ဟု သိရသည္။

“တ႐ုတ္ဘက္က စာပို႔ လာပါတယ္။မနက္ျဖန္ျပန္ဖြင့္မယ္ေပါ့ဗ်ာ။အေျခအေနေတြက ဘာဆက္ျဖစ္မလဲေတာ့ မသိဘူး။အခုထိေတာ့ တရားဝင္စာေရာက္လာၿပီ”ဟု မူဆယ္အေျခစိုက္ကုန္သည္တစ္ဦးျဖစ္သည့္ ဦးမင္းသိန္းကေျပာသည္။

အဆိုပါ နယ္စပ္ကုန္သြယ္ေရးဂိတ္တို႔သည္ ယခုရက္ထဲ မွာပင္ ကိုဗစ္ေၾကာင့္ ယာယီပိတ္ထားရသည့္ ဂိတ္မ်ားျဖစ္သည္။

“ကိုဗစ္ေတြ႕လို႔ဆိုၿပီး ယာယီပိတ္လိုက္ေတာ့ အေတာ္ေလး စိတ္ပူတယ္။အခု ျပန္ဖြင့္မယ္အေၾကာင္းၾကားလာေတာ့ အေတာ္ဝမ္းသာသြားတယ္။ဘာေၾကာင့္လဲဆိုေတာ့ တ႐ုတ္ဘက္က ပိတ္ၿပီဆို ၾကာရွည္တတ္လို႔ပါ”ဟု ေနာက္ထပ္ကုန္သည္တစ္ဦးကလည္း ေျပာသည္။

ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔က စၿပီး ယာယီပိတ္ထားသည့္ ခ်င္းေ႐ႊေဟာ္ဂိတ္မွာမူ ၂ပါတ္ျပည့္မွ ျပန္ဖြင့္မည္ဟု ကုန္သည္မ်ားကဆိုသည္။

ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္ေရးစခန္းမ်ား၏ ကုန္သြယ္မႈရေငြမ်ားမွာ ယခင္ကာလတူ ၄လႏွင့္ ႏႈိင္းယွဥ္လွ်င္ အေမရိကန္သန္းေထာင္ႏွင့္ခ်ီကာ က်ဆင္းလွ်က္ရွိေနသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here