သက်တော်စောင့်ချယ်ရီထက်ဘက်မှ ထွက်ဆိုမည့် သက်သေများ မလာရောက်ဖြစ်၍ အမှုမစစ်ဖြစ်ဘဲ ပြန်လည် ချိန်းဆိုရမှု ၂ကြိမ်ရှိပြီဖြစ်

0
200

သက်တော်စောင့်ချယ်ရီထက်ဘက်မှ ထွက်ဆိုမည့် သက်သေများ မလာရောက်ဖြစ်၍ အမှုမစစ်ဖြစ်ဘဲ ပြန်လည် ချိန်းဆိုရမှု ၂ကြိမ်ရှိပြီဖြစ်

ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်အဖြစ် တာဝန်ယူခဲ့သော ဒုရဲအုပ်ဟောင်းချယ်ရီထက်အပေါ် စွဲဆိုထားသည့် ဆူပူစေရန်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က အမှုနှင့် ပတ်သတ်ပြီး ခံပြသက်သေ(ချယ်ရီထက်ဘက်မှ ထွက်ဆိုကြမည့်သူများ)များအား ယနေ့တွင် စစ်ဆေးရန်ရှိသော်လည်း မလာရောက်၍ အမှုမစစ်ဆေးဖြစ်ကြောင်း ရှေ့နေအသိုင်းအဝိုင်းမှသိရသည်။

“သက်သေတွေ မလာဘူး။ဒါကြောင့် အမှုမစစ်ဖြစ်ဘူး”ဟု ရှေ့နေနှင့်နီးစပ်သူတစ်ဦးကပြောသည်။

ယနေ့ မတ်လ ၃ရက်နေ့ ရုံးချိန်းတွင် သက်သေများမလာရောက်ခဲ့သလို၊ဖေဖော်ဝါရီ လကုန်ပိုင်းက ဆောင်ရွက်သည့် ရုံးချိန်းတွင်လည်း သက်သေများလာရောက်ရန် ပျက်ကွက်ခဲ့မှုရှိခဲ့၍ သက်တော်စောင့်ချယ်ရီထက်ဘက်မှ ထွက်ဆိုမည့် သက်သေများ ပျက်ကွက်မှုကြောင့် အမှုမစစ်ဖြစ်ဘဲ ပြန်လည် ချိန်းဆိုရမှု ၂ကြိမ်ရှိသွားပြီဖြစ်သည်။

သက်သေများမလာဖြစ်ခဲ့သည့် အကြောင်းအရင်းကိုမူ မသိရှိရပေ။

သိူ့သော် သက်သေထွက်ဆိုရန်ရှိသည့် လူပုဂ္ဂိုလ်ဦးရေကို (၄)ဦးအထိ ရှိကြောင်း ရုံးတော်သို့ တင်ပြထားသည်။

ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မဖြင့် ထောင်၃နှစ်ကျခံထားရသော ချယ်ရီထက်သည် ပုဒ်မ၅၀၅(က)အမှုဖြင့် ပတ်သတ်ပြီး သူမတွင် အပြစ်မရှိကြောင်း ကိုယ်တိုင်လျှောက်လဲချက်ပေးထားသည်။

Zaw Gyi

သက္ေတာ္ေစာင့္ခ်ယ္ရီထက္ဘက္မွ ထြက္ဆိုမည့္ သက္ေသမ်ား မလာေရာက္ျဖစ္၍ အမႈမစစ္ျဖစ္ဘဲ ျပန္လည္ ခ်ိန္းဆိုရမႈ ၂ႀကိမ္ရွိၿပီျဖစ္

ေဒၚေအာင္ဆန္းစုၾကည္၏ သက္ေတာ္ေစာင့္အျဖစ္ တာဝန္ယူခဲ့ေသာ ဒုရဲအုပ္ေဟာင္းခ်ယ္ရီထက္အေပၚ စြဲဆိုထားသည့္ ဆူပူေစရန္လႈံ႕ေဆာ္မႈ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅-က အမႈႏွင့္ ပတ္သတ္ၿပီး ခံျပသက္ေသ(ခ်ယ္ရီထက္ဘက္မွ ထြက္ဆိုၾကမည့္သူမ်ား)မ်ားအား ယေန႔တြင္ စစ္ေဆးရန္ရွိေသာ္လည္း မလာေရာက္၍ အမႈမစစ္ေဆးျဖစ္ေၾကာင္း ေရွ႕ေနအသိုင္းအဝိုင္းမွသိရသည္။

“သက္ေသေတြ မလာဘူး။ဒါေၾကာင့္ အမႈမစစ္ျဖစ္ဘူး”ဟု ေရွ႕ေနႏွင့္နီးစပ္သူတစ္ဦးကေျပာသည္။

ယေန႔ မတ္လ ၃ရက္ေန႔ ႐ုံးခ်ိန္းတြင္ သက္ေသမ်ားမလာေရာက္ခဲ့သလို၊ေဖေဖာ္ဝါရီ လကုန္ပိုင္းက ေဆာင္႐ြက္သည့္ ႐ုံးခ်ိန္းတြင္လည္း သက္ေသမ်ားလာေရာက္ရန္ ပ်က္ကြက္ခဲ့မႈရွိခဲ့၍ သက္ေတာ္ေစာင့္ခ်ယ္ရီထက္ဘက္မွ ထြက္ဆိုမည့္ သက္ေသမ်ား ပ်က္ကြက္မႈေၾကာင့္ အမႈမစစ္ျဖစ္ဘဲ ျပန္လည္ ခ်ိန္းဆိုရမႈ ၂ႀကိမ္ရွိသြားၿပီျဖစ္သည္။

သက္ေသမ်ားမလာျဖစ္ခဲ့သည့္ အေၾကာင္းအရင္းကိုမူ မသိရွိရေပ။

သိူ႔ေသာ္ သက္ေသထြက္ဆိုရန္ရွိသည့္ လူပုဂၢိဳလ္ဦးေရကို (၄)ဦးအထိ ရွိေၾကာင္း ႐ုံးေတာ္သို႔ တင္ျပထားသည္။

ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒပုဒ္မျဖင့္ ေထာင္၃ႏွစ္က်ခံထားရေသာ ခ်ယ္ရီထက္သည္ ပုဒ္မ၅၀၅(က)အမႈျဖင့္ ပတ္သတ္ၿပီး သူမတြင္ အျပစ္မရွိေၾကာင္း ကိုယ္တိုင္ေလွ်ာက္လဲခ်က္ေပးထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here