ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးရန်ခွင့်ပြုထားသည့် ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်း ၃၆ ခုရှိ

0
119

(Unicode)

ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးရန်ခွင့်ပြုထားသည့် ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်း ၃၆ ခုရှိ

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်း(ဒသမအကြိမ်)နှစ် ပတ်လည်အထွေထွေမျက်နှာစုံညီ အစည်းအဝေး ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုဗစ်(၁၉)ရောဂါ ရှာဖွေရေးလုပ်ငန်း၊ကာကွယ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ပုဂ္ဂလိကဆေးရုံနှင့်ရောဂါရှာဖွေရေး ဓာတ် ခွဲခန်းများတွင် ကိုဗစ်(၁၉) Test & Care ၊ ကိုဗစ် (၁၉)ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လုပ်ငန်းလမ်းညွှန်များနှင့်အညီ စိစစ်ခွင့်ပြုလျက်ရှိခြင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးပါမော က္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

“ကိုဗစ်(၁၉) Test & Care အတွက် ပုဂ္ဂလိကဆေး ရုံနဲ့ရောဂါရှာဖွေရေးဓာတ်ခွဲခန်း ၃၉ ခုရှိပြီး ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးဖို့ခွင့်ပြုထားတဲ့ ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်း ၃၆ ခုကို ခွင့်ပြုထားပြီးဖြစ်ပါတယ်”ဟုပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိ က ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့၏ ဥပ ဒေပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်၍ ကိုက်ညီမှုရှိသည့် ပုဂ္ဂလိကဆေးရုံ ၂၅၉ ရုံအားလုပ်ငန်းလိုင် စင်များ ခွင့်ပြုထားရှိသည်ဟု ပြည်ထောင်စုဝန် ကြီးကပြောသည်။

အလားတူ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေနှင့်အညီ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း များတိုးတက်ဖြစ်ထွန်းစေရန်၊အမျိုးသားကျန်း မာရေးစောင့်ရှောက်မှုစနစ်တွင် အစိတ်အပိုင်း တစ်ရပ်အဖြစ် စနစ်တကျပါဝင်ဆောင်ရွက်နိုင်စေရန်၊ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပုဂ္ဂလိက ကဏ္ဍ၏ စွမ်းအားအရင်းအ မြစ်များအား ထိရောက်စွာ အသုံးပြုနိုင်စေရန်၊ပုဂ္ဂ လိက ကျန်းမာရေးလုပ်ငန်းများ တည်ထောင်ဖွင့်လှစ်ခြင်းအားဖြင့် ပြည်သူများက မိမိတို့၏ ကျန်း မာရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအ တွက် စိတ်ကြိုက်ရွေးချယ်ခွင့်ရရှိစေရန်၊ပြည်သူ များအတွက် မျှတသောစရိတ်ဖြင့် အရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုပေးနိုင်စေရန်နှင့်တာ ဝန်ခံမှုရှိစေရန်တို့အတွက် ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနမှ တိုင်းနှင့်ပြည် နယ်အသီးသီး၌ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ အဆင့်ဆင့်ဖြင့် အခါအားလျော်စွာ ကွင်းဆင်းစစ်ဆေးပြီး ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေနှင့်အညီ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေး ယူဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

(Zawgyi)

ကိုဗစ္(၁၉)ေရာဂါ ကာကြယ္ေဆးထိုးရန္ခြင့္ျပဳထားသည့္ ပုဂၢလိက ေဆး႐ုံ၊ေဆးခန္း ၃၆ ခုရွိ

က်န္းမာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးပါေမာကၡေဒါက္တာသက္ခိုင္ဝင္းက ျမန္မာႏိုင္ငံ ပုဂၢလိက ေဆး႐ုံမ်ားအသင္း(ဒသမအႀကိမ္)ႏွစ္ ပတ္လည္အေထြေထြမ်က္ႏွာစုံညီ အစည္းအေဝး ၌ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ကိုဗစ္(၁၉)ေရာဂါ ရွာေဖြေရးလုပ္ငန္း၊ကာကြယ္ကုသေရးလုပ္ငန္းမ်ားတြင္ အေထာက္အကူျဖစ္ေစရန္ ပုဂၢလိကေဆး႐ုံႏွင့္ေရာဂါရွာေဖြေရး ဓာတ္ ခြဲခန္းမ်ားတြင္ ကိုဗစ္(၁၉) Test & Care ၊ ကိုဗစ္ (၁၉)ေရာဂါကာကြယ္ေဆးထိုးလုပ္ငန္းမ်ားအား က်န္းမာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ လုပ္ငန္းလမ္းၫႊန္မ်ားႏွင့္အညီ စိစစ္ခြင့္ျပဳလ်က္ရွိျခင္းျဖစ္သည္ဟု ျပည္ေထာင္စုဝန္ႀကီးပါေမာ ကၡေဒါက္တာသက္ခိုင္ဝင္းကေျပာသည္။

“ကိုဗစ္(၁၉) Test & Care အတြက္ ပုဂၢလိကေဆး ႐ုံနဲ႔ေရာဂါရွာေဖြေရးဓာတ္ခြဲခန္း ၃၉ ခုရွိၿပီး ကိုဗစ္(၁၉)ေရာဂါ ကာကြယ္ေဆးထိုးဖို႔ခြင့္ျပဳထားတဲ့ ပုဂၢလိက ေဆး႐ုံ၊ေဆးခန္း ၃၆ ခုကို ခြင့္ျပဳထားၿပီးျဖစ္ပါတယ္”ဟုပါေမာကၡေဒါက္တာသက္ခိုင္ဝင္းကေျပာသည္။

ထို႔ျပင္ က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ ပုဂၢလိ က က်န္းမာေရးလုပ္ငန္းဆိုင္ရာ ဗဟိုအဖြဲ႕၏ ဥပ ေဒျပ႒ာန္းခ်က္မ်ားႏွင့္အညီ စိစစ္၍ ကိုက္ညီမႈရွိသည့္ ပုဂၢလိကေဆး႐ုံ ၂၅၉ ႐ုံအားလုပ္ငန္းလိုင္ စင္မ်ား ခြင့္ျပဳထားရွိသည္ဟု ျပည္ေထာင္စုဝန္ ႀကီးကေျပာသည္။

အလားတူ ပုဂၢလိက က်န္းမာေရးလုပ္ငန္းဆိုင္ရာဥပေဒႏွင့္အညီ ပုဂၢလိက က်န္းမာေရးလုပ္ငန္း မ်ားတိုးတက္ျဖစ္ထြန္းေစရန္၊အမ်ိဳးသားက်န္း မာေရးေစာင့္ေရွာက္မႈစနစ္တြင္ အစိတ္အပိုင္း တစ္ရပ္အျဖစ္ စနစ္တက်ပါဝင္ေဆာင္႐ြက္ႏိုင္ေစရန္၊ျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈေပးရာတြင္ ပုဂၢလိက က႑၏ စြမ္းအားအရင္းအ ျမစ္မ်ားအား ထိေရာက္စြာ အသုံးျပဳႏိုင္ေစရန္၊ပုဂၢ လိက က်န္းမာေရးလုပ္ငန္းမ်ား တည္ေထာင္ဖြင့္လွစ္ျခင္းအားျဖင့္ ျပည္သူမ်ားက မိမိတို႔၏ က်န္း မာေရးလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းႏိုင္ေရးအ တြက္ စိတ္ႀကိဳက္ေ႐ြးခ်ယ္ခြင့္ရရွိေစရန္၊ျပည္သူ မ်ားအတြက္ မွ်တေသာစရိတ္ျဖင့္ အရည္အေသြးျမင့္မားသည့္ ဝန္ေဆာင္မႈေပးႏိုင္ေစရန္ႏွင့္တာ ဝန္ခံမႈရွိေစရန္တို႔အတြက္ ထိန္းေက်ာင္းၾကပ္မတ္ ေဆာင္႐ြက္လ်က္ရွိသည္ဟု သိရသည္။

ထို႔ျပင္ က်န္းမာေရးဝန္ႀကီးဌာနမွ တိုင္းႏွင့္ျပည္ နယ္အသီးသီး၌ ပုဂၢလိက က်န္းမာေရးလုပ္ငန္းဆိုင္ရာႀကီးၾကပ္ေရးေကာ္မတီ အဆင့္ဆင့္ျဖင့္ အခါအားေလ်ာ္စြာ ကြင္းဆင္းစစ္ေဆးၿပီး ျပ႒ာန္းထားသည့္ ဥပေဒ၊ နည္းဥပေဒ၊ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက ဥပေဒႏွင့္အညီ စီမံခန႔္ခြဲေရးနည္းလမ္းအရ အေရး ယူေဆာင္႐ြက္သြားမည္ဟု ျပည္ေထာင္စုဝန္ႀကီးပါေမာကၡေဒါက္တာသက္ခိုင္ဝင္းကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here