အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မတ်လ၂၀ရက်တွင် လာရောက်မည်

0
149

(Unicode)

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မတ်လ၂၀ရက်တွင် လာရောက်မည်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သည့် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာ Prak Sokhonnသည် မြန်မာနိုင်ငံသို့မတ်လ၂၀ရက်တွင် လာရောက်မည်ဟု ကမ္ဘောဒီးယားနိုင်ငံက ကြေညာခဲ့သည်။

အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာခရီးစဉ်နှင့်ပတ်သတ်ပြီး ကမ္ဘောဒီးယားအစိုးရက အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ မတ် ၂၀ ရက်တွင် ရောက်ရှိမည်ဖြစ်ပြီး မတ်လ ၂၃ ရက်အထိ ၃ရက်ကြာခရီးစဉ်ဖြင့် လာရောက်မည်ဟုထုတ်ပြန်ထားသည်။

အာဆီယံကိုယ်စားလှယ် သည် မြန်မာနိုင်ငံရေးအကြပ်အတည်းအား ဖြေရှင်းရန်လာရောက်ခြင်းဖြစ်ပြီး အာဆီယံခေါင်းဆောင်ကြီးများ၏သဘောတူညီချက်၅ချက် ကို မြန်မာအကောင်အထည်ဖော်ရန်လည်း တွန်းအားပေးပူးပေါင်းဆောင်ရွက်ရန်ရှိနေသည့်အပြင် နိုင်ငံတွင်းရှိ ပါတီအားလုံးကြား စေ့စပ်ညှိနှိုင်းရေး ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် အာဆီယံသံတမန်တစ်ဦး ဖြစ်လာမည်ဖြစ်သည်။

နစကဘက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခွင့်ပေးမည်ဟု ပြောဆိုထားပြီး တရားရင်ဆိုင်နေရသူများ၊အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသူများနှင့်မူ တွေ့ဆုံခွင့်ပေးဖို့ရန် ခဲယဉ်းကြောင်း ပြောဆိုထားမှုရှိထားသည်။

အာဆီယံခေါင်းဆောင်အချို့ကမူအာဆီယံအထူးကိုယ်စားလှယ်အား ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီအရေးတက်ကြွသူများနှင့်တွေ့ဆုံရန် တိုက်တွန်းထားမှုရှိသည်။

နစကဘက်က မည်သူနှင့် တွေ့ဆုံခွင့်ပေးမည်ဆိုသည်ကို နိုင်ငံရေးအကဲခတ်များနှင့် နိုင်ငံတကာက စောင့်ကြည့်နေ၍ အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာ့ခရီးစဉ်မှာ နိုင်ငံတကာ၏စောင့်ကြည့်စရာသတင်းတစ်ခုဖြစ်လာမည်ဖြစ်သည်။

(Zawgyi)

အာဆီယံအထူးကိုယ္စားလွယ္ ျမန္မာႏိုင္ငံသို႔ မတ္လ၂၀ရက္တြင္ လာေရာက္မည္

ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ျဖစ္သည့္ ကေမာၻဒီးယား ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးျဖစ္သူ မစၥတာ Prak Sokhonnသည္ ျမန္မာႏိုင္ငံသို႔မတ္လ၂၀ရက္တြင္ လာေရာက္မည္ဟု ကေမာၻဒီးယားႏိုင္ငံက ေၾကညာခဲ့သည္။

အာဆီယံအထူးကိုယ္စားလွယ္၏ ျမန္မာခရီးစဥ္ႏွင့္ပတ္သတ္ၿပီး ကေမာၻဒီးယားအစိုးရက အထူးကိုယ္စားလွယ္သည္ ျမန္မာႏိုင္ငံသို႔ မတ္ ၂၀ ရက္တြင္ ေရာက္ရွိမည္ျဖစ္ၿပီး မတ္လ ၂၃ ရက္အထိ ၃ရက္ၾကာခရီးစဥ္ျဖင့္ လာေရာက္မည္ဟုထုတ္ျပန္ထားသည္။

အာဆီယံကိုယ္စားလွယ္ သည္ ျမန္မာႏိုင္ငံေရးအၾကပ္အတည္းအား ေျဖရွင္းရန္လာေရာက္ျခင္းျဖစ္ၿပီး အာဆီယံေခါင္းေဆာင္ႀကီးမ်ား၏သေဘာတူညီခ်က္၅ခ်က္ ကို ျမန္မာအေကာင္အထည္ေဖာ္ရန္လည္း တြန္းအားေပးပူးေပါင္းေဆာင္႐ြက္ရန္ရွိေနသည့္အျပင္ ႏိုင္ငံတြင္းရွိ ပါတီအားလုံးၾကား ေစ့စပ္ညႇိႏႈိင္းေရး ရည္႐ြယ္ခ်က္ျဖင့္ ျမန္မာႏိုင္ငံသို႔ ပထမဆုံးလာေရာက္သည့္ အာဆီယံသံတမန္တစ္ဦး ျဖစ္လာမည္ျဖစ္သည္။

နစကဘက္က အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အပါအဝင္ ႏိုင္ငံေရးပါတီမ်ားႏွင့္ ေတြ႕ဆုံခြင့္ေပးမည္ဟု ေျပာဆိုထားၿပီး တရားရင္ဆိုင္ေနရသူမ်ား၊အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ခံထားရသူမ်ားႏွင့္မူ ေတြ႕ဆုံခြင့္ေပးဖို႔ရန္ ခဲယဥ္းေၾကာင္း ေျပာဆိုထားမႈရွိထားသည္။

အာဆီယံေခါင္းေဆာင္အခ်ိဳ႕ကမူအာဆီယံအထူးကိုယ္စားလွယ္အား ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ဒီမိုကေရစီအေရးတက္ႂကြသူမ်ားႏွင့္ေတြ႕ဆုံရန္ တိုက္တြန္းထားမႈရွိသည္။

နစကဘက္က မည္သူႏွင့္ ေတြ႕ဆုံခြင့္ေပးမည္ဆိုသည္ကို ႏိုင္ငံေရးအကဲခတ္မ်ားႏွင့္ ႏိုင္ငံတကာက ေစာင့္ၾကည့္ေန၍ အာဆီယံအထူးကိုယ္စားလွယ္၏ ျမန္မာ့ခရီးစဥ္မွာ ႏိုင္ငံတကာ၏ေစာင့္ၾကည့္စရာသတင္းတစ္ခုျဖစ္လာမည္ျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here