ငွေကျပ် ၂၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ မိုးကုတ်မြို့နယ်တွင် ဖမ်းဆီးရမိ

0
180

ငွေကျပ် ၂၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ မိုးကုတ်မြို့နယ်တွင် ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ လယ်ကြီးပူးပေါင်းစစ်ဆေးရေး စခန်းတွင် ငွေကျပ် ၂၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ မိုးကုတ်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည်။

မိုင်းလုံမှ မိုးကုတ်ဘက်သို့ မောင်းနှင်လာသည့် Nissan ၆ ဘီးယာဉ်ကို စစ်ဆေးစဉ်ငွေကျပ် ၂၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ အား မူးယစ်ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ခြင်းဖြစ်ကာ မတ်လ၁ရက်နေ့က အထက်ပါဖြစ်စဉ်ဖြစ်ခဲ့သည်ဟု ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

ယာဉ်မောင်းဖြစ်သူ ဝေသူ ဆိုသူမှာထွက်ပြေးသွား၍ ယာဉ်နောက်လိုက် အေးနိုင်(ခ)စိုးမြင့်နိုင်ကိုသာ ရဲကမူးယစ်ဆေးဝါးတို့နှင့်အတူ ဖမ်းမိခဲ့သည်ဟုသိရသည်။

စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်း ဒေသကြီးသို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

Zaw Gyi

ေငြက်ပ္ ၂၀ ဘီလီယံတန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္တမင္း)မ်ား မိုးကုတ္ၿမိဳ႕နယ္တြင္ ဖမ္းဆီးရမိ

မႏၲေလးတိုင္းေဒသႀကီး၊ မိုးကုတ္ၿမိဳ႕နယ္၊ လယ္ႀကီးပူးေပါင္းစစ္ေဆးေရး စခန္းတြင္ ေငြက်ပ္ ၂၀ ဘီလီယံတန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္တမင္း)မ်ား မိုးကုတ္ၿမိဳ႕နယ္တြင္ ဖမ္းဆီးရမိခဲ့သည္။

မိုင္းလုံမွ မိုးကုတ္ဘက္သို႔ ေမာင္းႏွင္လာသည့္ Nissan ၆ ဘီးယာဥ္ကို စစ္ေဆးစဥ္ေငြက်ပ္ ၂၀ ဘီလီယံတန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္တမင္း)မ်ား အား မူးယစ္ရဲတပ္ဖြဲ႕က ဖမ္းမိခဲ့ျခင္းျဖစ္ကာ မတ္လ၁ရက္ေန႔က အထက္ပါျဖစ္စဥ္ျဖစ္ခဲ့သည္ဟု ရဲတပ္ဖြဲ႕ကထုတ္ျပန္သည္။

ယာဥ္ေမာင္းျဖစ္သူ ေဝသူ ဆိုသူမွာထြက္ေျပးသြား၍ ယာဥ္ေနာက္လိုက္ ေအးႏိုင္(ခ)စိုးျမင့္ႏိုင္ကိုသာ ရဲကမူးယစ္ေဆးဝါးတို႔ႏွင့္အတူ ဖမ္းမိခဲ့သည္ဟုသိရသည္။

စစ္ေဆး ေဖာ္ထုတ္ခ်က္အရ သိမ္းဆည္းရမိ အိုက္စ္(မက္သ္အဖက္တမင္း)မ်ားအား ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွ မႏၲေလးတိုင္း ေဒသႀကီးသို႔ သယ္ေဆာင္ျခင္း ျဖစ္ေၾကာင္းသိရွိရသျဖင့္ ဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူ မ်ားအား ဆက္လက္စစ္ေဆး ေဖာ္ထုတ္လ်က္ရွိေၾကာင္း မူးယစ္ရဲတပ္ဖြဲ႕ကသတင္းထုတ္ျပန္ထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here