အရင်း၊ အတိုးပေးဆပ်ရန်ပျက်ကွက်သောချေးငွေများအရေး စည်းဝေးတိုင်ပင်

0
151

အရင်း၊ အတိုးပေးဆပ်ရန်ပျက်ကွက်သောချေးငွေများအရေး စည်းဝေးတိုင်ပင်

အရင်း၊ အတိုးပေးဆပ်ရန်ပျက်ကွက်သောချေးငွေ (Non-PerformingLoans) ဖြေရှင်း ဆောင်ရွက်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဦးစီးပြီး နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြား ဘဏ်များမှ ကိုယ်စားလှယ်များ၊ ငွေရေးကြေးရေးကုမ္ပဏီများတို့ မတ်လ ၃ရက်နေ့က ရန်ကုန်မြို့ရှိ ရန်ကုန်ဘဏ်ခွဲတွင်ဆောင်ရွက်ခဲ့ကြသည်။

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က နိုင်ငံတကာ၌ Non-Performing Loans (NPLs) အဓိပ္ပါယ် သတ်မှတ်ချက်နှင့် NPLs ဖြေရှင်း ဆောင်ရွက်သည့် ဗဟိုဘဏ်များ ၏ မူဝါဒဆိုင်ရာ နည်းလမ်းများ ကိုလည်းကောင်း၊ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီး နောက်ပိုင်းတွင် ပုဂ္ဂလိကဘဏ် များ၏ NPLs ပြောင်းလဲမှုနှင့် ယင်းချေးငွေများကို ပုဂ္ဂလိက ဘဏ်များက ဖြေရှင်းရမည့် နည်းလမ်းများနှင့် Restructuring နှင့် Rescheduling ဆောင်ရွက်လျက်ရှိရာတွင် လိုက်နာ ဆောင်ရွက်ရမည့် စည်းမျဉ်း စည်းကမ်းများကို လည်းကောင်း ရှင်းလင်းဆွေးနွေးကြောင်း ဗဟိုဘဏ်ဘက်က သတင်းထုတ်ပြန်ထားသည်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “စောင့်ကြည့်ရမှာပေါ့။ဒီအစည်းအဝေးရဲ့ နောက်ဆက်တွဲရလဒ်တွေကို။ အရင်း၊ အတိုးပေးဆပ်ဖို့ ပျက်ကွက်တာတွေလည်း ရှိနေကြတော့။ဘာတွေ ထူးလာမလဲတော့ မသိဘူး”ဟု မှတ်ချက်ပြုသည်။

အစည်းအဝေးတွင် မြန်မာချေးငွေ သတင်း အချက်အလက်ဌာန (Myanmar Credit Bureau) ဥက္ကဋ္ဌကလည်း ဘဏ်များ၏ ချေးငွေ သတင်း အချက်အလက် ပေးပို့မှု နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည့်အပြင် ဒုတိယဥက္ကဋ္ဌကဘဏ်လုပ်ငန်း ကဏ္ဍတ ည်ငြိမ်စေရန်နှင့် ပုဂ္ဂလိက ဘဏ်များ၏ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက် စေရန် မြန်မာနိုင်ငံတော်ဗဟို ဘဏ်က ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းလည်းသိရသည်။

Zaw Gyi

အရင္း၊ အတိုးေပးဆပ္ရန္ပ်က္ကြက္ေသာေခ်းေငြမ်ားအေရး စည္းေဝးတိုင္ပင္

အရင္း၊ အတိုးေပးဆပ္ရန္ပ်က္ကြက္ေသာေခ်းေငြ (Non-PerformingLoans) ေျဖရွင္း ေဆာင္႐ြက္ျခင္း ဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဒုတိယဥကၠ႒ ေဒၚသန္းသန္းေဆြဦးစီးၿပီး ႏိုင္ငံပိုင္ဘဏ္မ်ား၊ ပုဂၢလိကဘဏ္မ်ား၊ ႏိုင္ငံျခား ဘဏ္မ်ားမွ ကိုယ္စားလွယ္မ်ား၊ ေငြေရးေၾကးေရးကုမၸဏီမ်ားတို႔ မတ္လ ၃ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ ရန္ကုန္ဘဏ္ခြဲတြင္ေဆာင္႐ြက္ခဲ့ၾကသည္။

ဗဟိုဘဏ္ ဒုတိယဥကၠ႒ ေဒၚသန္းသန္းေဆြ က ႏိုင္ငံတကာ၌ Non-Performing Loans (NPLs) အဓိပၸါယ္ သတ္မွတ္ခ်က္ႏွင့္ NPLs ေျဖရွင္း ေဆာင္႐ြက္သည့္ ဗဟိုဘဏ္မ်ား ၏ မူဝါဒဆိုင္ရာ နည္းလမ္းမ်ား ကိုလည္းေကာင္း၊ ျမန္မာႏိုင္ငံ၌ ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားၿပီး ေနာက္ပိုင္းတြင္ ပုဂၢလိကဘဏ္ မ်ား၏ NPLs ေျပာင္းလဲမႈႏွင့္ ယင္းေခ်းေငြမ်ားကို ပုဂၢလိက ဘဏ္မ်ားက ေျဖရွင္းရမည့္ နည္းလမ္းမ်ားႏွင့္ Restructuring ႏွင့္ Rescheduling ေဆာင္႐ြက္လ်က္ရွိရာတြင္ လိုက္နာ ေဆာင္႐ြက္ရမည့္ စည္းမ်ဥ္း စည္းကမ္းမ်ားကို လည္းေကာင္း ရွင္းလင္းေဆြးေႏြးေၾကာင္း ဗဟိုဘဏ္ဘက္က သတင္းထုတ္ျပန္ထားသည္။

စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက “ေစာင့္ၾကည့္ရမွာေပါ့။ဒီအစည္းအေဝးရဲ႕ ေနာက္ဆက္တြဲရလဒ္ေတြကို။ အရင္း၊ အတိုးေပးဆပ္ဖို႔ ပ်က္ကြက္တာေတြလည္း ရွိေနၾကေတာ့။ဘာေတြ ထူးလာမလဲေတာ့ မသိဘူး”ဟု မွတ္ခ်က္ျပဳသည္။

အစည္းအေဝးတြင္ ျမန္မာေခ်းေငြ သတင္း အခ်က္အလက္ဌာန (Myanmar Credit Bureau) ဥကၠ႒ကလည္း ဘဏ္မ်ား၏ ေခ်းေငြ သတင္း အခ်က္အလက္ ေပးပို႔မႈ ႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းေဆြးေႏြးခဲ့သည့္အျပင္ ဒုတိယဥကၠ႒ကဘဏ္လုပ္ငန္း က႑တ ည္ၿငိမ္ေစရန္ႏွင့္ ပုဂၢလိက ဘဏ္မ်ား၏ ဘဏ္လုပ္ငန္း ဝန္ေဆာင္မႈမ်ား ဖြံ႕ၿဖိဳးတိုးတက္ ေစရန္ ျမန္မာႏိုင္ငံေတာ္ဗဟို ဘဏ္က ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ ဆက္လက္ ေဆာင္႐ြက္မည့္ အစီအစဥ္မ်ားကို ျပန္လည္ရွင္းလင္း ေဆြးေႏြးခဲ့ေၾကာင္းလည္းသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here