လူမှုကွန်ယက်စာမျက်နှာများမှ တစ်ဆင့် ထိုင်းရောက်မြန်မာလုပ်သားများ ခိုက်ရန်ဖြစ်ပွားစေရန် သွေးထိုးလှုံဆော်ခြင်း၊ မြှောက်ပင့်ပြောဆိုခြင်းများ မပြုလုပ်ဖို့ မြန်မာသံအရာရှိရုံး မေတ္တာရပ်ခံ

0
209

(Unicode)

လူမှုကွန်ယက်စာမျက်နှာများမှ တစ်ဆင့် ထိုင်းရောက်မြန်မာလုပ်သားများ ခိုက်ရန်ဖြစ်ပွားစေရန် သွေးထိုးလှုံဆော်ခြင်း၊ မြှောက်ပင့်ပြောဆိုခြင်းများ မပြုလုပ်ဖို့ မြန်မာသံအရာရှိရုံး မေတ္တာရပ်ခံ

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၁၀၀၀ ဦးခန့် အလုပ်မဆင်းဘဲ စုပေါင်းဆန္ဒပြမှု ဖြစ်ပွားခဲ့သည့် ကိစ္စ အား ပြေလည်အောင် ထိုင်းနိုင်ငံရှိမြန်မာ သံအရာရှိရုံးက သွားရောက်ဖြေရှင်းပေးခဲ့ပြီး ခိုက်ရန်ဖြစ်ပွားစေရန် သွေးထိုးလှုံဆော်မှုများမပြုလုပ်ဖို့ သံအရာရှိရုံးက ယနေ့ မတ်လ ၄ရက်တွင် မေတ္တာရပ်ခံခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်က ထိုင်းအလုပ် သမားနှင့် မြန်မာအလုပ်သမားများအငြင်းပွားခိုက်ရန်ဖြစ်ပွားခဲ့ပြီး မြန်မာအလုပ် သမား ၁၀၀၀ ဦးခန့် အလုပ်မဆင်းဘဲ စုပေါင်းဆန္ဒပြမှု ဖြစ်ပွားခဲ့သည့်ကိစ္စအား ထိုင်းနိုင်ငံရှိမြန်မာအလုပ်သမားသံအရာရှိရုံးက သွားရောက်ဖြေရှင်းပေးခဲ့ကြောင်း သတင်းထုတ်ပြန်စဉ် မေတ္တာရပ်ခံချက်အား ထည့်သွင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ၁၉ ရက် ဆန္ဒပြမှုတွင် ထိုင်း ခရိုင်တာဝန်ကျ ရဲများမှ လာရောက်ထိန်းချုပ်ခဲ့သော်လည်း မြန်မာအလုပ်သမားများမှ ဝိုင်းဝန်းပိတ်ဆို့မှု ပြန်လည် ပြုလုပ်ခဲ့သည်အထိ ဆန္ဒပြမှုပြင်းထန်ခဲ့သည်ဟု ထုတ်ပြန်ချက်အရသိရသည်။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံအနောက်ပိုင်း၊ ဖတ်ချဘူရီခရိုင်၊ Cal-Comp Electronics (Thailand) Co., Ltd ၏ အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်သည့် စက်ရုံတွင် ၁၈-၂-၂၀၂၂ ရက်နေ့ ညပိုင်းအဆိုင်း အလုပ်ချိန်၌ ထိုင်းအလုပ်သမားတစ်ဦး(မ) အလုပ်ချိန်နောက်ကျ၍ မြန်မာအလုပ်သမားတစ်ဦး(မ)က နှစ်ဦးစာအလုပ်လုပ်ရသဖြင့် အဆိုင်းခေါင်းဆောင် မြန်မာအလုပ်သမား(ကျား)ထံ တိုင်ကြားခဲ့ရာ ထိုင်းအလုပ်သမားတစ်ဦး(မ)သည် ၎င်း၏ အမျိုးသားဖြစ်သူ ထိုင်းအလုပ်သမားအား ခေါ်ယူခဲ့ပြီး အငြင်းပွား ရိုက်နှက်မှုဖြစ်ပွားခဲ့ရာမှ အစပြု၍ ဆန္ဒပြမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြန်မာအလုပ်သမားများက ခိုက်ရန်ဖြစ်ပွားမှုသည် ထိုင်းအလုပ်သမားဘက်မှ အစပြု ခြင်းဖြစ်၍ မျှတမှုရှိစေရေး၊ အငြိုးထား၍ ထပ်မံ ခိုက်ရန်ဖြစ်ပွားမှုမရှိစေရေး၊ မြန်မာ အလုပ်သမားများ၏ လုံခြုံရေးကို တောင်းဆိုလိုခြင်း၊ ထိုင်းအလုပ်သမားများမှ လုပ်ငန်း ခွင်ဝင်ရမည့် အချိန် နောက်ကျသဖြင့် မြန်မာအလုပ်သမားများက နှစ်ဆပိုမို အလုပ် လုပ်ရခြင်း၊ အခြား ဘာသာဝင်များက တစ်နေ့ ၅ ကြိမ် ဘုရားရှိခိုးသဖြင့် အလုပ်လစ် ဟင်းမှုများ ရှိနေခြင်းတို့အတွက် အလုပ်ရှင်ထံတောင်းဆိုလိုကြောင်း စသည့် ကိစ္စရပ်များအား ၁၉-၂-၂၀၂၂ ရက်နေ့တွင် အလုပ်သမားသံအရာရှိရုံးမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထိုင်း-မြန်မာအလုပ်သမားများ ခိုက်ရန်ဖြစ်ပွားပါက ထိုင်းအလုပ်သမားသည် အလုပ်မှ ပြုတ်သော်လည်း ၎င်းတို့နိုင်ငံအတွင်းရှိ အခြားလုပ်ငန်းတစ်ခုခုအား ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်ပြီး မြန်မာအလုပ်သမား အလုပ်ပြုတ်ပါက IDC စခန်းသို့ ပို့ဆောင်ခံရ၍ ပြည်တော်ပြန်ရမည့် အခြေအနေဖြစ်သဖြင့် ထိုင်းနိုင်ငံသား အလုပ်သမားများမှာ အိမ်ရှင်အခွင့်အရေးတစ်ခု သာလွန်နေမည်ဖြစ်ပြီး မြန်မာအလုပ်သမားများအနေဖြင့် စည်းလုံးညီညွတ်စွာ အချင်းချင်း ကာကွယ်စောင့်ရှောက်လုပ်ကိုင်ကြရန်၊ ထပ်မံ၍ ခိုက်ရန်ဖြစ်ပွားခြင်းများ ပြုလုပ်ပါက အလုပ်သမားရေးရာမူဘောင်အတွင်းမှ ဖြေရှင်းနိုင်မည်မဟုတ်ဘဲ ရဲစခန်း၊ တရားရုံးတို့ကဲ့သို့ ထိုင်းနိုင်ငံ ဥပဒေဘောင်အတွင်းမှ ဖြေရှင်းဆောင်ရွက်ရပြီး ထိခိုက်နစ်နာမှု ရှိလာနိုင်ပါကြောင်း အလုပ်သမားသံအရာရှိရုံးက ၂၁-၂-၂၀၂၂ ရက်နေ့နှင့် ၂၄-၂-၂၀၂၂ ရက်နေ့များတွင် တိုက်တွန်းဟောပြောခဲ့သည်ဟုလည်းသိရသည်။

(Zawgyi)

လူမႈကြန္ယက္စာမ်က္ႏွာမ်ားမွ တစ္ဆင့္ ထိုင္းေရာက္ျမန္မာလုပ္သားမ်ား ခိုက္ရန္ျဖစ္ပြားေစရန္ ေသြးထိုးလႈံေဆာ္ျခင္း၊ ေျမႇာက္ပင့္ေျပာဆိုျခင္းမ်ား မျပဳလုပ္ဖို႔ ျမန္မာသံအရာရွိ႐ုံး ေမတၱာရပ္ခံ

ထိုင္းႏိုင္ငံတြင္ ျမန္မာအလုပ္သမား ၁၀၀၀ ဦးခန႔္ အလုပ္မဆင္းဘဲ စုေပါင္းဆႏၵျပမႈ ျဖစ္ပြားခဲ့သည့္ ကိစၥ အား ေျပလည္ေအာင္ ထိုင္းႏိုင္ငံရွိျမန္မာ သံအရာရွိ႐ုံးက သြားေရာက္ေျဖရွင္းေပးခဲ့ၿပီး ခိုက္ရန္ျဖစ္ပြားေစရန္ ေသြးထိုးလႈံေဆာ္မႈမ်ားမျပဳလုပ္ဖို႔ သံအရာရွိ႐ုံးက ယေန႔ မတ္လ ၄ရက္တြင္ ေမတၱာရပ္ခံခဲ့သည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၁၉ ရက္က ထိုင္းအလုပ္ သမားႏွင့္ ျမန္မာအလုပ္သမားမ်ားအျငင္းပြားခိုက္ရန္ျဖစ္ပြားခဲ့ၿပီး ျမန္မာအလုပ္ သမား ၁၀၀၀ ဦးခန႔္ အလုပ္မဆင္းဘဲ စုေပါင္းဆႏၵျပမႈ ျဖစ္ပြားခဲ့သည့္ကိစၥအား ထိုင္းႏိုင္ငံရွိျမန္မာအလုပ္သမားသံအရာရွိ႐ုံးက သြားေရာက္ေျဖရွင္းေပးခဲ့ေၾကာင္း သတင္းထုတ္ျပန္စဥ္ ေမတၱာရပ္ခံခ်က္အား ထည့္သြင္းျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

ေဖေဖာ္ဝါရီ၁၉ ရက္ ဆႏၵျပမႈတြင္ ထိုင္း ခ႐ိုင္တာဝန္က် ရဲမ်ားမွ လာေရာက္ထိန္းခ်ဳပ္ခဲ့ေသာ္လည္း ျမန္မာအလုပ္သမားမ်ားမွ ဝိုင္းဝန္းပိတ္ဆို႔မႈ ျပန္လည္ ျပဳလုပ္ခဲ့သည္အထိ ဆႏၵျပမႈျပင္းထန္ခဲ့သည္ဟု ထုတ္ျပန္ခ်က္အရသိရသည္။

ျဖစ္စဥ္မွာ ထိုင္းႏိုင္ငံအေနာက္ပိုင္း၊ ဖတ္ခ်ဘူရီခ႐ိုင္၊ Cal-Comp Electronics (Thailand) Co., Ltd ၏ အီလက္ထေရာနစ္ပစၥည္းထုတ္လုပ္သည့္ စက္႐ုံတြင္ ၁၈-၂-၂၀၂၂ ရက္ေန႔ ညပိုင္းအဆိုင္း အလုပ္ခ်ိန္၌ ထိုင္းအလုပ္သမားတစ္ဦး(မ) အလုပ္ခ်ိန္ေနာက္က်၍ ျမန္မာအလုပ္သမားတစ္ဦး(မ)က ႏွစ္ဦးစာအလုပ္လုပ္ရသျဖင့္ အဆိုင္းေခါင္းေဆာင္ ျမန္မာအလုပ္သမား(က်ား)ထံ တိုင္ၾကားခဲ့ရာ ထိုင္းအလုပ္သမားတစ္ဦး(မ)သည္ ၎၏ အမ်ိဳးသားျဖစ္သူ ထိုင္းအလုပ္သမားအား ေခၚယူခဲ့ၿပီး အျငင္းပြား ႐ိုက္ႏွက္မႈျဖစ္ပြားခဲ့ရာမွ အစျပဳ၍ ဆႏၵျပမႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ျမန္မာအလုပ္သမားမ်ားက ခိုက္ရန္ျဖစ္ပြားမႈသည္ ထိုင္းအလုပ္သမားဘက္မွ အစျပဳ ျခင္းျဖစ္၍ မွ်တမႈရွိေစေရး၊ အၿငိဳးထား၍ ထပ္မံ ခိုက္ရန္ျဖစ္ပြားမႈမရွိေစေရး၊ ျမန္မာ အလုပ္သမားမ်ား၏ လုံၿခဳံေရးကို ေတာင္းဆိုလိုျခင္း၊ ထိုင္းအလုပ္သမားမ်ားမွ လုပ္ငန္း ခြင္ဝင္ရမည့္ အခ်ိန္ ေနာက္က်သျဖင့္ ျမန္မာအလုပ္သမားမ်ားက ႏွစ္ဆပိုမို အလုပ္ လုပ္ရျခင္း၊ အျခား ဘာသာဝင္မ်ားက တစ္ေန႔ ၅ ႀကိမ္ ဘုရားရွိခိုးသျဖင့္ အလုပ္လစ္ ဟင္းမႈမ်ား ရွိေနျခင္းတို႔အတြက္ အလုပ္ရွင္ထံေတာင္းဆိုလိုေၾကာင္း စသည့္ ကိစၥရပ္မ်ားအား ၁၉-၂-၂၀၂၂ ရက္ေန႔တြင္ အလုပ္သမားသံအရာရွိ႐ုံးမွ ေျဖရွင္းေဆာင္႐ြက္ေပးခဲ့သည္ဟုလည္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပသည္။

ထိုင္း-ျမန္မာအလုပ္သမားမ်ား ခိုက္ရန္ျဖစ္ပြားပါက ထိုင္းအလုပ္သမားသည္ အလုပ္မွ ျပဳတ္ေသာ္လည္း ၎တို႔ႏိုင္ငံအတြင္းရွိ အျခားလုပ္ငန္းတစ္ခုခုအား ဝင္ေရာက္လုပ္ကိုင္ႏိုင္မည္ျဖစ္ၿပီး ျမန္မာအလုပ္သမား အလုပ္ျပဳတ္ပါက IDC စခန္းသို႔ ပို႔ေဆာင္ခံရ၍ ျပည္ေတာ္ျပန္ရမည့္ အေျခအေနျဖစ္သျဖင့္ ထိုင္းႏိုင္ငံသား အလုပ္သမားမ်ားမွာ အိမ္ရွင္အခြင့္အေရးတစ္ခု သာလြန္ေနမည္ျဖစ္ၿပီး ျမန္မာအလုပ္သမားမ်ားအေနျဖင့္ စည္းလုံးညီၫြတ္စြာ အခ်င္းခ်င္း ကာကြယ္ေစာင့္ေရွာက္လုပ္ကိုင္ၾကရန္၊ ထပ္မံ၍ ခိုက္ရန္ျဖစ္ပြားျခင္းမ်ား ျပဳလုပ္ပါက အလုပ္သမားေရးရာမူေဘာင္အတြင္းမွ ေျဖရွင္းႏိုင္မည္မဟုတ္ဘဲ ရဲစခန္း၊ တရား႐ုံးတို႔ကဲ့သို႔ ထိုင္းႏိုင္ငံ ဥပေဒေဘာင္အတြင္းမွ ေျဖရွင္းေဆာင္႐ြက္ရၿပီး ထိခိုက္နစ္နာမႈ ရွိလာႏိုင္ပါေၾကာင္း အလုပ္သမားသံအရာရွိ႐ုံးက ၂၁-၂-၂၀၂၂ ရက္ေန႔ႏွင့္ ၂၄-၂-၂၀၂၂ ရက္ေန႔မ်ားတြင္ တိုက္တြန္းေဟာေျပာခဲ့သည္ဟုလည္းသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here