ဒလမြို့နယ်အခြေစိုက် ဖြူစင်မေတ္တာပရဟိတအသင်းမှ ဗုဒ္ဓဆင်းတုတော် ၁၀၂ ဆူလှူဒါန်းမည်

0
167

(Unicode)

ဒလမြို့နယ်အခြေစိုက် ဖြူစင်မေတ္တာပရဟိတအသင်းမှ ဗုဒ္ဓဆင်းတုတော် ၁၀၂ ဆူလှူဒါန်းမည်

ရန်ကုန်မြို့၊ဒလမြို့နယ်၊ကျန်စစ်သားရပ်ကွက်အ ခြေစိုက် ဖြူစင်မေတ္တာပရဟိတအသင်းမှ နွမ်းပါးသူများအား မတ် ၆ ရက်တွင် ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၁၀၂ ဆူ ခွဲဝေလှူဒါန်းပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် မတ် ၅ ရက်ညပိုင်း၌ ဒလမြို့၊အောင်တော်မူကျောင်းတိုက်ဆရာတော်ဦးတေဇိန္ဒမှတရားတော်များဟောကြားပြီးနောက် ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၁၀၂ ဆူအနက် ၂၀ ဆူအား တရားပွဲသို့လာရောက်သူများအတွက် မဟာဒုတ်ဘုရားမဲဖောက်၍ လှူဒါန်းပေးသွားမည်ဖြစ် သည်။

“ကျွန်တော်တို့ ကျန်စစ်သားရပ်ကွက်နဲ့အနီးအနားတစ်ဝိုက်ရပ်ကွက်တွေမှာနေတဲ့ နွမ်းပါးသူတွေကို အိမ်တိုင်ရာရောက်ခွဲဝေလှူဒါန်းပေးသွားမှာပါ တ ရားပွဲမှာ ဘုရားမဲပေါက်သူတွေကိုလည်း အိမ်တိုင် ရာရောက်ပင့်ဆောင်လိုက်ပို့ပေးမှာပါ”ဟုဖြူစင်မေတ္တာပရဟိတအသင်း ဥက္ကဋ္ဌဦးကိုကိုအောင်ကပြောသည်။

အဆိုပါ ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၁၀၂ ဆူအနက် အဆူ ၂၀ အား မဟာဒုတ်ဘုရားမဲဖောက်ပေးမည့်အပြင် ကျန်ရှိသည့်ဆင်းတုတော်များအနက် ၁၅ ဆူခန့်အား နွမ်းပါးသည့် ဘိုးဘွားများစားဝတ်နေရေးအဆင်ပြေစေရေးအတွက် အလှူငွေနှင့်အိမ် ထောင်ပရိဘောဂတို့နှင့်အတူ လှူဒါန်းပေးသွားမည်ဖြစ်သည်ဟု သိရသည်။

“မတ် ၆ ရက်နေ့မနက်ပိုင်းမှာ ဆရာတော်တွေက ဆင်းတုတော် ၁၀၂ ဆူကို အခမ်းအနားနဲ့ အနေက ဇာတင်ပြီးရင် ဘုရားမဲပေါက်တဲ့သူတွေ ဘိုးဘွားတွေနဲ့ နွမ်းပါးသူတွေရဲ့အိမ်တွေကို ကျွန်တော်တို့အသင်းက ဆင်းတုတော်တွေကိုလိုက်ပြီးပို့ဆောင်လှူဒါန်းပေးသွားမှာပါ”ဟု ဥက္ကဋ္ဌကိုကိုအောင်ကပြောသည်။

(Zawgyi)

ဒလၿမိဳ႕နယ္အေျခစိုက္ ျဖဴစင္ေမတၱာပရဟိတအသင္းမွ ဗုဒၶဆင္းတုေတာ္ ၁၀၂ ဆူလႉဒါန္းမည္

ရန္ကုန္ၿမိဳ႕၊ဒလၿမိဳ႕နယ္၊က်န္စစ္သားရပ္ကြက္အ ေျခစိုက္ ျဖဴစင္ေမတၱာပရဟိတအသင္းမွ ႏြမ္းပါးသူမ်ားအား မတ္ ၆ ရက္တြင္ ဗုဒၶ႐ုပ္ပြားဆင္းတုေတာ္ ၁၀၂ ဆူ ခြဲေဝလႉဒါန္းေပးသြားမည္ျဖစ္ ေၾကာင္း သိရသည္။

ထိုသို႔ လႉဒါန္းရာတြင္ မတ္ ၅ ရက္ညပိုင္း၌ ဒလၿမိဳ႕၊ေအာင္ေတာ္မူေက်ာင္းတိုက္ဆရာေတာ္ဦးေတဇိႏၵမွတရားေတာ္မ်ားေဟာၾကားၿပီးေနာက္ ဗုဒၶ႐ုပ္ပြားဆင္းတုေတာ္ ၁၀၂ ဆူအနက္ ၂၀ ဆူအား တရားပြဲသို႔လာေရာက္သူမ်ားအတြက္ မဟာဒုတ္ဘုရားမဲေဖာက္၍ လႉဒါန္းေပးသြားမည္ျဖစ္ သည္။

“ကြၽန္ေတာ္တို႔ က်န္စစ္သားရပ္ကြက္နဲ႔အနီးအနားတစ္ဝိုက္ရပ္ကြက္ေတြမွာေနတဲ့ ႏြမ္းပါးသူေတြကို အိမ္တိုင္ရာေရာက္ခြဲေဝလႉဒါန္းေပးသြားမွာပါ တ ရားပြဲမွာ ဘုရားမဲေပါက္သူေတြကိုလည္း အိမ္တိုင္ ရာေရာက္ပင့္ေဆာင္လိုက္ပို႔ေပးမွာပါ”ဟုျဖဴစင္ေမတၱာပရဟိတအသင္း ဥကၠ႒ဦးကိုကိုေအာင္ကေျပာသည္။

အဆိုပါ ဗုဒၶ႐ုပ္ပြားဆင္းတုေတာ္ ၁၀၂ ဆူအနက္ အဆူ ၂၀ အား မဟာဒုတ္ဘုရားမဲေဖာက္ေပးမည့္အျပင္ က်န္ရွိသည့္ဆင္းတုေတာ္မ်ားအနက္ ၁၅ ဆူခန္႔အား ႏြမ္းပါးသည့္ ဘိုးဘြားမ်ားစားဝတ္ေနေရးအဆင္ေျပေစေရးအတြက္ အလႉေငြႏွင့္အိမ္ ေထာင္ပရိေဘာဂတို႔ႏွင့္အတူ လႉဒါန္းေပးသြားမည္ျဖစ္သည္ဟု သိရသည္။

“မတ္ ၆ ရက္ေန႔မနက္ပိုင္းမွာ ဆရာေတာ္ေတြက ဆင္းတုေတာ္ ၁၀၂ ဆူကို အခမ္းအနားနဲ႔ အေနက ဇာတင္ၿပီးရင္ ဘုရားမဲေပါက္တဲ့သူေတြ ဘိုးဘြားေတြနဲ႔ ႏြမ္းပါးသူေတြရဲ႕အိမ္ေတြကို ကြၽန္ေတာ္တို႔အသင္းက ဆင္းတုေတာ္ေတြကိုလိုက္ၿပီးပို႔ေဆာင္လႉဒါန္းေပးသြားမွာပါ”ဟု ဥကၠ႒ကိုကိုေအာင္ကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here