စစ်ကိုင်းတိုင်းရှိ မြို့နယ်အများစုတွင် အင်တာနက်လိုင်းပြတ်တောက်မှုများဖြစ်ပေါ်နေ

0
144

(Unicode)

စစ်ကိုင်းတိုင်းရှိ မြို့နယ်အများစုတွင် အင်တာနက်လိုင်းပြတ်တောက်မှုများဖြစ်ပေါ်နေ

စစ်ကိုင်းတိုင်းရှိ မြို့နယ်အများစုတွင် မတ် ၄ ရက် (ယနေ့)နံနက်အစောပိုင်းမှစတင်၍ အင်တာနက်လိုင်းများအသုံးပြနိုင်ခြင်းမရှိဘဲ ပြတ်တောက်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၃၇ မြို့နယ်အ နက် အင်တာနက်အသုံးပြု၍ရသည့် မြို့နယ်အ နည်းငယ်သာရှိပြီး ကျန်မြို့နယ်များအားလုံးတွင် အင်တာနက်လိုင်းပြတ်တောက်လျက်ရှိခြင်းဖြစ် သည်။

“မနက်အစောပိုင်းကစပြီး အင်တာနက်သုံးလို့မရတော့တာ အလုပ်ကိစ္စအတွက် ပို့စရာရှိတဲ့အချက် အလက်တွေပို့ဖို့လိုင်းဖွင့်တော့မှသိရတာ အင်တာနက်လိုင်းလုံးဝမတက်တော့ဘူး ကျွန်တော်ပဲဖြစ်နေတာလားထင်ပြီး ဖုန်းကိုပြန်စစ်ကြည့်တယ် ဒါလည်းမရဘူး တစ်ခြားလူတွေကိုမေးကြည့်တော့ သူတို့လည်း သုံးလို့မရဘူးအင်တာနက်လိုင်းမတက်ဘူးလို့ပြောတယ်”ဟုအင်တာနက်လိုင်းပြတ်တောက်နေသည့် မြို့နယ်မှဒေသခံတစ်ဦးကပြော သည်။

စစ်ကိုင်းတိုင်းအတွင်း အင်တာနက်လိုင်းများပြတ်တောက်လျက်ရှိသော်လည်း ဖုန်းပြောဆိုသည့် လိုင်းများမှာပြတ်တောက်ခြင်းမရှိဘဲ ဖုန်းပြော ဆို၍ရရှိနေလျက်ရှိသည်ဟု သိရသည်။

“ဖုန်းပြောလို့​တော့ရ​သေးတယ် အင်တာနက်ဖွင့်ပြီးလုပ်ရတဲ့လူတွေအတွက်ကတော့အဆင်မပြေတော့ဘူး ဘယ်အချိန်ထိဖြစ်မယ် ဘာ့ကြောင့်အင်တာနက်လိုင်းတွေပြတ်နေတယ်ဆိုတာကတော့မသိရသေးဘူး”ဟုဒေသခံတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများစု၌ အင်တာနက်လိုင်းများပြတ်တောက်နေသော်လည်း စစ်ကိုင်း၊ရွှေဘိုနှင့်မုံရွာမြို့နယ်တို့၌မူ အင်တာနက်လိုင်းများပြတ်တောက်မှုမရှိဘဲ အသုံးပြုရရှိနေသည်ဟု ဒေသခံများထံမှသိရသည်။

ထိုသို့ အသုံးပြုရရှိနေသော်လည်း Mytel နှင့် MPT ဆင်းကဒ်အင်တာနက်လိုင်းများသာအသုံးပြုရရှိနိုင်ကာ ကျန်ဖုန်းဆင်းကဒ်များမှာ အင်တာနက်အ သုံးပြု၍ မရကြောင်းသိရသည်။

(Zawgyi)

စစ္ကိုင္းတိုင္းရွိ ၿမိဳ႕နယ္အမ်ားစုတြင္ အင္တာနက္လိုင္းျပတ္ေတာက္မႈမ်ားျဖစ္ေပၚေန

စစ္ကိုင္းတိုင္းရွိ ၿမိဳ႕နယ္အမ်ားစုတြင္ မတ္ ၄ ရက္ (ယေန႔)နံနက္အေစာပိုင္းမွစတင္၍ အင္တာနက္လိုင္းမ်ားအသုံးျပႏိုင္ျခင္းမရွိဘဲ ျပတ္ေတာက္လ်က္ရွိသည္ဟု ေဒသခံမ်ားထံမွ သိရသည္။

စစ္ကိုင္းတိုင္းအတြင္းရွိ ၿမိဳ႕နယ္ ၃၇ ၿမိဳ႕နယ္အ နက္ အင္တာနက္အသုံးျပဳ၍ရသည့္ ၿမိဳ႕နယ္အ နည္းငယ္သာရွိၿပီး က်န္ၿမိဳ႕နယ္မ်ားအားလုံးတြင္ အင္တာနက္လိုင္းျပတ္ေတာက္လ်က္ရွိျခင္းျဖစ္ သည္။

“မနက္အေစာပိုင္းကစၿပီး အင္တာနက္သုံးလို႔မရေတာ့တာ အလုပ္ကိစၥအတြက္ ပို႔စရာရွိတဲ့အခ်က္ အလက္ေတြပို႔ဖို႔လိုင္းဖြင့္ေတာ့မွသိရတာ အင္တာနက္လိုင္းလုံးဝမတက္ေတာ့ဘူး ကြၽန္ေတာ္ပဲျဖစ္ေနတာလားထင္ၿပီး ဖုန္းကိုျပန္စစ္ၾကည့္တယ္ ဒါလည္းမရဘူး တစ္ျခားလူေတြကိုေမးၾကည့္ေတာ့ သူတို႔လည္း သုံးလို႔မရဘူးအင္တာနက္လိုင္းမတက္ဘူးလို႔ေျပာတယ္”ဟုအင္တာနက္လိုင္းျပတ္ေတာက္ေနသည့္ ၿမိဳ႕နယ္မွေဒသခံတစ္ဦးကေျပာ သည္။

စစ္ကိုင္းတိုင္းအတြင္း အင္တာနက္လိုင္းမ်ားျပတ္ေတာက္လ်က္ရွိေသာ္လည္း ဖုန္းေျပာဆိုသည့္ လိုင္းမ်ားမွာျပတ္ေတာက္ျခင္းမရွိဘဲ ဖုန္းေျပာ ဆို၍ရရွိေနလ်က္ရွိသည္ဟု သိရသည္။

“ဖုန္းေျပာလို႔​ေတာ့ရ​ေသးတယ္ အင္တာနက္ဖြင့္ၿပီးလုပ္ရတဲ့လူေတြအတြက္ကေတာ့အဆင္မေျပေတာ့ဘူး ဘယ္အခ်ိန္ထိျဖစ္မယ္ ဘာ့ေၾကာင့္အင္တာနက္လိုင္းေတြျပတ္ေနတယ္ဆိုတာကေတာ့မသိရေသးဘူး”ဟုေဒသခံတစ္ဦးကေျပာသည္။

စစ္ကိုင္းတိုင္းအတြင္းရွိ ၿမိဳ႕နယ္အမ်ားစု၌ အင္တာနက္လိုင္းမ်ားျပတ္ေတာက္ေနေသာ္လည္း စစ္ကိုင္း၊ေ႐ႊဘိုႏွင့္မုံ႐ြာၿမိဳ႕နယ္တို႔၌မူ အင္တာနက္လိုင္းမ်ားျပတ္ေတာက္မႈမရွိဘဲ အသုံးျပဳရရွိေနသည္ဟု ေဒသခံမ်ားထံမွသိရသည္။

ထိုသို႔ အသုံးျပဳရရွိေနေသာ္လည္း Mytel ႏွင့္ MPT ဆင္းကဒ္အင္တာနက္လိုင္းမ်ားသာအသုံးျပဳရရွိႏိုင္ကာ က်န္ဖုန္းဆင္းကဒ္မ်ားမွာ အင္တာနက္အ သုံးျပဳ၍ မရေၾကာင္းသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here