ဘားအံမြို့ရှိ KBZ ဘဏ်အား သေနတ်ပစ်ဖောက်ခြိမ်းခြောက်၍ ငွေကျပ်သိန်းထောင်ကျော် လု ယက်ခံရ

0
142

ဘားအံမြို့ရှိ KBZ ဘဏ်အား သေနတ်ပစ်ဖောက်ခြိမ်းခြောက်၍ ငွေကျပ်သိန်းထောင်ကျော် လု ယက်ခံရ

ကရင်ပြည်နယ်၊ဘားအံမြို့၊(၂)ရပ်ကွက်ရှိ KBZ ဘဏ် မတ် ၄ ရက်နေ့လည်ပိုင်းက သေနတ်ပစ်ဖောက်၍ ငွေကျပ်သိန်းထောင်ကျော်အား လု ယက်ယူဆောင်ခြင်းခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

KBZ ဘဏ်အတွင်းသို့ နေ့လည် ၃ နာရီကျော်ခန့်က အမည်မသိအမျိုးသားများက သေနတ်ကိုင်ဆောင်ဝင်ရောက်လာပြီးနောက် သေနတ်ပစ်ဖောက်၍ ငွေကျပ်သိန်းထောင်ကျော်အား လု ယက်ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။

“သေနတ်သံလည်းကြားတယ် မေးကြည့်တော့ ဘဏ်ဓားပြတိုက်ခံရတယ်လို့ သိရတာ ဘယ် လောက် ာပါသွားတယ်ဆိုတာကတော့မသိဘူး ကြားရသလောက်ကတော့ သိန်းထောင်ကျော်ပါသွားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

ဘဏ်အား ဓားပြတိုက်ခဲ့သူများသည် သေနတ် ၂ လက်ကိုင်ဆောင်ထားကာ နှာခေါင်းစည်းများတပ်ထားပြီး ငွေများအား လုယက်ယူဆောင်ပြီးနောက် ကားဖြင့်မောင်းနှင်ထွက်ပြေးသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

” CCTV တွေကိုလည်းဖျက်ဆီးသွားတယ် စစ်သားတွေ ရဲတွေကတော့ စစ်ဆေးတာတွေလုပ်နေကြတာပဲ”ဟုဒေသခံတစ်ဦးကပြောသည်။

အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ် ဆေးမှုများပြုလုပ်ပြီး မြို့အဝင်၊အထွက်များတွင်လည်း စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here