သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာ တော်ကြီးများနှင့်သီလရှင်၊လူပုဂ္ဂိုလ်များအား တပေါင်းလပြည့်နေ့၌ ဘွဲ့တံဆိပ်တော်များဆက် ကပ်မည်

0
249

သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာ တော်ကြီးများနှင့်သီလရှင်၊လူပုဂ္ဂိုလ်များအား တပေါင်းလပြည့်နေ့၌ ဘွဲ့တံဆိပ်တော်များဆက် ကပ်မည်

 

နစက မှဆက်ကပ်ပေးအပ်ချီးမြင့်သည့် ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာ တော်ကြီးများနှင့်သီလရှင်၊လူပုဂ္ဂိုလ်များအား မတ် ၁၆ ရက်(တပေါင်းလပြည့်နေ့)နေ့လည် ၁ နာ ရီတွင် ဆက်ကပ်ပေးအပ်ချီးမြှင့်သွားမည်ဖြစ် သည်။

သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာ တော်ကြီးများနှင့်သီလရှင်၊လူပုဂ္ဂိုလ် ၁၁၁ ပါး/ဦး တို့အား နေပြည်တော်ရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ အခမ်းအနားဖြင့် ဆက်ကပ်ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရဆရာ တော်ကြီးများဖြစ်သည့် အဘိဓဇမဟာရဠဂုရုဘွဲ့ တံဆိပ်တော်ရ ဆရာတော် ၉ ပါး၊အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်ရ ဆရာ တော်ကြီး ၈ ပါး၊အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၈ ပါးနှင့် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး ၂၃ ပါး တို့အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်သွားမည်ဖြစ်သည်။

အလားတူ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍတိ ဘွဲ့တံဆိပ်တော်ရသီလရှင်ဆရာကြီး ၃ ပါး၊အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၄၁ ပါး၊အဂ္ဂမဟာ ကမ္မဌာနာစရိယဘွဲ့တံဆိပ်တော်ရ ရဟန်း ၆ ပါး၊အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ် ၁ ဦးနှင့် အဂ္ဂမ ဟာ သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် ၂ ဦး တို့ကိုလည်း သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပေးအပ်ချီးမြှင့်သွားမည်ဖြစ် သည်။

အဆိုပါ အခမ်းအနားသို့ ကြွရောက်မည့် ရဟန်းသံဃာ ၁၀၇ ပါးနှင့်သီလရှင် ၃ ပါးအား နစက မှ မတ် ၁၄ ရက်တွင် သာသနာ့မဟာဗိမာန်တော်ကြီး ၌ နေ့ဆွမ်းဆက်ကပ်သွားမည်ဖြစ်သည်။

၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များအား ပြည်တွင်းမှဆရာတော် ၂၇၂ ပါး၊ ပြည်ပမှဆရာတော် ၁၂ ပါး(စုစုပေါင်း ၂၈၄ ပါး)၊သီလရှင်ဆရာကြီး ၄၁ ပါး၊လူပုဂ္ဂိုလ်များအနေဖြင့် ပြည်တွင်းမှ ၂၇ ဦး၊ပြည်ပမှ အမျိုးသမီး ၁ ဦး (စုစုပေါင်း ၂၈ ဦး)ရှိကြောင်း သိရသည်။

အဆိုပါ ၂၈ ဦးသည် သာသနာပြုဘွဲ့ရ ၉ ဦးနှင့် သာသနာနုဂ္ဂဟဘွဲ့ရ ၁၉ ဦးဖြစ်ပြီး ပြည်ပမှ ဘွဲ့တံ ဆိပ်ရအမျိုးသမီးသည် သာသနာပြုဘွဲ့ဖြစ်သည့် “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်ဖြစ်သည်။

အဆိုပါ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနား၌ ကြွရောက်လာကြသည့် ဆရာတော်ကြီးများ၊သံဃာ တော်များနှင့်သီလရှင်များအား ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

 

Zaw Gyi

သာသနာေတာ္ဆိုင္ရာဘြဲ႕တံဆိပ္ေတာ္ရ ဆရာ ေတာ္ႀကီးမ်ားႏွင့္သီလရွင္၊လူပုဂၢိဳလ္မ်ားအား တေပါင္းလျပည့္ေန႔၌ ဘြဲ႕တံဆိပ္ေတာ္မ်ားဆက္ ကပ္မည္

နစက မွဆက္ကပ္ေပးအပ္ခ်ီးျမင့္သည့္ ၂၀၂၂ ခုႏွစ္ သာသနာေတာ္ဆိုင္ရာဘြဲ႕တံဆိပ္ေတာ္ရ ဆရာ ေတာ္ႀကီးမ်ားႏွင့္သီလရွင္၊လူပုဂၢိဳလ္မ်ားအား မတ္ ၁၆ ရက္(တေပါင္းလျပည့္ေန႔)ေန႔လည္ ၁ နာ ရီတြင္ ဆက္ကပ္ေပးအပ္ခ်ီးျမႇင့္သြားမည္ျဖစ္ သည္။

သာသနာေတာ္ဆိုင္ရာဘြဲ႕တံဆိပ္ေတာ္ရ ဆရာ ေတာ္ႀကီးမ်ားႏွင့္သီလရွင္၊လူပုဂၢိဳလ္ ၁၁၁ ပါး/ဦး တို႔အား ေနျပည္ေတာ္ရွိ သာသနာ့မဟာဗိမာန္ေတာ္ႀကီး၌ အခမ္းအနားျဖင့္ ဆက္ကပ္ေပးအပ္ခ်ီးျမႇင့္သြားမည္ျဖစ္သည္။

သာသနာေတာ္ဆိုင္ရာဘြဲ႕တံဆိပ္ေတာ္ရဆရာ ေတာ္ႀကီးမ်ားျဖစ္သည့္ အဘိဓဇမဟာရဠဂု႐ုဘြဲ႕ တံဆိပ္ေတာ္ရ ဆရာေတာ္ ၉ ပါး၊အဘိဓဇ အဂၢမဟာသဒၶမၼေဇာတိကဘြဲ႕တံဆိပ္ေတာ္ရ ဆရာ ေတာ္ႀကီး ၈ ပါး၊အဂၢမဟာပ႑ိတဘြဲ႕တံဆိပ္ေတာ္ရ ဆရာေတာ္ႀကီး ၁၈ ပါးႏွင့္ အဂၢမဟာ ဂႏၴဝါစကပ႑ိတ ဘြဲ႕တံဆိပ္ေတာ္ရဆရာေတာ္ႀကီး ၂၃ ပါး တို႔အား ဘြဲ႕တံဆိပ္ေတာ္မ်ား ဆက္ကပ္သြားမည္ျဖစ္သည္။

အလားတူ အဂၢမဟာ ဂႏၴဝါစကပ႑တိ ဘြဲ႕တံဆိပ္ေတာ္ရသီလရွင္ဆရာႀကီး ၃ ပါး၊အဂၢမဟာသဒၵမၼေဇာတိကဓဇ ဘြဲ႕တံဆိပ္ေတာ္ရ ဆရာေတာ္ႀကီး ၄၁ ပါး၊အဂၢမဟာ ကမၼဌာနာစရိယဘြဲ႕တံဆိပ္ေတာ္ရ ရဟန္း ၆ ပါး၊အဂၢမဟာသီရိသုဓမၼ မဏိေဇာတဓရ ဘြဲ႕တံဆိပ္ေတာ္ရ လူပုဂၢိဳလ္ ၁ ဦးႏွင့္ အဂၢမ ဟာ သီရိသုဓမၼသိဂႌဘြဲ႕တံဆိပ္ရ လူပုဂၢိဳလ္ ၂ ဦး တို႔ကိုလည္း သာသနာေတာ္ဆိုင္ရာဘြဲ႕တံဆိပ္ေတာ္မ်ား ဆက္ကပ္ေပးအပ္ခ်ီးျမႇင့္သြားမည္ျဖစ္ သည္။

အဆိုပါ အခမ္းအနားသို႔ ႂကြေရာက္မည့္ ရဟန္းသံဃာ ၁၀၇ ပါးႏွင့္သီလရွင္ ၃ ပါးအား နစက မွ မတ္ ၁၄ ရက္တြင္ သာသနာ့မဟာဗိမာန္ေတာ္ႀကီး ၌ ေန႔ဆြမ္းဆက္ကပ္သြားမည္ျဖစ္သည္။

၂၀၂၂ ခုႏွစ္ သာသနာေတာ္ဆိုင္ရာဘြဲ႕တံဆိပ္ေတာ္မ်ားအား ျပည္တြင္းမွဆရာေတာ္ ၂၇၂ ပါး၊ ျပည္ပမွဆရာေတာ္ ၁၂ ပါး(စုစုေပါင္း ၂၈၄ ပါး)၊သီလရွင္ဆရာႀကီး ၄၁ ပါး၊လူပုဂၢိဳလ္မ်ားအေနျဖင့္ ျပည္တြင္းမွ ၂၇ ဦး၊ျပည္ပမွ အမ်ိဳးသမီး ၁ ဦး (စုစုေပါင္း ၂၈ ဦး)ရွိေၾကာင္း သိရသည္။

အဆိုပါ ၂၈ ဦးသည္ သာသနာျပဳဘြဲ႕ရ ၉ ဦးႏွင့္ သာသနာႏုဂၢဟဘြဲ႕ရ ၁၉ ဦးျဖစ္ၿပီး ျပည္ပမွ ဘြဲ႕တံ ဆိပ္ရအမ်ိဳးသမီးသည္ သာသနာျပဳဘြဲ႕ျဖစ္သည့္ “မဟာသဒၶမၼေဇာတိကဓဇ” ဘြဲ႕တံဆိပ္ျဖစ္သည္။

အဆိုပါ သာသနာေတာ္ဆိုင္ရာဘြဲ႕တံဆိပ္ေတာ္ ဆက္ကပ္ေပးအပ္ခ်ီးျမႇင့္ျခင္းအခမ္းအနား၌ ႂကြေရာက္လာၾကသည့္ ဆရာေတာ္ႀကီးမ်ား၊သံဃာ ေတာ္မ်ားႏွင့္သီလရွင္မ်ားအား ဆြမ္းဆန္ေတာ္မ်ား ဆက္ကပ္လႉဒါန္းသြားမည္ျဖစ္ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here