တောင်တွင်းကြီးမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

0
190

တောင်တွင်းကြီးမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

မကွေးတိုင်း၊တောင်တွင်းကြီးမြို့နယ်၊ချင်းသပြေ ပင်ကျေးရွာ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဖြစ်သည့် ဦးနန်းတင်သည် မတ် ၄ ရက်ညပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးနန်းတင်နှင့် စစ်တပ် နှင့်နီးစပ်သူတစ်ဦးဖြစ်သည့် ဦးဌေးမောင်တို့အား ယင်းနေ့ည ၈ နာရီခွဲခန့်က အမည်မသိအမျိုးသားများက သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပစ်ခတ်ခံရမှုကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးနန်းတင်နှင့်ဦးဌေးမောင်တို့၌ ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

“နှစ်ယောက်လုံးကတော့သေသွားတယ် ရပ်ရွာကိစ္စတိုင်ပင်နေတုန်း ပစ်ခံရတယ်လို့တော့ကြားတယ် ညကတော့ စစ်သားတွေရဲတွေကတစ်ရွာလုံးနီးပါးကိုလိုက်စစ်နေကြတာပဲ”ဟုဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်ဖြစ်ပွားခဲ့သည့် ချင်းသပြေပင်ကျေးရွာအား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြု လုပ်ခဲ့ကြသည်ဟု ဒေသခံများထံမှ သိရသည်။

Zaw Gyi

ေတာင္တြင္းႀကီးၿမိဳ႕နယ္တြင္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးတစ္ဦး ပစ္သတ္ခံရ

မေကြးတိုင္း၊ေတာင္တြင္းႀကီးၿမိဳ႕နယ္၊ခ်င္းသေျပ ပင္ေက်း႐ြာ၏ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးျဖစ္သည့္ ဦးနန္းတင္သည္ မတ္ ၄ ရက္ညပိုင္းက ေသနတ္ျဖင့္ပစ္သတ္ခံခဲ့ရသည္ဟု ေဒသခံမ်ားထံမွ သိရသည္။

ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးဦးနန္းတင္ႏွင့္ စစ္တပ္ ႏွင့္နီးစပ္သူတစ္ဦးျဖစ္သည့္ ဦးေဌးေမာင္တို႔အား ယင္းေန႔ည ၈ နာရီခြဲခန္႔က အမည္မသိအမ်ိဳးသားမ်ားက ေသနတ္ျဖင့္ပစ္သတ္ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

ပစ္ခတ္ခံရမႈေၾကာင့္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးဦးနန္းတင္ႏွင့္ဦးေဌးေမာင္တို႔၌ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးခဲ့သည္ဟု ေဒသခံမ်ားထံမွသိရသည္။

“ႏွစ္ေယာက္လုံးကေတာ့ေသသြားတယ္ ရပ္႐ြာကိစၥတိုင္ပင္ေနတုန္း ပစ္ခံရတယ္လို႔ေတာ့ၾကားတယ္ ညကေတာ့ စစ္သားေတြရဲေတြကတစ္႐ြာလုံးနီးပါးကိုလိုက္စစ္ေနၾကတာပဲ”ဟုေဒသခံတစ္ဦးကေျပာသည္။

ျဖစ္စဥ္ျဖစ္ပြားခဲ့သည့္ ခ်င္းသေျပပင္ေက်း႐ြာအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက စစ္ေဆးမႈမ်ားျပဳ လုပ္ခဲ့ၾကသည္ဟု ေဒသခံမ်ားထံမွ သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here